Posts

Showing posts from 2014

အပြေးသွားနေတဲ့ သစ်တောအုပ်ထဲက တစ်စုံတစ်ရာထက်ပိုပြီး

(ဝ) မနက် ၃ နာရီဆိုတဲ့အချိန်ဟာ အိပ်နေသူကို ဆွဲခါလှုပ်ရမ်းနှိုးလိုက်တယ်။ မနက် ၃ နာရီဆိုတဲ့အချိန်မှာ မအိပ်ရသေးသူဟာ လက်ထဲကဗလာစာအုပ်ကို လှည့်ပတ်ကစားနေတယ်။ ဒါဟာ တကယ်ပဲ မနက် ၃ နာရီလား။ အချိန်ကာလစီးကြောင်းက ရုတ်ချည်း ၃ နာရီကိုရောက်ရှိသွားတာလား။ တကယ့်အချိန်က ၁ နာရီဖြစ်နေပြီး ကြည့်ကြည့်သမျှနာရီတိုင်းက ၃ နာရီကို ပြသနေတာလား။ လေထုထဲက အေးစက်နေတဲ့အရှိတရားက သူတို့ကို ခြုံထည်တစ်ထည်လို လွှမ်းထားတယ်။ မှိန်ဖျော့ဖျော့ထွန်းထားတဲ့ ညအိပ်မီးလုံးရဲ့အလင်းရောင်အောက်မှာ နွေးထွေးတဲ့မျက်ဝန်းတွေက ငါ့ကိုကျော်ပြီး အဝေးကြီးကိုကြည့်တယ်။ (၁) တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ လေတွေတဟူးဟူးတိုးဝင်လာမယ်။ အေးခဲနေတဲ့စိတ်တွေ လွင့်ပါသွားမယ်။ လူ့အဖွဲ့အစည်းဟာ တစ်ခါတစ်ခါတော့ နေပျော်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်ညာကောင်းညာမယ်။ ပြီးတော့ လူသူကင်းရှင်းနေတဲ့ သောင်ပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း ညရဲ့အရောင်ကို ငေးမောမယ်။ တကယ့်လက်တွေ့ဘဝမှာတော့ တံခါးကိုဖွင့်လိုက်တာနဲ့ ကျည်ဆန်တောင့်တွေပဲ ပြေးဝင်လာတာ။ ပုန်းဖို့ခိုဖို့ အချိsန်တောင်မရလို့ ခဏခဏသေဆုံးရတာ။ ဒါနဲ့တောင် ဘဝဟာ ရှင်သန်ဖို့ ထိုက်တန်နေပါသေးသတဲ့။ ငါ့ကိုယ်ငါပဲ အော်ရယ်ရမလား။ ငါ့ကိုနားလည်တဲ့က

Deepen

Deepen ငါ့စိတ်ဟာ အခေါင်းပေါက် ငါ့စိတ်ဟာ အဖြူတစ်ဖက် အနက်တစ်ဖက် ဥမင် ရှင်ကျန်ရစ်တဲ့အတွက် ကျေးဇူးတရား ဒီတံခါးတွေဟာ မဖြစ်နိုင်ပါဘူး ဒါက ဘယ်လိုငရဲမျိုးလဲ ဆိုးဆိုးရွားရွား ယိမ်းထိုးလှုပ်ရှားနေတဲ့အိပ်မက်မှာ မင်းရဲ့လက်တွေကို ငါ အသေအချာဆွဲကိုင်ထားပါ့မယ် အလင်းသွားရဲ့နွေးထွေးမှုမျိုး သူက ကြွေနေတဲ့ကြယ်ပဲ ငါတို့ဟာလည်း ကြွေနေတဲ့ကြယ်တွေပဲ        ပိုင်ဉာဏ်        28th November, 2014 Deepen My mind is hollow My mind is a partial-white and half-black tunnel The gratitude owed for being survived These doors cannot be possible What sort of hell is this? Inside this badly shimmering dream I will definitely hold your hands Like the warmth emitted from lightning bolt She sure is a shooting star We all as well are shooting stars        Paing Nyan        28th November, 2014

