Posts

Showing posts from December, 2013

လူလုပ်မှတ်ဉာဏ် - ၉

  အကွာအဝေး(၁)     ဒီဇင်ဘာဆီ နောက်ပြန်ရောက်သွားရပါဦးမည်။ ဒီဇင်ဘာသည် သံသရာအဆက်ဆက်အတိတ်တစ်ခုဖြစ်သလို သက်တန့်ရောင်မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ အရှေ့တိမ်တွေအရွေ့အတိုင်းသွားနေရာမှာ လည်ပတ်မှုကအနောက်ဆီသို့ ဦးတည်နေသော အခိုက်အတန့်။ ကြယ်တံခွန်လို အထိုက်အလျောက်စီးဆင်းခဲ့ဖူးသည်။ ဒီဇင်ဘာအရောက်တွင်တော့ တင်းထားသမျှခွန်အားများ ကျိန်စာပြယ်သလို ပျက်ပြယ်ခဲ့ရသည်။ မျက်ဝန်းများနောက်မှအလင်းကို တမက်တမော ရှာဖွေခဲ့မိသည်။ ဒီဇင်ဘာကိုယ်တိုင်သိပါသည်။ အလင်းကိုတွေ့သည်။ မျက်ဝန်းတွေကတော့ သံသရာတလျှောက် ပုန်းခိုထွက်ပြေးသွားဟန်တူသည်။ အဝေးဆီမှ Andromeda ကြယ်စင်စုကို အစားထိုးသတိတရစိတ်ဖြင့် ငေးကြည့်နေမိဆဲမှာပင် အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေးသို့ ရောက်လွင့်သွားခဲ့ရသည်။ သို့နှင့်ပင် အလင်းလိုနှင်းသည်းများကြားမှ ခရီးရှည်ချီကာ ဒီဇင်ဘာဆီနောက်ပြန်ရောက်သွားရပါဦးမည်။ အကွာအဝေး(၂) “အိန်ဂျယ်က ငါ့ကိုမှတ်မိသွားတယ် နှုတ်ခမ်းဝိုင်းလေး ဟသွားတယ် မျက်နက်ဝန်းလေး လွှဲသွားတယ် ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ဆွံ့အကျသွားသလို”     ကံကြမ္မာဆိုတဲ့ဟာက ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီးလည်း ရောက်ချလာတတ်တယ်။ ငါတို့ထိုင်နေတဲ့ကမ်းစပ်ဆီ မီးခိုးရောင်မီးခိ