Posts

Showing posts from 2013

လူလုပ်မှတ်ဉာဏ် - ၉

  အကွာအဝေး(၁)     ဒီဇင်ဘာဆီ နောက်ပြန်ရောက်သွားရပါဦးမည်။ ဒီဇင်ဘာသည် သံသရာအဆက်ဆက်အတိတ်တစ်ခုဖြစ်သလို သက်တန့်ရောင်မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ အရှေ့တိမ်တွေအရွေ့အတိုင်းသွားနေရာမှာ လည်ပတ်မှုကအနောက်ဆီသို့ ဦးတည်နေသော အခိုက်အတန့်။ ကြယ်တံခွန်လို အထိုက်အလျောက်စီးဆင်းခဲ့ဖူးသည်။ ဒီဇင်ဘာအရောက်တွင်တော့ တင်းထားသမျှခွန်အားများ ကျိန်စာပြယ်သလို ပျက်ပြယ်ခဲ့ရသည်။ မျက်ဝန်းများနောက်မှအလင်းကို တမက်တမော ရှာဖွေခဲ့မိသည်။ ဒီဇင်ဘာကိုယ်တိုင်သိပါသည်။ အလင်းကိုတွေ့သည်။ မျက်ဝန်းတွေကတော့ သံသရာတလျှောက် ပုန်းခိုထွက်ပြေးသွားဟန်တူသည်။ အဝေးဆီမှ Andromeda ကြယ်စင်စုကို အစားထိုးသတိတရစိတ်ဖြင့် ငေးကြည့်နေမိဆဲမှာပင် အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေးသို့ ရောက်လွင့်သွားခဲ့ရသည်။ သို့နှင့်ပင် အလင်းလိုနှင်းသည်းများကြားမှ ခရီးရှည်ချီကာ ဒီဇင်ဘာဆီနောက်ပြန်ရောက်သွားရပါဦးမည်။ အကွာအဝေး(၂) “အိန်ဂျယ်က ငါ့ကိုမှတ်မိသွားတယ် နှုတ်ခမ်းဝိုင်းလေး ဟသွားတယ် မျက်နက်ဝန်းလေး လွှဲသွားတယ် ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ဆွံ့အကျသွားသလို”     ကံကြမ္မာဆိုတဲ့ဟာက ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီးလည်း ရောက်ချလာတတ်တယ်။ ငါတို့ထိုင်နေတဲ့ကမ်းစပ်ဆီ မီးခိုးရောင်မီးခိ

primitive dome model

မြေအောက်လှိုဏ်ခေါင်းထဲ တရှိန်ထိုးတွားသွားနေတဲ့ ရထားတစ်စင်းလို ။ လက်ဖမိုးပေါ် ဖိညှစ်ထားတယ် ။ ဝတ်လွှာအောက်က ဝတ်ရုံအောက်မှာ သွေးခုန်နှုန်း ခိုက်ချက်တစ်ချက်ထိ ။ လိုရာသုံးဝါစင်္ဂပဲ ကိုယ့်ဆရာ ။ ဆေးရုံပေါ်မှာ ရတဲ့ရနံ့ကို သိပ်ကြိုက်တာပဲ ။ အတွေးကိုမီးရှို့ပြီးရလာတဲ့ ပြာမှုန်စတွေကို ငါ အသေအချာသိမ်းထား ။ အလျင်တစ်ခုဟာ ။ အမြဲလို ။ ရေစက်လက်ကျနေတဲ့ နံရံက ကြမ်းခင်းကို လှမ်းအော်တယ် ။ သံသရာအဆက်ဆက် ညွတ်ကိုင်းရပါလို၏ ။ ညောင်ရွက်တွေဆီ ဆုတောင်းတယ် ။ ဗဟိုဦးစီးစနစ်တစ်လှည့် တော်လှန်ရေးစနစ်တစ်လှည့် ။ ကာလတာရှည် သမိုင်း ။ မီးတောက်တစ်တောက်မဟုတ်ဘူး ။ မီးစတစ်ပေါက်က စခဲ့တာ ။ ငါတို့ဟာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်ခံဆိတ်တွေ ။ အပတ်တကုတ်ချီတက်လော့ ။ သွေးရည်ကြည်တွေခဲပြီး သွေးမတိတ်တော့ ။ တန်ဖိုးဆိုတာ ငါ့အတွေးထဲမှာ တည်မှီတယ် ။ ၆ လှမ်းလျှောက်ပြီး လဲကျတော့ ချီတက်သူတွေရဲ့အပြစ်ပေါ့ ။ လှံရှည်ကိုင်မြင်းတပ်ရဲ့ ဘာသာစကားအလုပ်ပေါ့ ။ အဝေးရောင်မီးပြတိုက်နဖူးစီးမှာ ဇီဝဆိုင်ရာတားမြစ်ချက်တွေ ။ Amen ငါ့သံသရာကို ယူ ခေါက်သိမ်းထားပေးမယ်မလား ။ ဒီလိုပုံစံခွက်ပါ ။ အထီးကျန်နိုင်မှုက အထီးကျန်ဆန်မှုမဟုတ်မှန်း တခမ်းတနား သိလာရ ။ မျက်လုံးဖ

အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ

*အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ* ကြိုးပေါ်တန်းထားတဲ့ တကယ့်အစစ်အမှန်လက်တွေ့ ။ ဆံနွယ်ခွေချထားတာကအဆုံး ပိတ်ထားလို့ရတဲ့အသံနဲ့ ပိတ်မထားတဲ့အသံ တိုက်ဆိုင်ထားတဲ့ ခန်းမကျယ်ထဲ အမွှေးအမျှင်တွေက ခဲရောင်တစ်ကိုယ်လုံးကို အုပ်သွားတယ် သွေးအေးနဂါးငွေ့တန်းတွေမှာ ကံတရားရှိမလား ငါမယုံကြည်ဘူး ။ အဲ့ဒီလိုမျိုး ရတယ်မလား ။ Surplus Hardisk ပေါ်သိုမှီးထားတယ် အလံတော်အောက်က သစ္စာ သူ ငယ်ငယ်က ကျွန်တော် ။ အတိတ်ဆိတ်ဆုံး တောက်ပပြရမလား အတောက်ပဆုံး တိတ်ဆိတ်ပြရမလား ။ ကျွန်တော် ငယ်ငယ်က သူ ဂငယ်ကွေ့ တွေးနေတုန်း လက်ရှိ နှစ်ဆယ် မနေ့က နှစ်ဆယ် မနက်ဖြန် Y:\\--- ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ စိမ်းသွားတာ (syntax shifts) ကိုယ်တိုင်မြင်ခဲ့ရ ဗလာဟင်းလင်း မြေပြင်ပေါ်မှာ လဲလျောင်းနေရ ။ မိုးစက်မိုးပေါက်တွေကနေ ကာထားရ ဟုတ်ပါတယ် တံတိုင်းတွေပြိုသွားတာ ဘာအကြံအစည်မှ မရှိဘူး ဒီအသက်ဒီအရွယ်က အမြဲတမ်း Under Construction စင်ပေါ်ကအရောင်တွေ ။ စင်ပေါ်ကလူတွေ ။ ငါတို့အကုန်လုံး Noah ရဲ့ လှေကြီးပေါ် အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ Jesus of Suburbia သီချင်းကို ၉ မိနစ်

အဲဒါ ငါမဟုတ်ဘူးလို့ ငါငြင်းတယ်

သစ္စာတရားကသာ မင်းကို မိသားစု ဖြစ်စေနိုင်တာ မိုးခိုရင်း မိုးစိုနေကုန်ပြီမို့လား တစ်ယောက်တစ်လက်စီလှည့် ဟောဒါ ပင်လယ်ကွေ့ ဟောဒါ ကွန်ရက်ဇုန် ဟောဒါ အဝန်းအဝိုင်းရာစုသစ် စာသားသက်သက် တည်ထားတဲ့ဝန်းကျင်တွေက အန္တရာယ်စက်ဝန်းထဲအရွေ့ ထိုးသွင်းထားတဲ့ ဆက်ကြောင်းက တစ်လိုင်းကန်ပြီး တစ်လိုင်းခုန်တက်လာ ဦးခေါင်းခွံပေါ်က သံခမောက်ကို အသင့်ပြင်အနေအထားအရ လီနီယာအတိုင်းမရောက်ဘူး လီနီယာအတိုင်းသွားတယ် မင်းကိုဘယ်သူမှမပေးဘူး လက်ထဲကနံရံကို ပင့်တင်ထားလိုက် ချည်ကြိုးနဲ့ကာထားတဲ့ ချည်တိုင်အရွေ့ကို စောင့်ဆိုင်းတိတ်ဆိတ်ရင်း ငါဟာ အခြားသဏ္ဍာန်တစ်ခုကို အသွင်ပြောင်းရင်း ကြယ်ဆက်ကြောင်းတွေ အက်ကွဲနေတယ် ငါ အိမ်မပြန်ချင်ဘူး တိမ်းလွယ်ညွတ်လွယ် အရေပြားတွေ ဆက်တိုက်လိုက်လာတယ် ဘယ်လိုအရာမှ မထိုက်သင့်ဘူး နွေရာသီက ငါတို့နာကျင်မှုတွေကို မြုပ်နှံထားတာ မြင်ထောင့်ပေါ် လိုက်ပြောင်းသွားတဲ့ တသီးတခြားသံသရာ မျဉ်းကွေးအတိုင်း တွေးခေါ်တယ် တတိယနာမ်စားကို သီးခြားကမ္ဘာတစ်ခု ၊ လွတ်မြောက်မှုက အခြားကမ္ဘာ စက်ရုံထဲမှာ စွန့်ပစ်စာသား - ငါမဟုတ်တာကို ငါ ကျိန်ဆိုပါတယ် ယုတ္တိမတန်တဲ့ကျိန်စာက ခရမ်းပြာရောင် ငါ့မှတ်ဉာဏ်တွေ     ပိုင်ဉာဏ်     13th O

