Posts

Showing posts from March, 2013

Flare Drama

မြောက်ပင်လယ်မှာ ပျက်ကျသွားတဲ့ လေယာဉ် မြောက်ပင်လယ်မှာ ပစ်ချခံလိုက်ရတဲ့ သိုးထိန်းလေယာဉ် လေသူရဲဟာ ထွက်ခွာခါနီး ။ ဘုရားသခင်ကို နှုတ်ဆက်သွားတယ် လေသူရဲဟာ သူ့ရဲ့မျှော်စင်ဆီ သတင်းပို့နေခဲ့တယ် အရွယ်အစားတူ လေယာဉ် အမျိုးအစားတူ လေယာဉ် ပျောက်ဆုံးသွားတဲ့ ရဲဘော်ကို ။ ပစ်ချခံလိုက်ရတဲ့ ရဲဘော်က ။ ဒန်းကက်ဆုတ်ခွာမှုဟာ ဒီနေ့ကမ္ဘာကို ဖြစ်စေခဲ့တယ် မေဒေး ။ မေဒေး ။ မေဒေး ။ အမြင့်ပေတွေ ခပ်မြန်မြန်ကြီး နိမ့်ဆင်းလာနေတယ် ငါ့ ညာဘက်အတောင်ပံ ထိသွားပြီ I'm hit ! I'm hit! ကမ္ဘာဟာ မီးခိုးတလူလူ ထွက်လာနေတယ် ခေါင်းပေါ်တည့်တည့် ဇီးရိုးသံတွေ ဆူညံပွက်ရိုက် ။ လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်ကို မိတ်ဆက်ပြသအပြီးမှာ ဆက်သွယ်ရေးကွန်ရက်ကို ။ ဖြတ်တောက်လိုက် ။ ယူဘုတ်တွေ ဝပ်ကျင်းထဲက အဆက်မပြတ် တိုးထွက်လာ လူမှုရေးရာဘန်ကာတည့်တည့် ခွင်းဗုံးနှစ်လုံး အတည်ပေါက်ကြီး ကျဝင်ကွဲ ကမ္ဘာလုံးဆိုင်ရာ ။ သင်္ကေတရုပ်ပြကာတွန်း ။ မီးခိုးတအူအူ တိုက်ပွဲတွေက ပရော်ဖက်ရှင်နယ် တစ်ချို့ရှင်ကျန်ခဲ့တယ် ။ တစ်ချို့ ။ ကျွန်တော်ပဲသိတဲ့ space တစ်ခုရှိတယ် - တည်တည်တန့်/တန့် လေထုဖိအားဟာ လေယာဉ်နောက်မြီးတွေမှာ ပိုပါးလွှာမှန်း တစ်ယောက်နဲ့ တစ်ယောက်ကြ