Posts

Showing posts from November, 2014

Deepen

Deepen ငါ့စိတ်ဟာ အခေါင်းပေါက် ငါ့စိတ်ဟာ အဖြူတစ်ဖက် အနက်တစ်ဖက် ဥမင် ရှင်ကျန်ရစ်တဲ့အတွက် ကျေးဇူးတရား ဒီတံခါးတွေဟာ မဖြစ်နိုင်ပါဘူး ဒါက ဘယ်လိုငရဲမျိုးလဲ ဆိုးဆိုးရွားရွား ယိမ်းထိုးလှုပ်ရှားနေတဲ့အိပ်မက်မှာ မင်းရဲ့လက်တွေကို ငါ အသေအချာဆွဲကိုင်ထားပါ့မယ် အလင်းသွားရဲ့နွေးထွေးမှုမျိုး သူက ကြွေနေတဲ့ကြယ်ပဲ ငါတို့ဟာလည်း ကြွေနေတဲ့ကြယ်တွေပဲ        ပိုင်ဉာဏ်        28th November, 2014 Deepen My mind is hollow My mind is a partial-white and half-black tunnel The gratitude owed for being survived These doors cannot be possible What sort of hell is this? Inside this badly shimmering dream I will definitely hold your hands Like the warmth emitted from lightning bolt She sure is a shooting star We all as well are shooting stars        Paing Nyan        28th November, 2014

Yakusoku

The sun setting in far distant land Solitary clouds are being faintly dyed red Overwhelmingly I feel so suffocated And wearily lonely amidst the feast For the grey woods in helplessness I will let you know whenever my soul is aching in agony Under incomplete chorus of your starry blanket A glance back at my entire core only It was like much much empty And it still is Like some shoulder of broken dreams To the abyss of our own hopelessness That sun sinks deep     Paing Nyan     8th November, 2014

ငါ pandora box ကို ဖွင့်လိုက်မိတယ်။ နောက်နေ့မနက်

လက်လွှတ်လိုက်ပါတယ်ဆိုတော့ ဒီအခန်းဆက် paradox မှာ ငါ့အမြဲတမ်းရှိနေမယ် စိတ်ကျ လွတ်ပြေး ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ ဆူညံပေါက်ကွဲတဲ့ဂစ်တာသံစူးစူးအောက် ဒီမျက်ဝန်းတွေပဲ ဘယ်သူမှသတိမထားခဲ့တာ ဘယ်သူမှသတိမရခဲ့တဲ့ ငါအခုတကယ်ထွက်သွားဖို့လိုက်နေပြီ ဒီကမ္ဘာကစောက်ရူးပဲ ငါစောက်ရူးတစ်ကောင်လို သိမ်မွေ့ခဲ့ကြောင်း မင်းကိုသိစေချင်တာ နှင်းစက်တွေအောက်ကဝိညာဉ်လို နေရောင်တန်းတွေအောက်ကဝိညာဉ်လို အောက်ပြုတ်ကျသွားတဲ့ swiss_army_knife အောက်ကိုနိမ့်ဆင်းသွားတဲ့ ငါ့နှလုံးသား မြို့ကိုလှမ်းကြည့်တော့ ညဟာ တောက်တောက်ပပလောင်ကျွမ်းနေ ငါဘယ်သူလဲဆိုတာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့တစ္ဆေမှာ အကူအညီလိုအပ်သူတိုင်း ဒီမျက်ဝန်းတွေကိုတွေ့ရတယ် ငါတစ်ယောက်တည်းတိုက်ခိုက်နေ ငါမင်းကိုပဲစဉ်းစားနေခဲ့တာ လက်ရှိဒဏ်ရာ နေ့တွေတိုင်းညတွေတိုင်း ပျံသန်းရောက်ရှိလာတဲ့နာကျင်မှုတွေဟာ လှပတဲ့ပြဇာတ် အရာအားလုံးကြာခဲ့ပါပြီ သူတို့သာအချိန်မီသိခဲ့ရင် unconditional past ငါပြောဖြစ်မယ့်အရာတွေမင်းကိုပြောပြပါ့မယ် အမှောင်ထဲမှာကျရှုံးမသွားဖို့ အဆုံးစွန်တောက်လောင်ပြလိုက်ဖို့ ပန့်ရော့ခ်သီချင်းတွေကပဲ ငါ့အသက်ကိုဆွဲဆန့်ထားတာ သူတို့မကြောက်ခဲ့ကြပေမယ့် အရာအများကြီးဖြစ်ပျက်သွားတယ် ငါတ

Melancholia

ငါ့အခန်းထဲမှာ ဝမ်းနည်းမှုက ရေဒီယိုသတ္တိကြွ ဘာအတွက်ကြောင့် ရှင်ကျန်ရမလဲ အချိန်ကာလရဲ့ တကယ့်အလေးချိန်က အခုမှငါ့အပေါ် အပြည့်အဝဖိစီးတယ် ထာဝရပျောက်ဆုံးသွားတဲ့သူတွေ သူတို့ရဲ့မှတ်ဉာဏ်က ဓားရှည်တစ်လက်လို ငါ့ကိုထွင်းဖောက်သွားတယ် အနှောင်အတားတွေနဲ့ ကမ္ဘာမှာ ငါတို့ဘဝတွေ ဆက်သွားနေတယ် တိုးတိတ်လှတဲ့ဒဏ်ရာကိုယ်စီ နေ့ရက်တွေဟာ ငါ့ပုခုံးပေါ်မှာ တဖြည်းဖြည်းလေးပင်လာတယ် ငါဘယ်လိုနေရမှာ လဆီဆန့်တန်းထားတဲ့ ငါတို့လက်ဖျားတွေ ဘာအတွက်ကြောင့်များ တိတ်ဆိတ်သွား မြစ်ပြင်ပေါ်ကလရိပ်မှာ အနာ ဒီနေ့ဟာလည်း မနေ့တုန်းကအလင်းအတိုင်း ဝမ်းနည်းမှုက ငါ့အခန်းထဲ အပိုင်းတွေအစတွေလို တစ်စချင်းဖြာကျတယ်     ပိုင်ဉာဏ်     2nd November, 2014