အလုံပိတ်ဥမင်တစ်လျှောက် တစ်ညလုံးပြေးနေ

သံဇကာကွက်ကို လွန်းပျံပုံပေါ်အောင် ယှက်ဖောက်ထားတဲ့ အမျှင်တွေကြား လျှပ်တိုက်လျှောက်သွားတဲ့ စကားသံတွေကို ဖမ်းဆုပ်ယူနိုင်စွမ်း လဝန်းရဲ့အချင်းဟာ သစ်ကိုင်းခက်တွေရဲ့အနားကို တိတိရိရိ ပိုင်းထားတယ်။ အချိန်တစ်ခုရောက်တဲ့အထိ စိမ်းလန်းမလို့ဆို အမှောင်ထုကို ငှက်နက်တွေရဲ့ တောင်ပံနဲ့ ဖြည်းဖြည်းချင်း ခြစ်ထုတ်ပါးလျမခံရခင်အထိ တိမ်ထူတွေက စက်တင်ဘာထဲ ဝင်သွားပြီး အနောက်လေတွေက စက်တင်ဘာထဲက ပြန်ထွက်လာတာ။ အဲဒီလိုနဲ့ ပြီးဆုံးပျောက်ကွယ်သွားရခြင်းတွေရဲ့ နောက်တစ်ဖန် လျှို့ဝှက်သိမ်မွေ့မှုက ကျကျနနလှည့်စားပြန်ဦးမှာ။ လူရဲ့မှော်အတတ်ဟာ လူကို ကျော်လွန်သွားခဲ့တယ်။ ဆောင်းဦးရာသီ ကုန်သွားတဲ့အထိ လမ်းတွေက ကောက်ကွေ့နေ။ အစွန်းရောက်မျှော်လင့်ခြင်းအတတ်နဲ့ ဆွဲစုပ်ယူသွားခံရမယ့် လိပ်ပြာရောင်စုံတွေလည်း တဖျတ်ဖျတ်ပျံသန်းလို့ လည်ပတ်မှုက အရှေ့ဖြစ်ပြီး ရွေ့လျားမှုက နောက်ကို ဖြစ်နေတဲ့ကာလ ငါ့ရဲ့ဓါးရှည်တစ်လက်လိုမင်းရဲ့ကန္တာရ ငါတိုက်ပွဲဝင်ပါတယ်။ သံသရာအချင်းချင်းထိခတ်သွားတဲ့ လမ်းမှာ ပန်းတွေပွင့်ကိန်းလည်းရှိတယ်။ ငါ့ ကရကဋ်သံသရာက ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ရိုးသားမှုကို ယုံပါ။ စိတ်မှန်းနဲ့ ခြယ်ထားတဲ့ဆေးရောင်တွေထဲက ညတစ်ညရဲ့အမျှင်တွေက တ

လက်ရက်လွယ်အိတ်

ငါ့လွယ်အိတ်ကြီးထဲ နင့်တစ်ကိုယ်ရည်မီးတောက် ထည့်သိမ်းထားလို့ဆန့်တယ် အဖြစ်တစ်ခုမှာ ငါက တစ်နေရာမှာပဲ ရှိနေတာ ငါ့ဝန်းကျင်က လူတွေ လမ်းတွေ တိုက်တာတွေ ယာဉ်တွေ အရမ်းအမြန်ကြီး ဖြတ်ပျံသွား လွယ်အိတ်ကြီးထဲမှာ သိမ်းထားပါတယ် ခုထိရှိသေးတယ် နင့်စံတော်ချိန်မှာ မိုးရွာတယ် ဆိုတဲ့ / စိုတဲ့စာသား ဟိုးအဝေးမိုင်တွေဆီ စိတ်တွေမလွှင့်ဖူးဘူး တစ်ကိုယ်သုံးကွန်ပျူတာထဲက ငါ့အတိတ်က လက်ရှိငါ ပြန်ပြန်ဖြစ်နေတာမျိုး စာသားတွေက အတိတ်ဖြစ်သွားပြီး သတိရခြင်းက လက်ရှိအချိန်ဆီ ပြန်ရောက်လာတာမျိုး ငါ့လွယ်အိတ်ကြီး ကျကွဲဖူးပါတယ် နင်က ကိုယ်ယောင်ဖျောက်ထားတယ် သိစိတ်နဲ့ပေါင်းလိုက်တော့ သတိရခြင်းက ငါ့ကို ပိုလောင်တယ်       ပိုင်ဉာဏ်     2nd September 2013

ဆက်ကွင်းများဘက်ကအခြမ်း

(၁) ပိုပြီး သန့်စင်ကြည်လင်တဲ့ အစိတ်အပိုင်းဆီ နံရံတစ်လျှောက် ပိုင်းဖြတ်ထားတဲ့ နေ့တွေက ရက်သတ္တပတ်တွေ တစ်ရာသီပြီး နံရိုးတစ်လျှောက် တိုးဖွခေါ်သံ ပစ်ပယ်မှုတွေများလာတော့ ရပ်တန့်ပစ်လိုက်တဲ့ပုံစံတွေ ပါရာဒိုင်းကိုရွှေ့မို့ လက်ထဲက ထိန်းချုပ်ခလုတ်ခုံမှာ ပညာရပ်ဆန်ဆန်နာကျင်မှုသို့ ချိန်မှတ်နာရီတစ် နားစည်နံရံကို ထိရိုက်မိသမျှထဲ ထိခိုက်မိသမျှ ထိကျန်ခဲ့တဲ့ စာသားတွေက စတင်သင်ကြားပါတယ် ခုန်စရာနေရာမရှိတာ ပျံသန်းမှုအခြေပြု ဇာတ်ဆောင်သဘော သက်ရောက်နေစွမ်းအင်ကဏ္ဍအတွက် လိုင်းများက လူများကို ခေါ်ဆောင်ပြီး လူများက လိုင်းများ အနက်ရောင်ဒြပ်ဆွဲအားက နိုင်ငံတည်ဆောက်ရေး အတွေးအမြင်ကျရုပ် ဖြစ်တည်တယ် တစ်ခါပြန် အလည်အပတ် သီးသန့်စိတ်ရုပ် ချာတိတ်ဘဝမှာ ကြည်လင်ပါတယ် မနေ့က ပင်လယ်ကွေ့ဆီ ရောက်တယ် နာမ်ရုပ်ပဲရှိတယ် မြို့ပြကိုဖြတ်ပြီး လေအေးစီးကြောင်းရောက်လာတယ် ကမ္ဘာလုံးဆိုင်ရာ လူမှုစနစ်တစ်ခုလုံးက သမုတိသစ္စာတရား (၂) ကျွန်တော့်ကို မမြင်ရတဲ့ယာဉ်တစ်စင်း တိုက်သွားတယ် မမြင်ရပေမယ့် ယာဉ်ဆိုတာတော့ ကျွန်တော်သေချာတယ် တိုက်ခံရတာ ကျွန်တော်ဆိုတာလည်း သေချာတယ် ထင်တယ် ဒီ့ထက်မပိုဘူး ဒီ့ထက်မလျော့ဘူး ဒီပွိုင့်မှာ တန်းနေတာ ဖြစ်စဉ်တစ်ခုလု

