Posts

Showing posts from May, 2013

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း ဝမ်းနည်းထိတ်လန့်စရာ အမှန်တရား ရောက်မလာခင်မှာပဲ ဘွတ်ဖိနပ်ကြိုးချည်နေတဲ့ အမှန်တရားဟာ လောကတစ်ခုလုံးစာအတွက် - hak ကြိုးပြတ်ကျသွားတယ် ။ လေဟုန်စီးဖို့ လွတ်လပ်ခွင့်ရသွားတဲ့ စွန် ကြိုးတွေကို ချည်ထားတာမှမဟုတ်ပဲ အရိပ်တွေက ချည်နှောင်ထား လမ်းတွေရွေ့နေတယ် လူထုကိုရွှေ့ ။ စိတ်တိုင်းကျ အသေအချာနားထောင်မိရင် ချောင်ပိတ်ခံရတဲ့ ခံစားမှုတွေ ထပ်ရဦးမယ် အဲဒီနှစ်ရဲ့ အဲဒီနွေကျောင်းပိတ်ရက် ။ Walking Disaster* သီချင်းစာသားတွေကို မကြားချင်ယောင်ဆောင်ထားတယ် ။ ကမ္ဘာက ဘာမှမဖြစ်ခဲ့တဲ့ ပုံမျိုး စောက်တလွဲ လူတစ်ယောက်ကို အရမ်းကျေးဇူးတင်ဖို့ ကောင်းခဲ့သင့်တာ / လက်ဖဝါးပေါ်မှာ ဘာရှိလဲ လက်ဖမိုးပေါ်မှာ stay away from the text ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမှာ ငါ့လက်ကို ဆုပ်ကိုင်ထား လွှတ်မချပစ်လိုက်နဲ့ ဆုဖလားဘယ်လောက် သိမ်းပိုက်ခဲ့တဲ့ နယ်နိမိတ်အကျယ်အဝန်း စတုရန်းကီလိုမီတာဘယ်လောက် သမိုင်းတင်မခံရတဲ့ ခုနှစ်သက္ကရာဇ်ဘယ်လောက် ဖလက်ရှ် အထိတ်တလန့်ဖြစ်စဉ်တွေပဲ သမိုင်းစဉ်တစ်လျှောက်ဟာ ငါ့နံရိုးကိုဆုပ်ကိုင်ထား ဟွန်းမြည်တယ် ကျောင်းကားတတိတိရပ်သွားတယ် ကားတံခါး ဝေါဆို ပွင့်လာတယ