Yakusoku

The sun setting in far distant land Solitary clouds are being faintly dyed red Overwhelmingly I feel so suffocated And wearily lonely amidst the feast For the grey woods in helplessness I will let you know whenever my soul is aching in agony Under incomplete chorus of your starry blanket A glance back at my entire core only It was like much much empty And it still is Like some shoulder of broken dreams To the abyss of our own hopelessness That sun sinks deep     Paing Nyan     8th November, 2014

ငါ pandora box ကို ဖွင့်လိုက်မိတယ်။ နောက်နေ့မနက်

လက်လွှတ်လိုက်ပါတယ်ဆိုတော့ ဒီအခန်းဆက် paradox မှာ ငါ့အမြဲတမ်းရှိနေမယ် စိတ်ကျ လွတ်ပြေး ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ ဆူညံပေါက်ကွဲတဲ့ဂစ်တာသံစူးစူးအောက် ဒီမျက်ဝန်းတွေပဲ ဘယ်သူမှသတိမထားခဲ့တာ ဘယ်သူမှသတိမရခဲ့တဲ့ ငါအခုတကယ်ထွက်သွားဖို့လိုက်နေပြီ ဒီကမ္ဘာကစောက်ရူးပဲ ငါစောက်ရူးတစ်ကောင်လို သိမ်မွေ့ခဲ့ကြောင်း မင်းကိုသိစေချင်တာ နှင်းစက်တွေအောက်ကဝိညာဉ်လို နေရောင်တန်းတွေအောက်ကဝိညာဉ်လို အောက်ပြုတ်ကျသွားတဲ့ swiss_army_knife အောက်ကိုနိမ့်ဆင်းသွားတဲ့ ငါ့နှလုံးသား မြို့ကိုလှမ်းကြည့်တော့ ညဟာ တောက်တောက်ပပလောင်ကျွမ်းနေ ငါဘယ်သူလဲဆိုတာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့တစ္ဆေမှာ အကူအညီလိုအပ်သူတိုင်း ဒီမျက်ဝန်းတွေကိုတွေ့ရတယ် ငါတစ်ယောက်တည်းတိုက်ခိုက်နေ ငါမင်းကိုပဲစဉ်းစားနေခဲ့တာ လက်ရှိဒဏ်ရာ နေ့တွေတိုင်းညတွေတိုင်း ပျံသန်းရောက်ရှိလာတဲ့နာကျင်မှုတွေဟာ လှပတဲ့ပြဇာတ် အရာအားလုံးကြာခဲ့ပါပြီ သူတို့သာအချိန်မီသိခဲ့ရင် unconditional past ငါပြောဖြစ်မယ့်အရာတွေမင်းကိုပြောပြပါ့မယ် အမှောင်ထဲမှာကျရှုံးမသွားဖို့ အဆုံးစွန်တောက်လောင်ပြလိုက်ဖို့ ပန့်ရော့ခ်သီချင်းတွေကပဲ ငါ့အသက်ကိုဆွဲဆန့်ထားတာ သူတို့မကြောက်ခဲ့ကြပေမယ့် အရာအများကြီးဖြစ်ပျက်သွားတယ် ငါတ