လူလုပ်မှတ်ဉာဏ် - ၈

ရေငုပ်သင်္ဘောတစ်စင်း ကျွန်တော့်အိမ်တံခါးဝ ရောက်လာတယ်မဟုတ်လား။ မဟုတ်ပါဘူးဗျာ။ ခင်ဗျားပဲစစ်ကြည့်လိုက်ပါ။ ယူဘုတ်လားဆိုတာ။ လရောင်ဆိုနာတာ။ အိပ်မက်တစ်ခုမက်ဖို့ အိပ်ခြင်းတရား လိုတာပဲ။ အပြန်ပြန်အထပ်ထပ် လေ့ကျင့်သင်ယူခြင်းမှ လွတ်ကင်းရာ။ နာဗားနားက တစ်နေရာ ကိုယ်ကတစ်ခု သိမှုအာရုံနတ္ထိနဲ့ အကြေးခွံမာဖြစ်တည်မှု။ သမိုင်းစဉ်ဟာ တစ်ပတ်လည်တယ်။ နှစ်ပတ်လည်တယ် ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်အဖြစ်။ နှစ်ပေါက်တဲ့အထိ နှစ်သစ်မကူးကြသေးဘူး။ ဤ၊သည်၊ထို၊၎င်း၊ယင်း အခြားစပေ့စ်။ ခြုံထည်ထဲကလက်ထဲမှာ မှော်ကြိမ်လုံးကို တင်းတင်းဆုပ်ကိုင်ထားတယ်။ မီးခိုးငွေ့တလူလူနဲ့ သံထည်ရထားကြီး ကျွန်မရှေ့မှာ။ အော့ဇ်ဝဇ်ကို အလည်အပတ်ပဲ သွားပါရစေရှင်။ တိုက်ခိုက်ရေးတပ်စု၏ အထူးစစ်ဆင်ရေးမှာ အကျအဆုံး ၄၇ ရာခိုင်နှုန်း။ ဤခရီးနီးလာပြီ - ခြေလျင်လာရ၏ - စစ်ပွဲအသစ်ပါသလား - ကျင့်ဝတ်အတုံးများ ယူလာပါသည်။ တရားရေးနည်းလမ်းအရ ရှင်းလင်းဖို့ လိုပါသေးတယ် အချိန် ၊ စပေ့စ် ။ ငါးတွေက တိတ်ဆိတ်လွန်းတယ်။ ငါက သွေးအေးသတ္တဝါပါ အိန်ဂျယ်။ အရင်လိုပဲ နင့်ဓာတ်ပုံလေးက ငါ့ကိုငြိမ်းချမ်းစေတယ်။ ငါ့မှာ နင့်ဆီက ငြိမ်းချမ်းမှုပဲလိုတာ။ ရီဆိုင်ကယ်လုပ်သင့်တဲ့ စည်းနှောင်မှုတွေကို ငါ

private killing fields mod

သေခြင်းတရားက လှပါတယ် သေခြင်းဟာ တရားလှပါတယ် အသေမတရားဘူး အမေက တရားတော်အလိုအရပါပဲ အရင်းအမြစ်ထိသွားဖို့ အရင်းအမြစ်အထိကြွယ်ဝတဲ့ နည်းပညာအရင်းအမြစ် ခေတ်ကြီးကို စားသုံးနေကြတဲ့စားသုံးသူခေတ် နောက် ပိုင်းလာမယ့် အနာဂတ်မှာ လာမယ့်အနာဂတ်ဟာ ဘယ်လိုရှိမှာလဲ အသေစားအသေခံ သတ္တဗေဒတွေရဲ့ မဖြစ်မနေအရွေ့အလျား သတ္တဝါ ။ တစ်ယောက်ရဲ့ social hub ဟာ တစ်ယောက်ရဲ့ အနားသတ်အစွန်း ရောက်ဖို့ ကိုယ်ပိုင်သတ်ကွင်းတစ်ခုအတွက် လိုက်နာရန် နည်းဥပဒေများ အပိုဒ်ခွဲ - ၃ ပုဒ်မ - ၄(စ) အရ ဘာခက်တာလိုက်လို့ ပင်လယ်ကွေ့နဲ့ ပင်လယ်ဝကိုပိတ်ရင် ပင်လယ်အော်သွားမှာပေါ့ ။ တရားတော်အလိုအရပါပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထား သဘောသဘာဝ ပတ်ဝန်းကျင် အလိုဆန္ဒဟာ လူလုပ်စစ် Vs သဘာဝလွန်စစ် တစ်ယောက်ရဲ့ အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ တစ်ခုခုကိုစွဲလမ်းတာမျိုးသည် နောက်ကြောင်းပြန်သဘော အနက်ပြန်ဆိုခြင်း၏ အကြောင်းအရာပုံစံ အတိုင်း as good as dead ငါတို့ဟာ ဘယ်တော့မှ ပြန်မဆက်တော့တဲ့ ဂျစ်ဆောချပ်တစ်ခုစီ တွေး     ပိုင်ဉာဏ်     1st August, 2013

