Posts

Showing posts from July, 2013

အိပ်မပျော်ခင် အရောက်သွားရမယ့်မိုင်တွေ

အဝိုင်းကြီးထဲတစ်ပတ် အဝိုင်းလေးထဲတစ်ပတ် လူဟာ တစ်ခုခုကိုတော့ ကိုးကွယ်နေရတာပဲမဟုတ်လား (ကြုံသလိုပေါ့) beep - beep ငါတို့နှစ်ယောက်ကြား ဆက်သွယ်မထားတဲ့ အဝေးပြေးလမ်းမတွေ ခင်ဗျားတို့ ဘယ်လောက်ငြင်းငြင်း နဂါးငွေ့တန်းအဟောင်းတွေထဲ ပိတ်မိနေကြတာပါပဲ ခင်ဗျားတို့ဆီရောက်မှ လူသားဆန်မှုဟာ ဘယ်သူ့လက်ချက်လဲ ထက်ပိုင်းကျိုး ဘယ်သူ့အရိပ်နဲ့မှ မလွတ်ဘူး ။ ဘယ်ဝါ့အရိပ်နဲ့မှ လွတ်အောင်မနေဘူး ။ /တနင်္ဂနွေညမှာ မီးအိမ်တွေကို လိုက်ထွန်းတယ်/ /သတိရစိတ်တွေ လင်းလာတယ်/ အိပ်မောကျခြင်းက နမိတ်ပုံတစ်ခု ။ မိုင်တိုင်တွေက နမိတ်ပုံတစ်ခု ။ ပေါင်းရှစ်ယောက် ဂေါက်ရိုက်သူ သုံးနေကျစာသားတွေက အဓိပ္ပါယ်မပြည့်မစုံတဲ့ prototype စာသားတွေ ဒီလိပ်စာကဒ်မှာ မျိုးရိုးအမည်မပါရှိ           beep - beep ဒီလိုပါ ။ ငါတို့ဟာ တစ်ခုခုကိုတော့ တော်လှန်နေရမှာပဲ ။ ဖြစ်သလိုပေါ့ ။           သမိုင်းဝင် စာသားတော်လှန်ရေးကာလတုန်းကပေါ့            (...တီ...) ဆောရီးဗျာ ဒီတိုင်းဒီပြည်ကို ဒီအဟောင်းဈေးနဲ့ရောင်းသွားပြီ ဒါကဒီလိုပါ ဒီတစ်ကြောင်းလုံးရဲ့ အသက်ဟာ ဒီတစ်ကျောင်းလုံးရဲ့အသက်ပဲ ဒီနေရာမှာ ရဲရင့်သူတွေ လဲလျောင်းတယ် Here lie the brave အိမ်အပြန် နောက်ဆုံးရထာ

ဇီဝခန္ဓာတစ်ခု ဇီဝစိတ်တစ်စုံ ဘာသာစကားပဋိဇီဝ

နာမ်ပါမလာတဲ့ရုပ်ဝတ္ထုဝါဒီတစ်ယောက်အတွက် ပဋိဇီဝ အဘိဓမ္မာတိုင်း၌ လူတန်းစားအမြင်ရှိသည် ။ ကျွနု်ပ်၏ကြိုးပမ်းမှု ဗဟိုဌာနလက်အောက်ခံ နည်းပညာအခြေခံ confessional way of thinking ကွန်တွေကို ဖြန့်ထားပြီးမှတော့ ကွန်တွေကို ပြန်သိမ်းရုံသိမ်းဆည်း ခင်ဗျားတို့ရဲ့ဘာသာစကားက ဒီလိုအလုပ်မလုပ်ဘူး ။ ကျုပ်တို့ရဲ့ ဘာသာစကားအရေးပါမှု ရုပ်သံချန်နယ်တွေက ငါတို့ရဲ့ဇီဝခန္ဓာတွေကို လှည့်ဖျားနေတယ်။ ငါ့မှာ နင်တစ်ယောက်ပဲ ရှိခဲ့တာ။ ဒါတွေဒီလိုမလုပ်နဲ့။ နင့်ရဲ့ဖြစ်တည်မှုဟာ ငါ့ရဲ့အသက်ဇီဝအရင်းအမြစ်။ ငါ့ဘေးပတ်လည်က လူမှုဝန်းကျင်တစ်ခုလုံးနီးပါးက ယုံရခက်ကြီး။ အချိန် ၊ ဇုန် ၊ ကွာဝေးမှုတစ်ခုခု။ စံတော်ချိန်တစ်ခုတည်းမှာ ငါတစ်ယောက်တည်း jet lag။ ပကတိအတိုင်းမြင်နေရတယ်။ ပကတိအတိုင်းသိနေရတယ်။ အရာအားလုံးထက်ပိုပြီး ၊ ဇီဝနာရီကိုရပ်တန့်ထားပုံရနေတယ်။ တစ်စုံတစ်ယောက်ကို၊ ငါမသိတဲ့တစ်စုံတစ်ယောက်ကို၊ တိတ်ဆိတ်မှုတွေက ငါ့ကိုကန်းသွားစေခဲ့တဲ့ကြိုဟောစာတမ်း။        မင်းရောက်နေတဲ့နေရာမှာ ဘယ်အချိန်ရှိပြီလဲ        မေးရိုးမေးစဉ်ဘာသာစကားက ဒါလောက်ပဲ        နည်းပညာအခြေခံဘာသာစကားနဲ့ အစဉ်အလာစည်းရိုးထဲကဘာသာစကား        ရုံတင်ပြသနေတဲ့ ပဋိဇီဝတွေရဲ့ အနေအထ