Melancholia

ငါ့အခန်းထဲမှာ ဝမ်းနည်းမှုက ရေဒီယိုသတ္တိကြွ ဘာအတွက်ကြောင့် ရှင်ကျန်ရမလဲ အချိန်ကာလရဲ့ တကယ့်အလေးချိန်က အခုမှငါ့အပေါ် အပြည့်အဝဖိစီးတယ် ထာဝရပျောက်ဆုံးသွားတဲ့သူတွေ သူတို့ရဲ့မှတ်ဉာဏ်က ဓားရှည်တစ်လက်လို ငါ့ကိုထွင်းဖောက်သွားတယ် အနှောင်အတားတွေနဲ့ ကမ္ဘာမှာ ငါတို့ဘဝတွေ ဆက်သွားနေတယ် တိုးတိတ်လှတဲ့ဒဏ်ရာကိုယ်စီ နေ့ရက်တွေဟာ ငါ့ပုခုံးပေါ်မှာ တဖြည်းဖြည်းလေးပင်လာတယ် ငါဘယ်လိုနေရမှာ လဆီဆန့်တန်းထားတဲ့ ငါတို့လက်ဖျားတွေ ဘာအတွက်ကြောင့်များ တိတ်ဆိတ်သွား မြစ်ပြင်ပေါ်ကလရိပ်မှာ အနာ ဒီနေ့ဟာလည်း မနေ့တုန်းကအလင်းအတိုင်း ဝမ်းနည်းမှုက ငါ့အခန်းထဲ အပိုင်းတွေအစတွေလို တစ်စချင်းဖြာကျတယ်     ပိုင်ဉာဏ်     2nd November, 2014

the light beyond / our shadows

လိပ်ပြာတွေ ။ နွေဦးရာသီ ။ တိုးတိုးပြောပေမယ့် အရိပ်တွေ အကျယ်ကြီးထွက်သွားတယ် ။ စိုက်ကျနေတဲ့မျက်တောင်ကော့တွေကြောင့်ပဲ ငါ့မှာစိုက်ဆင်း ။ မင်းရဲ့အထီးတည်းဖြစ်မှုကို မြင်နေရတဲ့အချိန်မှာ ငါ့အထီးကျန်ဆန်မှုကို ငါ မေ့ဖျောက်ထားမိတယ် ။ ဝမ်းနည်းနေသလိုမျက်နှာလေးက သိပ်လှတာပဲလို့ ငါဆိုရင် ။ တိမ်အုပ်တွေလောက် မနက်ရှိုင်းလိုက်နဲ့ ။ တံတားက ဖြောင့်တန်းနေဖို့ မဖြစ်မနေမလိုအပ်ခဲ့ဘူး ။ ပုံပျက်နေတဲ့လောကထဲ အဝေးကိုကြည့်ငေးနေတဲ့မျက်ဝန်းတွေက ငါ့ကို အဝေးကြီးလွင့်စင်သွားစေတယ် ။ ငါလည်း ညခင်းတွေ အိပ်မပျော်ပါဘူး ။ တစ်လျှောက်လုံးတင်းခံခဲ့သမျှစိတ်တွေ အဲဒီမျက်ဝန်းတွေဆီရောက်မှ ရေတံခွန်လိုလျှောကျ ။ ပစ်တင်လိုက်တဲ့မီးကျည်တွေဟာ နောင်နှစ်အချို့အထိ ပြန်ကျမလာကြတော့ဘူး ။ တစ်ခုတည်းသောတယောသံက ဆွေးဆွေးမြည့်မြည့် အီတယ် ။ တွန်းဖွင့်ဝင်သွားတဲ့တံခါးချပ်တွေနောက်မှာ နောက်ထပ်တံခါးချပ်တွေပဲတွေ့နေရတာ ။ စိုက်ချလိုက်တိုင်း တိမ်တွေက ။ ငါတို့သိတဲ့အရာတွေကို ငါတို့မသိတော့ဘူး ။ အခုမှစမြင်ဖူးမှန်း သိပ်ကိုသေချာနေတဲ့မြင်ကွင်းတစ်ခုကို အနှစ်နှစ်အလလက သိပ်ကိုရင်းနှီးနေခဲ့သလို ခံစားချက်မျိုး ။ တစ်ဘဝလုံးရူးမိတာတွေအတွက် ၊ နောက်ပြီး တစ်ဘဝလုံးမရူး