အိပ်မပျော်ခင် အရောက်သွားရမယ့်မိုင်တွေ

အဝိုင်းကြီးထဲတစ်ပတ် အဝိုင်းလေးထဲတစ်ပတ် လူဟာ တစ်ခုခုကိုတော့ ကိုးကွယ်နေရတာပဲမဟုတ်လား (ကြုံသလိုပေါ့) beep - beep ငါတို့နှစ်ယောက်ကြား ဆက်သွယ်မထားတဲ့ အဝေးပြေးလမ်းမတွေ ခင်ဗျားတို့ ဘယ်လောက်ငြင်းငြင်း နဂါးငွေ့တန်းအဟောင်းတွေထဲ ပိတ်မိနေကြတာပါပဲ ခင်ဗျားတို့ဆီရောက်မှ လူသားဆန်မှုဟာ ဘယ်သူ့လက်ချက်လဲ ထက်ပိုင်းကျိုး ဘယ်သူ့အရိပ်နဲ့မှ မလွတ်ဘူး ။ ဘယ်ဝါ့အရိပ်နဲ့မှ လွတ်အောင်မနေဘူး ။ /တနင်္ဂနွေညမှာ မီးအိမ်တွေကို လိုက်ထွန်းတယ်/ /သတိရစိတ်တွေ လင်းလာတယ်/ အိပ်မောကျခြင်းက နမိတ်ပုံတစ်ခု ။ မိုင်တိုင်တွေက နမိတ်ပုံတစ်ခု ။ ပေါင်းရှစ်ယောက် ဂေါက်ရိုက်သူ သုံးနေကျစာသားတွေက အဓိပ္ပါယ်မပြည့်မစုံတဲ့ prototype စာသားတွေ ဒီလိပ်စာကဒ်မှာ မျိုးရိုးအမည်မပါရှိ           beep - beep ဒီလိုပါ ။ ငါတို့ဟာ တစ်ခုခုကိုတော့ တော်လှန်နေရမှာပဲ ။ ဖြစ်သလိုပေါ့ ။           သမိုင်းဝင် စာသားတော်လှန်ရေးကာလတုန်းကပေါ့            (...တီ...) ဆောရီးဗျာ ဒီတိုင်းဒီပြည်ကို ဒီအဟောင်းဈေးနဲ့ရောင်းသွားပြီ ဒါကဒီလိုပါ ဒီတစ်ကြောင်းလုံးရဲ့ အသက်ဟာ ဒီတစ်ကျောင်းလုံးရဲ့အသက်ပဲ ဒီနေရာမှာ ရဲရင့်သူတွေ လဲလျောင်းတယ် Here lie the brave အိမ်အပြန် နောက်ဆုံးရထာ

ဇီဝခန္ဓာတစ်ခု ဇီဝစိတ်တစ်စုံ ဘာသာစကားပဋိဇီဝ

နာမ်ပါမလာတဲ့ရုပ်ဝတ္ထုဝါဒီတစ်ယောက်အတွက် ပဋိဇီဝ အဘိဓမ္မာတိုင်း၌ လူတန်းစားအမြင်ရှိသည် ။ ကျွနု်ပ်၏ကြိုးပမ်းမှု ဗဟိုဌာနလက်အောက်ခံ နည်းပညာအခြေခံ confessional way of thinking ကွန်တွေကို ဖြန့်ထားပြီးမှတော့ ကွန်တွေကို ပြန်သိမ်းရုံသိမ်းဆည်း ခင်ဗျားတို့ရဲ့ဘာသာစကားက ဒီလိုအလုပ်မလုပ်ဘူး ။ ကျုပ်တို့ရဲ့ ဘာသာစကားအရေးပါမှု ရုပ်သံချန်နယ်တွေက ငါတို့ရဲ့ဇီဝခန္ဓာတွေကို လှည့်ဖျားနေတယ်။ ငါ့မှာ နင်တစ်ယောက်ပဲ ရှိခဲ့တာ။ ဒါတွေဒီလိုမလုပ်နဲ့။ နင့်ရဲ့ဖြစ်တည်မှုဟာ ငါ့ရဲ့အသက်ဇီဝအရင်းအမြစ်။ ငါ့ဘေးပတ်လည်က လူမှုဝန်းကျင်တစ်ခုလုံးနီးပါးက ယုံရခက်ကြီး။ အချိန် ၊ ဇုန် ၊ ကွာဝေးမှုတစ်ခုခု။ စံတော်ချိန်တစ်ခုတည်းမှာ ငါတစ်ယောက်တည်း jet lag။ ပကတိအတိုင်းမြင်နေရတယ်။ ပကတိအတိုင်းသိနေရတယ်။ အရာအားလုံးထက်ပိုပြီး ၊ ဇီဝနာရီကိုရပ်တန့်ထားပုံရနေတယ်။ တစ်စုံတစ်ယောက်ကို၊ ငါမသိတဲ့တစ်စုံတစ်ယောက်ကို၊ တိတ်ဆိတ်မှုတွေက ငါ့ကိုကန်းသွားစေခဲ့တဲ့ကြိုဟောစာတမ်း။        မင်းရောက်နေတဲ့နေရာမှာ ဘယ်အချိန်ရှိပြီလဲ        မေးရိုးမေးစဉ်ဘာသာစကားက ဒါလောက်ပဲ        နည်းပညာအခြေခံဘာသာစကားနဲ့ အစဉ်အလာစည်းရိုးထဲကဘာသာစကား        ရုံတင်ပြသနေတဲ့ ပဋိဇီဝတွေရဲ့ အနေအထ