လူလုပ်မှတ်ဉာဏ် - ၇

အဖုံးမရှိ အပွင့်မရှိ တစ်လျှောက်လုံးလျှောက်ပြီး ကမ်းခြေဆီဆင်းတယ် တစ်နေ့လုံး D-Day တစ်ညလုံး D-Day လေယာဉ်ပစ်အမြောက်တွေအတွက် ကောင်းကင်ငှားပါ မြို့တော်က ခဏတိုင်းမှာ အဏုဇီဝအလင်းတွေ မြိုထားတယ် မြို့သားတွေ သိချင်မှသိမှာ ထင်ရှားသည့်အမှတ်အသား ယာယီပျောက်ဆုံး ခေတ်ပေါ်စီရင်ထုံးအရ ခေတ်ပြိုင်သမုဒ္ဒရာပေါ် လေရိပ်မိုးရိပ်ပြယ်သွားမယ့် တစ်နေ့ melodrama လေထုထဲ ကျွန်တော်ဟာ ဘာကြောင့် မှတ်ဉာဏ်တစ်စ ဟုတ်/မဟုတ်     ပိုင်ဉာဏ်     7th July, 2013

အကြောင်းအရာပုံစံ recycle အရေးအသားပုံစံ recycle

အကြောင်းအရာက ပလတ်စတစ်အကြည်သား ။ ကျောက်ဆစ်ရုပ်ဟာ အငွေ့တထောင်းထောင်းနဲ့ ကျဆုံး ။ ဥယျာဉ်ခြံမြေမရှိတဲ့ သစ်ပင်ဟာ ကိုယ်ဖြစ်တယ် ။ နှောင်ကြိုးမဲ့တိမ်တိုက်တွေ ကစဉ့်ကလျား ပျံသန်း ဝေါဟာရအတွက် ဘဝကို ဟိုရှေးလူတွေ မြင်သလို ၁၉၆၉ ကတည်းက... အလန့်တကြားထခုန်လိုက် ... သတင်းခေါင်းစဉ် နားချိန်တောင်မရတဲ့ခင်ဗျား ဝင်ရောက်/ထွက်ခွာနေတာ ဒီတစ်ခါလှိုင်းများ A Change of Bags with some Deviation ဘယ်/ညာ နင်းရန်လိုမလို သရုပ်မှန်ကဗျာ နောက်ဆိုတာ ကျောပဲရှိတယ် လိပ်ပြာဖမ်း ပွဲလမ်းသဘင် ။ သင်ပျော်ရွှင်ပါသလား ။ လေပွေတစ်လုံးလို သူရပ်သွားပုံ စီရင်ချက် ထည့်ပြောလို့မရဘူး ကောလဟာလဆိုတာပုံပြောတာမဟုတ် ။ ပုံပြောဟန်ဖြစ်ပါတယ် ။ ဘဝနာမှ ဘာဝနာဖြစ်မယ်တဲ့လား ။ မယုံရေးချ မယုံပါ ။ သတိရလို့ ဆက်လိုက်တာလို့ ပြောပြပါ မေမေက ပြုံးနေတယ် ဒီတစ်ခါလှိုင်းများ ကံကောင်းခြင်း၏ တွားသွားမှုသည် လူ့သမိုင်းတစ်ခုလုံးအား စွတ်ကြောင်းရာ ကျန်စေခဲ့ခြင်းဖြစ်သည် ရက်တွေအများကြီး လွန်ပြီးမှ အံဝှက်မပါတဲ့ ကစားနည်း လွယ်အိတ် အိုင်ဒီယိုလိုဂျီ ... လက်ဆင့်ကမ်း ပြီး ခင်းကျင်းပြသသွားလိုက်ခဲ့ပုံများ လောကကြီးဆီ အပ်နှင်းသွားလိုက်ခဲ့ပုံများ ညီမလေးနဲ့ မျက်စောင်းထိုးန