untitled

တစ်ဘဝလုံးရူးခဲ့ရသမျှအော်သံတွေက ကျောက်ဆောင်တွေဆီကပြန်ကန်ထွက်လာတယ် ငါ့မှာ လက်သည်းတွေမရှိဘူး လက်တွေက ကျောက်သားအပြည့် ဖြစ်ခဲ့ရသမျှအဖြစ်တွေက လူသားကိုရည်ညွှန်းပြီး လူသားရဲ့ ဘေးဆိုးကပ်ဆိုးကိုမေ့ဖျောက်ချင်စိတ်က သတ်ချင်တာ တစ်ပိုင်းကိုသေနေတာ တောင်တန်းကို အလည်အပတ်သွားရန် မီးရထားသံတညံညံ ဖြစ်မြောက်ခြင်းက မျက်မြင်ထင်ရှား ငါ မင်းဆီ ဖုန်းမခေါ်တော့ဘူး လေတွေကိုစုပြီး လေသင်္ဘောကြီးစီးနိုင်မှတော့ ဒုန်းပြေးသွားတဲ့မြင်းတွေရဲ့ လည်ဆံတဖွားဖွားလွင့်ကျန်ခဲ့တဲ့နောက် ချောက်ကမ်းအစွန်းမှာ တိကနဲတန့်သွားတော့ ကမ္ဘာတစ်ဖက်ခြမ်းက မြက်ရိုင်းလွင်ပြင်ကျယ်ကြီးတစ်ခုမှာ စိတ်ဒဏ်ရာနဲ့ လူသားဆန်မှုမှာ စိတ်ဒဏ်ရာအထပ်ထပ်နဲ့ အတောင်ပံနှစ်ထပ်နဲ့လေယာဉ် တိမ်အုပ်ထဲဝင်သွားတာ ဘယ်တော့မှပြန်မလာတော့ဘူး တစ်လျှောက်လုံးလျှောက်ခဲ့တော့ သမိုင်းဟာထင်ယောင်ထင်မှားဖြစ်မှုထဲ အတုတစ်ခုလိုလည်ပတ်တယ် သမိုင်းဘီးကို လူသားနွံထဲမှာဆယ်ကြည့် ရကြည့် အဓိပ္ပာယ်ဖော်ကြည့် နောက်ဆုံးအကြည့်ကိုကျ ဝတ်ရုံရှည်တစ်ခုက ထုတ်လွှတ်တယ် ဖမ်းယူရရှိတယ် ငါ့ဘေးမှာ တစ်စုံတစ်ယောက်ကို လိုအပ်နေတဲ့အခါမှာ အဲဒီတစ်စုံတစ်ယောက်ဟာ ယေဘုယျရည်ညွှန်းချက်မဟုတ်မှန်း ၊ တစ်ယောက်ကိုတစ်ယောက် ပစ်လိုက်ကြပြီး

--..

ဒီလိုအင်္ဂါနေ့မျိုးမှာ မင်း ဘယ်လိုနေလဲ အပြင်မှာလေတွေတအားတိုက်နေတယ် မျက်နှာကြက်ကမီးလုံး မှိတ်ချည်လင်းချည်ဖြစ်နေတယ် တံခါးချပ် ကျွီခနဲပွင့်သွားတယ် လေစီးကြောင်းက ငါ့အဇ္ဈတ္တကို ဆောင့်တိုက်သွားတယ် အပြင်မှာမိုးတွေတအားရွာနေတယ် တစ်ခန်းလုံးမှောင်ကျသွားတယ် ကြောင်က ငါ့စာအုပ်တွေပေါ်ပြေးတက်သွားတယ် ငါ မင်းကိုပဲ စဉ်းစားနေခဲ့တာ သတိရစရာမရှိဖူးတဲ့အကြောင်း သတိရနေခဲ့တာ ငါ့နားကြပ်ထဲမှာ ဂစ်တာသံကဲတဲ့ ငါနားမလည်တဲ့ J-Rock တွေ ငါ့သိစိတ်ထဲမှာ ပျံစရာအတောင်ပံတွေလိုချင်တဲ့ ချာတိတ်မလေးတစ်ယောက် ဒီလိုနေ့မျိုးမှာ မင်းဘယ်လိုနေမလဲ အပြင်မှာ လေတွေတအားတိုက်နေတယ် အပြင်မှာ မိုးတွေတအားရွာနေတယ်        ပိုင်ဉာဏ်        8th July, 2014

