Posts

Showing posts from November, 2013

primitive dome model

မြေအောက်လှိုဏ်ခေါင်းထဲ တရှိန်ထိုးတွားသွားနေတဲ့ ရထားတစ်စင်းလို ။ လက်ဖမိုးပေါ် ဖိညှစ်ထားတယ် ။ ဝတ်လွှာအောက်က ဝတ်ရုံအောက်မှာ သွေးခုန်နှုန်း ခိုက်ချက်တစ်ချက်ထိ ။ လိုရာသုံးဝါစင်္ဂပဲ ကိုယ့်ဆရာ ။ ဆေးရုံပေါ်မှာ ရတဲ့ရနံ့ကို သိပ်ကြိုက်တာပဲ ။ အတွေးကိုမီးရှို့ပြီးရလာတဲ့ ပြာမှုန်စတွေကို ငါ အသေအချာသိမ်းထား ။ အလျင်တစ်ခုဟာ ။ အမြဲလို ။ ရေစက်လက်ကျနေတဲ့ နံရံက ကြမ်းခင်းကို လှမ်းအော်တယ် ။ သံသရာအဆက်ဆက် ညွတ်ကိုင်းရပါလို၏ ။ ညောင်ရွက်တွေဆီ ဆုတောင်းတယ် ။ ဗဟိုဦးစီးစနစ်တစ်လှည့် တော်လှန်ရေးစနစ်တစ်လှည့် ။ ကာလတာရှည် သမိုင်း ။ မီးတောက်တစ်တောက်မဟုတ်ဘူး ။ မီးစတစ်ပေါက်က စခဲ့တာ ။ ငါတို့ဟာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်ခံဆိတ်တွေ ။ အပတ်တကုတ်ချီတက်လော့ ။ သွေးရည်ကြည်တွေခဲပြီး သွေးမတိတ်တော့ ။ တန်ဖိုးဆိုတာ ငါ့အတွေးထဲမှာ တည်မှီတယ် ။ ၆ လှမ်းလျှောက်ပြီး လဲကျတော့ ချီတက်သူတွေရဲ့အပြစ်ပေါ့ ။ လှံရှည်ကိုင်မြင်းတပ်ရဲ့ ဘာသာစကားအလုပ်ပေါ့ ။ အဝေးရောင်မီးပြတိုက်နဖူးစီးမှာ ဇီဝဆိုင်ရာတားမြစ်ချက်တွေ ။ Amen ငါ့သံသရာကို ယူ ခေါက်သိမ်းထားပေးမယ်မလား ။ ဒီလိုပုံစံခွက်ပါ ။ အထီးကျန်နိုင်မှုက အထီးကျန်ဆန်မှုမဟုတ်မှန်း တခမ်းတနား သိလာရ ။ မျက်လုံးဖ

အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ

*အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ* ကြိုးပေါ်တန်းထားတဲ့ တကယ့်အစစ်အမှန်လက်တွေ့ ။ ဆံနွယ်ခွေချထားတာကအဆုံး ပိတ်ထားလို့ရတဲ့အသံနဲ့ ပိတ်မထားတဲ့အသံ တိုက်ဆိုင်ထားတဲ့ ခန်းမကျယ်ထဲ အမွှေးအမျှင်တွေက ခဲရောင်တစ်ကိုယ်လုံးကို အုပ်သွားတယ် သွေးအေးနဂါးငွေ့တန်းတွေမှာ ကံတရားရှိမလား ငါမယုံကြည်ဘူး ။ အဲ့ဒီလိုမျိုး ရတယ်မလား ။ Surplus Hardisk ပေါ်သိုမှီးထားတယ် အလံတော်အောက်က သစ္စာ သူ ငယ်ငယ်က ကျွန်တော် ။ အတိတ်ဆိတ်ဆုံး တောက်ပပြရမလား အတောက်ပဆုံး တိတ်ဆိတ်ပြရမလား ။ ကျွန်တော် ငယ်ငယ်က သူ ဂငယ်ကွေ့ တွေးနေတုန်း လက်ရှိ နှစ်ဆယ် မနေ့က နှစ်ဆယ် မနက်ဖြန် Y:\\--- ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ စိမ်းသွားတာ (syntax shifts) ကိုယ်တိုင်မြင်ခဲ့ရ ဗလာဟင်းလင်း မြေပြင်ပေါ်မှာ လဲလျောင်းနေရ ။ မိုးစက်မိုးပေါက်တွေကနေ ကာထားရ ဟုတ်ပါတယ် တံတိုင်းတွေပြိုသွားတာ ဘာအကြံအစည်မှ မရှိဘူး ဒီအသက်ဒီအရွယ်က အမြဲတမ်း Under Construction စင်ပေါ်ကအရောင်တွေ ။ စင်ပေါ်ကလူတွေ ။ ငါတို့အကုန်လုံး Noah ရဲ့ လှေကြီးပေါ် အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ Jesus of Suburbia သီချင်းကို ၉ မိနစ်