Posts

Showing posts from April, 2013

လူလုပ်မှတ်ဉာဏ် - ၆

တစ်ခုခုကို လှုပ်ခတ်ရတော့မယ်ဆို ငွေရောင်လက်လာတာ ဆိတ်ငြိမ်မှုတွေ တနံတလျား ကိုယ့်ဆီ တိုးဝင်လာနေတယ် လက်ရေးဝိုင်းလေးအတွက် အာမေဋိတ်တွေ မရေရွတ်ဖြစ်တော့ဘူး ကိုယ့်မှာတော့ - သတိတရစိတ်ကို ပိတ်သိမ်းထားလိုက်တော့မလို့ ဒါမှမဟုတ် လေထုထဲ သွန်ချမိလိုက်တော့မလို့ ကိုယ်ထင်ထားတာတွေ လွဲချော်ခဲ့တယ်ပဲ ဆိုကြပါစို့ အဲဒီလက်ရေးဝိုင်းလေးတွေမြင်မိတိုင်း ကိုယ့်လက်ဖမိုးကိုပဲ ပန်းရောင်လေဟာနယ်တွေ တစ်ခါပြန်စိုက်ဝင်နေ ပြန်သတိထားမိရတယ် ကိုယ် အရင်အခိုက်အတန့်တွေလိုပဲ ခံစားရတယ် ရှူးဖိနပ် နက်တိုင် ကုတ်အင်္ကျီနဲ့ဆို ရင့်ကျက်ပြီထင်မိခဲ့တာ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ချို့တစ်လေပဲ ဖြစ်မှန်း ကိုယ့်ကို မတားပါနဲ့ ။ ကိုယ့်မှာတော့ သတိတရစိတ်ကို မီးကျည်တွေ လေထုထဲ ပစ်တင်လိုက်ကြပြီ ကိုယ့်မှာ အိန်ဂျယ်ဆန်တဲ့ နမိတ်ပုံတွေ မရှိတော့ဘူး နာမ်သိစိတ်ကို ကိုယ်သိတယ် ။ ကိုယ်ဘာလဲ ပြန်မသိဘူး ဆိပ်ခံတံတားပေါ် အတောင်ပံဖြန့်ဝဲနေ / စင်ရော်တွေအများကြီး ကြည့်ဖြစ်တဲ့နေ့ ကိုယ်တစ်ယောက်တည်းရဲ့ မှတ်ဉာဏ်ဆီ အချိန်ကာလတွေ တိုးဝင်လာနေတယ် ။ နေရာဒေသတွေ ပြေးထွက်သွားနေတယ် ပြန်သတိထားမိရတယ် အစိတ်အပိုင်းတစ်ခုဟာ အစိတ်အပိုင်းတစ်ခုစာပဲ နာသင့်တာပေါ့ကွယ် ကိုယ့်နာ