လူလုပ်မှတ်ဉာဏ် - ၁၀

စိတ်တွေအကုန်ဖွင့်မောင်းတော့ ပျော်ရွှင်မှုက မိုင်းလိုကွဲတယ် ။ ငါ့စောက်ကျင့်ကိုဖျောက်ဖို့ ငါ့နားထင်ငါ Luger နဲ့တေ့ဖြုတ် လူအဖြစ်က ပကတိတန်ဖိုးသုည ညတွေဘယ်လောက်ဝေးဝေး ညာနေတယ် ငါဘယ်မှာ သမိုင်းအတုနဲ့လာတဲ့ လူမျိုးအတုဟာ ငါတို့ပဲ ။ ဘာသာစကားကို မင်းနားလည်ပါတယ် လို့မင်းထင်ထားတာ လို့ငါထင်တယ် ငါထင်ပါတယ် (အပြန်အလှန်အားဖြင့်) ဖန်သားပြင်မှိတ်သွားတယ် / ငါ့စိတ်အကြည်သားမှိတ်သွားတယ် ။ ငါ့စိတ်ဟာ အလိုလိုပြဌာန်းခံထားရတဲ့ လက်အောက်ခံနယ်တဖြစ်လဲ ဘယ်တုန်းကမှ ဘဝကိုမပိုင်ခဲ့ဘူး လို့ ငါဖင်ယားပြီးတွေးနေမိတည်းက ငါ့သိမှုက ဒီလူမှုအဝန်းအဝိုင်းရဲ့ အပြဌာန်းခံသိမှုစောက်တလွဲ သေခြင်းတရားက သူ့လက်တံတွေနဲ့ ဆန့်မိုးထားတယ်လို့ ခံစားရတဲ့အပိုင်းအခြားမှာ အရာအားလုံး သေဆုံးသွားတယ်လို့ ငါထင်မိတာ တကယ့်အဖြစ်မှန်က အရာအားလုံးဆိုတာမရှိပဲ ငါတစ်ယောက်တည်း သေဆုံးသွားတာ သိစိတ်တွေ နံရံလိုပြိုကျနေရတာကို ဘယ်သူမှမတားကြဘူး ။ ဇာတ်ဆောာင်ကပဲ တစ်လျှောက်လုံးပြောလာတယ် မှတ်ဉာဏ်ရဲ့ ထပ်ခိုးကတဆင့်ထုတ်လုပ်နေတဲ့ ဇာတ်ပြောမဆုံးခင်မှာပဲ သူလုပ်နေကျစောက်ပိုတွေက ငါလုပ်နေကျစောက်ပိုတွေဖြစ်လာပြီး သူက ငါဖြစ်လာပြီး ဇာတ်ဆောင်က သူဖြစ်လာပြီး မြို့က သူ့အကြ

Adroit Flames to my heaven / ငါ့နိဗ္ဗာန်အတွက် စံနှုန်းပြည့်မီးတောက်တွေ

    Adroit Flames to my heaven Honestly, you will see for sure. I just don't feel comfortable with some happy folk. The void still remains in my ego and steadily eats me alive. Since then, I have never survived from my own collapsing world. The darkness is burning me bright in your woods. Pardon, but I don't know you anymore. The wall is currently blurring my poor line of sight. I was blocked exclusively for nearly a century. You don't scare the shit out of me. The pool had been killed and resurrected like three times already. I just don't mess with me and I just dived into my abyss. FYI, I does not equal to I. They are trying to stab me but I am only trying to terminate their existences. Beyond gold, the fire catches and never comes to an end. I'm running in your tunnel and I don't even try to get out of here. People arm themselves with fangs and smiles. My being here and being now is so vulnerable and I like this shit. I don't mean any

