Posts

Showing posts from January, 2014

ပိတ်ပြီးပြန်ဖွင့်တော့ တံခါးကိုတွေ့တယ်

နာရီလက်တံအတိုင်း လည်တယ် တော်တော်ကြာကြာနေထိုင်ရဦးမှာ ပန်းချီကားထဲကို ခုန်ဝင်သွားကြတယ် တအားကိုလေးပင်လွန်းတယ် မြောက်ဝင်ရိုးစွန်းဆီ နောက်ဆုံးတော့ ရောက်ဖူးတာပဲ လိုင်းတွေအဖြစ်နဲ့ ငြိမ်သက်သွား had been sort of lost တကယ်တော့ အမွေးပွပွဝက်ဝံရုပ်လေးပါပဲ ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ပါပဲ ငါ့အပေါ်ဖိစီးနေတဲ့ စနစ်အဆောက်အအုံပါပဲ နာနိုချစ်ပ်ပြားတစ်ခုလို ရာဇပလ္လင်တစ်ခုလို cut the crap ကတိုက်ကရိုက် ပြန်ထွက်လာကြတယ် ဦးခေါင်းခွံထဲက ကျည်ဆန်ထိပ်ဖူးလို ပြုမူတယ် တီဗွီချန်နယ်မှာ တိုက်ရိုက်ပြနေတယ် ဟုတ်ပါတယ် နေကောင်းတယ် အလုပ်မှာ စိတ်အရမ်းပင်ပန်းတယ် ― ― ― ဖျတ်ဆို ပြတ်တောက်သွား ပျော်စရာအတိ ထင်ခဲ့မိတာ မီးသတ်ကားဥသြသံကို လက်ဆင့်ကမ်းပေးပါ အလိပ်လိုက် အခွေလိုက် ကြွေကျလာတယ် တော်တော်လေးနားလည်ပေးကြတယ် ဘယ်သူ့တော်လှန်ရေးလဲ နံရံတစ်ချပ်လို သဘောထားတယ် သူ့ကိုတော့ဖြင့် ဂရုစိုက်ပေးပါ နောက်ဆုံးစာမျက်နှာကို မဖတ်တော့ဘူး သူပုန်စိတ်လေးအနည်းအကျဉ်းတော့ ကျန်သေးတာပဲ     ပိုင်ဉာဏ်     24th January, 2013

ပြေးလမ်း

"ဆူညံသံတွေကနေကင်းလွတ်အောင် ငါ့နားတွေကိုဖုံးကွယ်ထားလိုက်တယ် ဘာတွေကြောင့်များ ငါတို့တစ်ယောက်ကိုတစ်ယောက် နာကျင်စေနေကြရတာ" အလင်းရောင်ကျတာ မလုံလောက်ဘူး ဒီမှာ အဖြူရောင်အမည်းရောင်ပုံရိပ်ယောင် နေရာကနေ ထွက်ခွာဖို့ ဆိုက်ရောက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ် အရင်လိုလူသားဆန်တဲ့ အတွင်းသားပျောက်ဆုံးသွားပြီး အပြင်ခွံသက်သက်ချည်းပဲကျန်ခဲ့ရင်တောင် ငါတို့ဆက်ပြေးနေကြရ အက်ရာတွေနဲ့မြို့ကို အနွေးဓာတ်ကျတာ မလုံလောက်ဘူး လမ်းတွေဆီ တဆက်တစပ်တည်းရောက်သွားပြီး ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုလိုမျိုး ။ ဒဏ်ရာမတွေ့တဲ့လွင်ပြင်ထဲ ဇာတ်ဆောင် တစ် - နှစ် - သုံး - တစ် ရာစုနှစ်များစွာကခရီးသွားရဲ့ ဓားမြောင်ရှည်ကို နတ်ကွန်းထဲမှာ ရသွားတယ် လက်ရှိငါကို အတိတ်ငါက အခါအားလျော်စွာ သတိပေးတားမြစ်ချက် စက္ကူတွေ လေယာဉ်လိုဖြတ်ပျံသွားတော့ ငါ့နားတွေကို ဖုံးကွယ်ထားလိုက်တယ် ကားရေဒီယိုကို ၉၃.၇ မဂ္ဂါဟက်ဇ် အက်ဖ်အမ် ပြောင်းကြည့်မိ 'All we are is dust in the wind' - သီချင်းစာသားတွေ လွင့်ကျလာ မှန်သားကိုဖြတ်ပြီး စိုက်ဆင်းလာတယ် အလင်းတွေတအားစူးလို့ ငါ့မျက်လုံးကို ဖုံးကွယ်ထားရတယ် တိုက်ခိုက်မှုအပြီး ရှင်ကျန်သူတွေထဲမှာ မင်းက ရ