Posts

Showing posts from April, 2015

(၅)

ရုပ်မြင်သံကြားမှ တိုက်ရိုက် အသံလွှင့်နေပါတယ် ဒီနေရာဟာ ဘာလဲ ။ ငါ့ဦးခေါင်းပေါ်က အမှတ်အသား ။ ဖြစ်ခဲ့သမျှတွေအတွက် ပြာစတွေ ။ သိသလောက် ပြောကြည့်ဖို့ ကြိုးစားကြည့်ပေမယ့် ပြောသလောက် မသိကြတော့ကာ ။ ထိပ်ဖူးတပ် အဖုံးအကာနဲ့ လုံခြုံထားတဲ့ အသိုက် ။ ဘဝဟာ ဖျက်ဆီးပြီးမှရတဲ့ ကြီးကျယ်ခမ်းနားခြင်းနဲ့ စတင်တယ် ။ ဒါတွေအားလုံးရဲ့ အစဟာ ဝင်္ကပါ(၁) ။ ငါ့အရေပြားပေါ် တိုက်ခတ်လာတဲ့ လေပူတွေအတွက် မွေးနေ့ဆုတောင်း ။ ဖြစ်တန်ချေ အနည်းဆုံးရှိမှ အလုပ်ဖြစ်မယ့် စာသားအတုလို မီးခိုးအတု ။ ငါ့အတွက်တော့ ထားလိုက်ပါ ။ အင်္ဂါနေ့တွေနဲ့ သောကြာနေ့တွေတိုင်း ။ ငါ့လက်ဖဝါးထဲက စိတ်ဟာ တဒိတ်ဒိတ် ။ ရေးလက်စ ဒဏ်ရာတိုင်း လေထုထဲပျောက်ကွယ်သွားတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ။ တိမ်တွေတအားရွေ့လာတယ် ။ သတိထားမိဖို့အတွက် တစ်စုံတစ်ယောက်ဆီ ပေးခဲ့တဲ့ကတိစကား ။ နင်က ငါ့ရဲ့တစ်စုံတစ်ယောက်ပဲ ။ ငါ့ကျောပေါ်မှာ ချိတ်ထားတဲ့ကြိုးကို ။ အောက်စိုက်ကျနေတဲ့ နေရောင်အောက်မှာ ။ သူတို့ဘာမှမတတ်နိုင်ခဲ့ကြပါဘူး ။ ခြုံထည်ကို လွှမ်းပေးလိုက်ကြတယ် ။ သစ်တောလမ်းထဲမှာ မင်းဘာတွေများ ပြောခဲ့သေးလဲ ။ မေးခွန်းဟာ ငါ့ကိုပဲ ပြန်ဖိစီးနေတယ် ။ ဒီအစိတ်အပိုင်းအတွက် တန်ကြ