မြို့သားတွေရဲ့ သေနတ်ပစ်ခန်း

မြို့ဟာ အသံတိတ်ရုပ်ရှင်ကားလို ကိုယ်ဟန်အနေအထားမျိုးနဲ့ သူ့ကိုပွေ့ထားတယ်။ ဒါဟာ အရှိတရားပါ။ ဒါဟာ အမှန်တရားပါ။ ဘယ်လောက်များသေချာလိုက်သလဲ။ စားပွဲပေါ်မှာတင်ထားတဲ့ တယ်လီဖုန်းက အရူးအမူးမြည်နေတယ်။ ဖြိုဖျက်ပြီးမှ ပြန်လည်တည်ဆောက်မယ့်မြို့နဲ့ မပြီးနိုင်မစီးနိုင် လူထုအခြေပြမိန့်ခွန်း။ ငါ့ရဲ့မသိစိတ်ထဲမှာ တွေ့ရမယ့် အတိမ်မြုပ်ခံလိုအင်တွေရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း။ အရာအားလုံးငြိမ်သက်သွားတဲ့အချိန်မှာ ငါ့ဖြစ်တည်မှုက ဘယ်လောက်သေချာလိုက်သလဲ။ ဇာတ်လမ်းထဲမှာ သေနတ်တစ်လက်ကို မြင်တယ်။ တစ်ချိန်ချိန်တော့ ပစ်ကိုပစ်ရမှာ။ ဒီလိုမျိုး မြို့က ငါ့ငြီးငွေ့မှုထုထည်ကြီးကို ထမ်းထားရတာပဲ။ ပိတ်ပြီးပြန်ဖွင့်တော့ ငါ့ကိုယ်ငါ အုတ်တွေတပိုင်းတစပြိုကျနေတဲ့ ဝတ်ကျောင်းတော်အလယ်မှာ တွေ့တယ်။ လိဒ်ဂစ်တာတစ်လက်ကို အရူးအမူးတီးခတ်နေတယ်။ ခေါင်းစွပ်ဝတ်ရုံအနက်တွေနဲ့ နတ်ဘုရားတွေရဲ့တယောသံက နောက်ခံဂီတ။ ငါဖတ်လက်စ စာအုပ်ထဲက စာသားတစ်ချို့ပျောက်သွားပြီး လိပ်ပြာတစ်ကောင်ဝင်ရောက်လာတယ်။ မှတ်ဉာဏ်တွေက သိပ်ကိုနာကျင်ရတယ်။ တစ်ခါတစ်ခါ စဉ်းစားမိတာ ငါဘယ်တော့မှပြန်မရောက်နိုင်မယ့်နေ့တွေဆီကို။ ငါတို့တွေ ဘာဖြစ်နေဖြစ်နေ မြို့ဟာ ဆက်သွားနေဖို့လိုပါတယ်။ ဘယ်တော့