လူလုပ်မှတ်ဉာဏ် - ၇

အဖုံးမရှိ အပွင့်မရှိ တစ်လျှောက်လုံးလျှောက်ပြီး ကမ်းခြေဆီဆင်းတယ် တစ်နေ့လုံး D-Day တစ်ညလုံး D-Day လေယာဉ်ပစ်အမြောက်တွေအတွက် ကောင်းကင်ငှားပါ မြို့တော်က ခဏတိုင်းမှာ အဏုဇီဝအလင်းတွေ မြိုထားတယ် မြို့သားတွေ သိချင်မှသိမှာ ထင်ရှားသည့်အမှတ်အသား ယာယီပျောက်ဆုံး ခေတ်ပေါ်စီရင်ထုံးအရ ခေတ်ပြိုင်သမုဒ္ဒရာပေါ် လေရိပ်မိုးရိပ်ပြယ်သွားမယ့် တစ်နေ့ melodrama လေထုထဲ ကျွန်တော်ဟာ ဘာကြောင့် မှတ်ဉာဏ်တစ်စ ဟုတ်/မဟုတ်     ပိုင်ဉာဏ်     7th July, 2013

အကြောင်းအရာပုံစံ recycle အရေးအသားပုံစံ recycle

အကြောင်းအရာက ပလတ်စတစ်အကြည်သား ။ ကျောက်ဆစ်ရုပ်ဟာ အငွေ့တထောင်းထောင်းနဲ့ ကျဆုံး ။ ဥယျာဉ်ခြံမြေမရှိတဲ့ သစ်ပင်ဟာ ကိုယ်ဖြစ်တယ် ။ နှောင်ကြိုးမဲ့တိမ်တိုက်တွေ ကစဉ့်ကလျား ပျံသန်း ဝေါဟာရအတွက် ဘဝကို ဟိုရှေးလူတွေ မြင်သလို ၁၉၆၉ ကတည်းက... အလန့်တကြားထခုန်လိုက် ... သတင်းခေါင်းစဉ် နားချိန်တောင်မရတဲ့ခင်ဗျား ဝင်ရောက်/ထွက်ခွာနေတာ ဒီတစ်ခါလှိုင်းများ A Change of Bags with some Deviation ဘယ်/ညာ နင်းရန်လိုမလို သရုပ်မှန်ကဗျာ နောက်ဆိုတာ ကျောပဲရှိတယ် လိပ်ပြာဖမ်း ပွဲလမ်းသဘင် ။ သင်ပျော်ရွှင်ပါသလား ။ လေပွေတစ်လုံးလို သူရပ်သွားပုံ စီရင်ချက် ထည့်ပြောလို့မရဘူး ကောလဟာလဆိုတာပုံပြောတာမဟုတ် ။ ပုံပြောဟန်ဖြစ်ပါတယ် ။ ဘဝနာမှ ဘာဝနာဖြစ်မယ်တဲ့လား ။ မယုံရေးချ မယုံပါ ။ သတိရလို့ ဆက်လိုက်တာလို့ ပြောပြပါ မေမေက ပြုံးနေတယ် ဒီတစ်ခါလှိုင်းများ ကံကောင်းခြင်း၏ တွားသွားမှုသည် လူ့သမိုင်းတစ်ခုလုံးအား စွတ်ကြောင်းရာ ကျန်စေခဲ့ခြင်းဖြစ်သည် ရက်တွေအများကြီး လွန်ပြီးမှ အံဝှက်မပါတဲ့ ကစားနည်း လွယ်အိတ် အိုင်ဒီယိုလိုဂျီ ... လက်ဆင့်ကမ်း ပြီး ခင်းကျင်းပြသသွားလိုက်ခဲ့ပုံများ လောကကြီးဆီ အပ်နှင်းသွားလိုက်ခဲ့ပုံများ ညီမလေးနဲ့ မျက်စောင်းထိုးန

There was a teddy bear

There was one Or one One gave one's gift One was gifted There was a teddy bear indeed One was true to one And there was a teddy bear One kept one in mind Putting the teddy bear in arms One became uncertain Of one's existence One laughed One vanished One left Hopping on the lawn Keeping out of sight One sighed One sighted By one chance, there was truly a teddy bear     Paing Nyan     28th June, 2013

မှတ်ဉာဏ်တွေက စကားမပြော (Radio Edition)

၁၆၂၉ ခုနှစ် ရွေးကောက်ပွဲမှာ ဗမာပြည်တိုက်ပွဲစဉ် တစ်လျှောက်လုံး ကျဆုံးလေပြီးသော ဗလာ ဗလာများအား ငါ့ကိုလက်ခလယ်မထောင်ပြနဲ့ ဆောက်ကလေး တတီတူးတွန်ပဲ M4A1 တစ်စောင် email inbox ထဲ ရောက်လာတယ် ကဲ ။ ကဲ ။ အဆောက်အုံပုံစံအသစ်ထဲက နီယိုမဇ္ဈိမယ်လစ်ဇင် / ယုံလော့ငါ့ရှင်တို့ သားငယ် ကြီးလာရင် ခရူးဆိတ်ဒါကြီး ဖြစ်ချင်တယ် မေမေ အာရိယန်တွေကို သိပ်မုန်းတာပဲ (သိပ်... ဟုဆွဲ၍ရွတ်ဆိုရန်) ဂျူးတွေက ချပ်ဝတ်တန်ဆာ အပြည့်အစုံ စစ်ထွက်အလံ (အွတ်) Denial of Service ။ ငြင်းပယ်ခြင်းအတွက် လုံလောက်တဲ့ ဆောက်ကြောင်းပြချက် ကောင်းတဲ့ နာရီတွေက ငါ့မျက်ခွက်ကို စက္ကန့်တံတွေနဲ့ ဖြတ် - ခဏလေးနော် ဟိုင်းတီး / ဟိုင်းတီး ( ဟိုင်းတီး ) ဟုတ်ကဲ့ ၁၉၄၅ ရန်ကုန်မြို့ကိုသိမ်းတာ ကျွန်တော်မဟုတ်ဘူး မေမေ SMS means Someone \ Seriously Missing Someone \ Seriously \ Shit အိုကီနာဝါကျွန်းပေါ်က အလည်အပတ်ခရုဟာ မရိန်းတပ်သား ၃ သောင်း ကန့်ကွက်ဆန္ဒပြခြင်းအနုပညာပါခင်ဗျာ ကျွန်တော်တို့ ကျွန်မတို့သည် water jet cannon နဲ့ ထိုးပါ - smoke bomb နဲ့ နှိမ်နင်းပါ - pepper sauce နဲ့ ပက်ပါ rubber bullet နဲ့ ပစ်ပါခင်ဗျာ ,,!,, ကျွန်တော့် iPod ထဲမှာ ခင်ဗျားရဲ့ လူမှ

