Posts

Showing posts from August, 2013

ဆက်ကွင်းများဘက်ကအခြမ်း

(၁) ပိုပြီး သန့်စင်ကြည်လင်တဲ့ အစိတ်အပိုင်းဆီ နံရံတစ်လျှောက် ပိုင်းဖြတ်ထားတဲ့ နေ့တွေက ရက်သတ္တပတ်တွေ တစ်ရာသီပြီး နံရိုးတစ်လျှောက် တိုးဖွခေါ်သံ ပစ်ပယ်မှုတွေများလာတော့ ရပ်တန့်ပစ်လိုက်တဲ့ပုံစံတွေ ပါရာဒိုင်းကိုရွှေ့မို့ လက်ထဲက ထိန်းချုပ်ခလုတ်ခုံမှာ ပညာရပ်ဆန်ဆန်နာကျင်မှုသို့ ချိန်မှတ်နာရီတစ် နားစည်နံရံကို ထိရိုက်မိသမျှထဲ ထိခိုက်မိသမျှ ထိကျန်ခဲ့တဲ့ စာသားတွေက စတင်သင်ကြားပါတယ် ခုန်စရာနေရာမရှိတာ ပျံသန်းမှုအခြေပြု ဇာတ်ဆောင်သဘော သက်ရောက်နေစွမ်းအင်ကဏ္ဍအတွက် လိုင်းများက လူများကို ခေါ်ဆောင်ပြီး လူများက လိုင်းများ အနက်ရောင်ဒြပ်ဆွဲအားက နိုင်ငံတည်ဆောက်ရေး အတွေးအမြင်ကျရုပ် ဖြစ်တည်တယ် တစ်ခါပြန် အလည်အပတ် သီးသန့်စိတ်ရုပ် ချာတိတ်ဘဝမှာ ကြည်လင်ပါတယ် မနေ့က ပင်လယ်ကွေ့ဆီ ရောက်တယ် နာမ်ရုပ်ပဲရှိတယ် မြို့ပြကိုဖြတ်ပြီး လေအေးစီးကြောင်းရောက်လာတယ် ကမ္ဘာလုံးဆိုင်ရာ လူမှုစနစ်တစ်ခုလုံးက သမုတိသစ္စာတရား (၂) ကျွန်တော့်ကို မမြင်ရတဲ့ယာဉ်တစ်စင်း တိုက်သွားတယ် မမြင်ရပေမယ့် ယာဉ်ဆိုတာတော့ ကျွန်တော်သေချာတယ် တိုက်ခံရတာ ကျွန်တော်ဆိုတာလည်း သေချာတယ် ထင်တယ် ဒီ့ထက်မပိုဘူး ဒီ့ထက်မလျော့ဘူး ဒီပွိုင့်မှာ တန်းနေတာ ဖြစ်စဉ်တစ်ခုလု