ပိတ်ပြီးပြန်ဖွင့်တော့ တံခါးကိုတွေ့တယ်

နာရီလက်တံအတိုင်း လည်တယ် တော်တော်ကြာကြာနေထိုင်ရဦးမှာ ပန်းချီကားထဲကို ခုန်ဝင်သွားကြတယ် တအားကိုလေးပင်လွန်းတယ် မြောက်ဝင်ရိုးစွန်းဆီ နောက်ဆုံးတော့ ရောက်ဖူးတာပဲ လိုင်းတွေအဖြစ်နဲ့ ငြိမ်သက်သွား had been sort of lost တကယ်တော့ အမွေးပွပွဝက်ဝံရုပ်လေးပါပဲ ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ပါပဲ ငါ့အပေါ်ဖိစီးနေတဲ့ စနစ်အဆောက်အအုံပါပဲ နာနိုချစ်ပ်ပြားတစ်ခုလို ရာဇပလ္လင်တစ်ခုလို cut the crap ကတိုက်ကရိုက် ပြန်ထွက်လာကြတယ် ဦးခေါင်းခွံထဲက ကျည်ဆန်ထိပ်ဖူးလို ပြုမူတယ် တီဗွီချန်နယ်မှာ တိုက်ရိုက်ပြနေတယ် ဟုတ်ပါတယ် နေကောင်းတယ် အလုပ်မှာ စိတ်အရမ်းပင်ပန်းတယ် ― ― ― ဖျတ်ဆို ပြတ်တောက်သွား ပျော်စရာအတိ ထင်ခဲ့မိတာ မီးသတ်ကားဥသြသံကို လက်ဆင့်ကမ်းပေးပါ အလိပ်လိုက် အခွေလိုက် ကြွေကျလာတယ် တော်တော်လေးနားလည်ပေးကြတယ် ဘယ်သူ့တော်လှန်ရေးလဲ နံရံတစ်ချပ်လို သဘောထားတယ် သူ့ကိုတော့ဖြင့် ဂရုစိုက်ပေးပါ နောက်ဆုံးစာမျက်နှာကို မဖတ်တော့ဘူး သူပုန်စိတ်လေးအနည်းအကျဉ်းတော့ ကျန်သေးတာပဲ     ပိုင်ဉာဏ်     24th January, 2013

ပြေးလမ်း

"ဆူညံသံတွေကနေကင်းလွတ်အောင် ငါ့နားတွေကိုဖုံးကွယ်ထားလိုက်တယ် ဘာတွေကြောင့်များ ငါတို့တစ်ယောက်ကိုတစ်ယောက် နာကျင်စေနေကြရတာ" အလင်းရောင်ကျတာ မလုံလောက်ဘူး ဒီမှာ အဖြူရောင်အမည်းရောင်ပုံရိပ်ယောင် နေရာကနေ ထွက်ခွာဖို့ ဆိုက်ရောက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ် အရင်လိုလူသားဆန်တဲ့ အတွင်းသားပျောက်ဆုံးသွားပြီး အပြင်ခွံသက်သက်ချည်းပဲကျန်ခဲ့ရင်တောင် ငါတို့ဆက်ပြေးနေကြရ အက်ရာတွေနဲ့မြို့ကို အနွေးဓာတ်ကျတာ မလုံလောက်ဘူး လမ်းတွေဆီ တဆက်တစပ်တည်းရောက်သွားပြီး ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုလိုမျိုး ။ ဒဏ်ရာမတွေ့တဲ့လွင်ပြင်ထဲ ဇာတ်ဆောင် တစ် - နှစ် - သုံး - တစ် ရာစုနှစ်များစွာကခရီးသွားရဲ့ ဓားမြောင်ရှည်ကို နတ်ကွန်းထဲမှာ ရသွားတယ် လက်ရှိငါကို အတိတ်ငါက အခါအားလျော်စွာ သတိပေးတားမြစ်ချက် စက္ကူတွေ လေယာဉ်လိုဖြတ်ပျံသွားတော့ ငါ့နားတွေကို ဖုံးကွယ်ထားလိုက်တယ် ကားရေဒီယိုကို ၉၃.၇ မဂ္ဂါဟက်ဇ် အက်ဖ်အမ် ပြောင်းကြည့်မိ 'All we are is dust in the wind' - သီချင်းစာသားတွေ လွင့်ကျလာ မှန်သားကိုဖြတ်ပြီး စိုက်ဆင်းလာတယ် အလင်းတွေတအားစူးလို့ ငါ့မျက်လုံးကို ဖုံးကွယ်ထားရတယ် တိုက်ခိုက်မှုအပြီး ရှင်ကျန်သူတွေထဲမှာ မင်းက ရ