Somewhere on the net

    there was a community fish with huge chin clocks reveal the nuke art on utube one for hell one for paradise hell no we of course we missed the balls planned to click trigger sensitivity minus ninety three bang a button and world goes boom somewhere on the earth there is a seal to perform commercial killing of time tick tick tok may i have your attention plead kaboom and whatsya genus naame species name fella         Paing Nyan     12th June, 2013

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း ဝမ်းနည်းထိတ်လန့်စရာ အမှန်တရား ရောက်မလာခင်မှာပဲ ဘွတ်ဖိနပ်ကြိုးချည်နေတဲ့ အမှန်တရားဟာ လောကတစ်ခုလုံးစာအတွက် - hak ကြိုးပြတ်ကျသွားတယ် ။ လေဟုန်စီးဖို့ လွတ်လပ်ခွင့်ရသွားတဲ့ စွန် ကြိုးတွေကို ချည်ထားတာမှမဟုတ်ပဲ အရိပ်တွေက ချည်နှောင်ထား လမ်းတွေရွေ့နေတယ် လူထုကိုရွှေ့ ။ စိတ်တိုင်းကျ အသေအချာနားထောင်မိရင် ချောင်ပိတ်ခံရတဲ့ ခံစားမှုတွေ ထပ်ရဦးမယ် အဲဒီနှစ်ရဲ့ အဲဒီနွေကျောင်းပိတ်ရက် ။ Walking Disaster* သီချင်းစာသားတွေကို မကြားချင်ယောင်ဆောင်ထားတယ် ။ ကမ္ဘာက ဘာမှမဖြစ်ခဲ့တဲ့ ပုံမျိုး စောက်တလွဲ လူတစ်ယောက်ကို အရမ်းကျေးဇူးတင်ဖို့ ကောင်းခဲ့သင့်တာ / လက်ဖဝါးပေါ်မှာ ဘာရှိလဲ လက်ဖမိုးပေါ်မှာ stay away from the text ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမှာ ငါ့လက်ကို ဆုပ်ကိုင်ထား လွှတ်မချပစ်လိုက်နဲ့ ဆုဖလားဘယ်လောက် သိမ်းပိုက်ခဲ့တဲ့ နယ်နိမိတ်အကျယ်အဝန်း စတုရန်းကီလိုမီတာဘယ်လောက် သမိုင်းတင်မခံရတဲ့ ခုနှစ်သက္ကရာဇ်ဘယ်လောက် ဖလက်ရှ် အထိတ်တလန့်ဖြစ်စဉ်တွေပဲ သမိုင်းစဉ်တစ်လျှောက်ဟာ ငါ့နံရိုးကိုဆုပ်ကိုင်ထား ဟွန်းမြည်တယ် ကျောင်းကားတတိတိရပ်သွားတယ် ကားတံခါး ဝေါဆို ပွင့်လာတယ

လူလုပ်မှတ်ဉာဏ် - ၆

တစ်ခုခုကို လှုပ်ခတ်ရတော့မယ်ဆို ငွေရောင်လက်လာတာ ဆိတ်ငြိမ်မှုတွေ တနံတလျား ကိုယ့်ဆီ တိုးဝင်လာနေတယ် လက်ရေးဝိုင်းလေးအတွက် အာမေဋိတ်တွေ မရေရွတ်ဖြစ်တော့ဘူး ကိုယ့်မှာတော့ - သတိတရစိတ်ကို ပိတ်သိမ်းထားလိုက်တော့မလို့ ဒါမှမဟုတ် လေထုထဲ သွန်ချမိလိုက်တော့မလို့ ကိုယ်ထင်ထားတာတွေ လွဲချော်ခဲ့တယ်ပဲ ဆိုကြပါစို့ အဲဒီလက်ရေးဝိုင်းလေးတွေမြင်မိတိုင်း ကိုယ့်လက်ဖမိုးကိုပဲ ပန်းရောင်လေဟာနယ်တွေ တစ်ခါပြန်စိုက်ဝင်နေ ပြန်သတိထားမိရတယ် ကိုယ် အရင်အခိုက်အတန့်တွေလိုပဲ ခံစားရတယ် ရှူးဖိနပ် နက်တိုင် ကုတ်အင်္ကျီနဲ့ဆို ရင့်ကျက်ပြီထင်မိခဲ့တာ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ချို့တစ်လေပဲ ဖြစ်မှန်း ကိုယ့်ကို မတားပါနဲ့ ။ ကိုယ့်မှာတော့ သတိတရစိတ်ကို မီးကျည်တွေ လေထုထဲ ပစ်တင်လိုက်ကြပြီ ကိုယ့်မှာ အိန်ဂျယ်ဆန်တဲ့ နမိတ်ပုံတွေ မရှိတော့ဘူး နာမ်သိစိတ်ကို ကိုယ်သိတယ် ။ ကိုယ်ဘာလဲ ပြန်မသိဘူး ဆိပ်ခံတံတားပေါ် အတောင်ပံဖြန့်ဝဲနေ / စင်ရော်တွေအများကြီး ကြည့်ဖြစ်တဲ့နေ့ ကိုယ်တစ်ယောက်တည်းရဲ့ မှတ်ဉာဏ်ဆီ အချိန်ကာလတွေ တိုးဝင်လာနေတယ် ။ နေရာဒေသတွေ ပြေးထွက်သွားနေတယ် ပြန်သတိထားမိရတယ် အစိတ်အပိုင်းတစ်ခုဟာ အစိတ်အပိုင်းတစ်ခုစာပဲ နာသင့်တာပေါ့ကွယ် ကိုယ့်နာ