လူလုပ်မှတ်ဉာဏ် - ၈

ရေငုပ်သင်္ဘောတစ်စင်း ကျွန်တော့်အိမ်တံခါးဝ ရောက်လာတယ်မဟုတ်လား။ မဟုတ်ပါဘူးဗျာ။ ခင်ဗျားပဲစစ်ကြည့်လိုက်ပါ။ ယူဘုတ်လားဆိုတာ။ လရောင်ဆိုနာတာ။ အိပ်မက်တစ်ခုမက်ဖို့ အိပ်ခြင်းတရား လိုတာပဲ။ အပြန်ပြန်အထပ်ထပ် လေ့ကျင့်သင်ယူခြင်းမှ လွတ်ကင်းရာ။ နာဗားနားက တစ်နေရာ ကိုယ်ကတစ်ခု သိမှုအာရုံနတ္ထိနဲ့ အကြေးခွံမာဖြစ်တည်မှု။ သမိုင်းစဉ်ဟာ တစ်ပတ်လည်တယ်။ နှစ်ပတ်လည်တယ် ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်အဖြစ်။ နှစ်ပေါက်တဲ့အထိ နှစ်သစ်မကူးကြသေးဘူး။ ဤ၊သည်၊ထို၊၎င်း၊ယင်း အခြားစပေ့စ်။ ခြုံထည်ထဲကလက်ထဲမှာ မှော်ကြိမ်လုံးကို တင်းတင်းဆုပ်ကိုင်ထားတယ်။ မီးခိုးငွေ့တလူလူနဲ့ သံထည်ရထားကြီး ကျွန်မရှေ့မှာ။ အော့ဇ်ဝဇ်ကို အလည်အပတ်ပဲ သွားပါရစေရှင်။ တိုက်ခိုက်ရေးတပ်စု၏ အထူးစစ်ဆင်ရေးမှာ အကျအဆုံး ၄၇ ရာခိုင်နှုန်း။ ဤခရီးနီးလာပြီ - ခြေလျင်လာရ၏ - စစ်ပွဲအသစ်ပါသလား - ကျင့်ဝတ်အတုံးများ ယူလာပါသည်။ တရားရေးနည်းလမ်းအရ ရှင်းလင်းဖို့ လိုပါသေးတယ် အချိန် ၊ စပေ့စ် ။ ငါးတွေက တိတ်ဆိတ်လွန်းတယ်။ ငါက သွေးအေးသတ္တဝါပါ အိန်ဂျယ်။ အရင်လိုပဲ နင့်ဓာတ်ပုံလေးက ငါ့ကိုငြိမ်းချမ်းစေတယ်။ ငါ့မှာ နင့်ဆီက ငြိမ်းချမ်းမှုပဲလိုတာ။ ရီဆိုင်ကယ်လုပ်သင့်တဲ့ စည်းနှောင်မှုတွေကို ငါ

private killing fields mod

သေခြင်းတရားက လှပါတယ် သေခြင်းဟာ တရားလှပါတယ် အသေမတရားဘူး အမေက တရားတော်အလိုအရပါပဲ အရင်းအမြစ်ထိသွားဖို့ အရင်းအမြစ်အထိကြွယ်ဝတဲ့ နည်းပညာအရင်းအမြစ် ခေတ်ကြီးကို စားသုံးနေကြတဲ့စားသုံးသူခေတ် နောက် ပိုင်းလာမယ့် အနာဂတ်မှာ လာမယ့်အနာဂတ်ဟာ ဘယ်လိုရှိမှာလဲ အသေစားအသေခံ သတ္တဗေဒတွေရဲ့ မဖြစ်မနေအရွေ့အလျား သတ္တဝါ ။ တစ်ယောက်ရဲ့ social hub ဟာ တစ်ယောက်ရဲ့ အနားသတ်အစွန်း ရောက်ဖို့ ကိုယ်ပိုင်သတ်ကွင်းတစ်ခုအတွက် လိုက်နာရန် နည်းဥပဒေများ အပိုဒ်ခွဲ - ၃ ပုဒ်မ - ၄(စ) အရ ဘာခက်တာလိုက်လို့ ပင်လယ်ကွေ့နဲ့ ပင်လယ်ဝကိုပိတ်ရင် ပင်လယ်အော်သွားမှာပေါ့ ။ တရားတော်အလိုအရပါပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထား သဘောသဘာဝ ပတ်ဝန်းကျင် အလိုဆန္ဒဟာ လူလုပ်စစ် Vs သဘာဝလွန်စစ် တစ်ယောက်ရဲ့ အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ တစ်ခုခုကိုစွဲလမ်းတာမျိုးသည် နောက်ကြောင်းပြန်သဘော အနက်ပြန်ဆိုခြင်း၏ အကြောင်းအရာပုံစံ အတိုင်း as good as dead ငါတို့ဟာ ဘယ်တော့မှ ပြန်မဆက်တော့တဲ့ ဂျစ်ဆောချပ်တစ်ခုစီ တွေး     ပိုင်ဉာဏ်     1st August, 2013