Flare Drama

မြောက်ပင်လယ်မှာ ပျက်ကျသွားတဲ့ လေယာဉ် မြောက်ပင်လယ်မှာ ပစ်ချခံလိုက်ရတဲ့ သိုးထိန်းလေယာဉ် လေသူရဲဟာ ထွက်ခွာခါနီး ။ ဘုရားသခင်ကို နှုတ်ဆက်သွားတယ် လေသူရဲဟာ သူ့ရဲ့မျှော်စင်ဆီ သတင်းပို့နေခဲ့တယ် အရွယ်အစားတူ လေယာဉ် အမျိုးအစားတူ လေယာဉ် ပျောက်ဆုံးသွားတဲ့ ရဲဘော်ကို ။ ပစ်ချခံလိုက်ရတဲ့ ရဲဘော်က ။ ဒန်းကက်ဆုတ်ခွာမှုဟာ ဒီနေ့ကမ္ဘာကို ဖြစ်စေခဲ့တယ် မေဒေး ။ မေဒေး ။ မေဒေး ။ အမြင့်ပေတွေ ခပ်မြန်မြန်ကြီး နိမ့်ဆင်းလာနေတယ် ငါ့ ညာဘက်အတောင်ပံ ထိသွားပြီ I'm hit ! I'm hit! ကမ္ဘာဟာ မီးခိုးတလူလူ ထွက်လာနေတယ် ခေါင်းပေါ်တည့်တည့် ဇီးရိုးသံတွေ ဆူညံပွက်ရိုက် ။ လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်ကို မိတ်ဆက်ပြသအပြီးမှာ ဆက်သွယ်ရေးကွန်ရက်ကို ။ ဖြတ်တောက်လိုက် ။ ယူဘုတ်တွေ ဝပ်ကျင်းထဲက အဆက်မပြတ် တိုးထွက်လာ လူမှုရေးရာဘန်ကာတည့်တည့် ခွင်းဗုံးနှစ်လုံး အတည်ပေါက်ကြီး ကျဝင်ကွဲ ကမ္ဘာလုံးဆိုင်ရာ ။ သင်္ကေတရုပ်ပြကာတွန်း ။ မီးခိုးတအူအူ တိုက်ပွဲတွေက ပရော်ဖက်ရှင်နယ် တစ်ချို့ရှင်ကျန်ခဲ့တယ် ။ တစ်ချို့ ။ ကျွန်တော်ပဲသိတဲ့ space တစ်ခုရှိတယ် - တည်တည်တန့်/တန့် လေထုဖိအားဟာ လေယာဉ်နောက်မြီးတွေမှာ ပိုပါးလွှာမှန်း တစ်ယောက်နဲ့ တစ်ယောက်ကြ

လူလုပ်မှတ်ဉာဏ် - ၅

      လူလုပ်မှတ်ဉာဏ် - ၅ ဗီဇစိတ်ထဲ text တစ်ခု ခုန်...ခုန်ဝင်လာ ကြယ်တွေရွေ့နေတာလား ကမ္ဘာရွေ့နေတာလား ဒီအတောအတွင်း ဂရုစိုက်ခဲ့တာတွေအတွက်ဆိုပြီး ဗီဇစိတ်က text ကို လက်ခံလိုက်တယ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆီရောက်မလားဆိုပြီး ကြယ်တွေရွေ့နေတယ် ကမ္ဘာရွေ့နေတယ် တစ်ခုပဲရွေ့တယ် နှစ်ခုလုံးရွေ့တယ် သို့လော ။ သို့လော ။ ငါတို့မှာ ကံကြမ္မာမရှိခဲ့ဘူး // ငါတို့ဘက်မှာ ကံကြမ္မာ မရှိဘူး အမှတ်(၂) ယန္တရားတပ်မဟာ အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ဆက်သွယ်မှုကွန်ရက်ထဲက အညိုရောင်မီးလေးတစ်လုံးကို ၂၄ နာရီခြားတစ်ခါ ထုတ်...ထုတ်ကြည့်ဖြစ်တာကလွဲလို့ အရေခွံဖြစ်တည်မှုဟာ ကျန်းမာရေးကောင်းကောင်းမွန်မွန်ပဲ အိန်ဂျယ်က သံတမန်ဆန်ဆန် ငြင်းဆန်တတ်လာတယ် ပစ်လွှတ်ထားတဲ့ လျှပ်စီးကြောင်းတွေကြား ငရဲက သူ့ရဲ့ဂိတ်ပေါက်တွေကို ဖွင့်ပေးလိုက်တယ် ငါက အလင်းတွေသယ်ယူလာပြီး မင်းရဲ့မနက်ဖြန်ကို တောက်ပပေးပါ့မယ် OH - O text က အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ကိုယ့်မှာတော့ မှတ်ဉာဏ်တွေကို ခေါက်သိမ်းထားလိုက်မိတော့မလို့ ဒါမှမဟုတ် လေထုထဲ ပစ်လွှတ်မိလိုက်တော့မလို့        ပိုင်ဉာဏ်        25th February, 2013 Man-made Memory -