Posts

Showing posts from July, 2015

I needed that smoke

မျက်ဝန်းတွေမှာ တသီးတသန့်အရောင်တစ်ခုစီ တောက်တောက်ပပ ရှိတယ်ဆိုကြပါစို့ မမြင်နိုင်တဲ့ အကောင်အထည်တစ်ခုစီအတွက် သူတို့လောင်ကျွမ်းသွားတာ အရမ်းလှပလွန်းတဲ့မီးတောက် မယုံကြည်သူများအတွက် ၊ ကြိုတင်ဖန်တီးထားတဲ့ အံ့အားသင့်မှုထဲမှာ ၊ တအားလည်ပတ်နေတဲ့ ချားရဟတ်ထဲမှာ ၊ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့တွေ ပျော်ဝင်သွားတယ် ဘယ်တော့မှမပြောဖြစ်မယ့် စကားတွေ ငါ့ဘေးပတ်လည်က မြက်ခင်းစိမ်းရောင်နံရံတွေ အဆို့ကိုဆွဲဖြုတ်လိုက်တာနဲ့ ငါ့ခေါင်းထဲကရေစီးက မရပ်တန့်တော့ ဘယ်လိုရှင်သန်သွားပါမယ် ၊ ဘယ်လိုပျောက်ကွယ်သွားပါမယ် ၊ ယုံကြည်သူများအတွက် ကြိုဟောစာတမ်း ဟိုးဝေးဝေးက မြို့ရဲ့အလင်းတန်းတွေက ကာလတရားကို ဝဲဂယက်လိုစုပ်ယူသွား လျှောက်လည်း မရောက်မယ့်လမ်းတွေ မရောက်လည်း လျှောက်မယ့်လမ်းတွေ ငါ့အသက်နှစ်ဆယ့်နှစ်ပြည့်တဲ့ညမှာ ငါ့အခန်းမျက်နှာကြက်ကို အောက်ခံအနက်လိုက်သုတ်တယ် တဖွားဖွားကျနေတဲ့ရေပန်းအောက်မှာ နှစ်နာရီလုံးလုံး ဒူးနှစ်ဖက်ကိုပိုက်ပြီး ထိုင်တယ် ငါ့ရှေ့မှာရှိနေတဲ့အရောင်တွေကိုပဲ ပိုယုံကြည်လိုက်ရမလား ၊ ငါမမြင်နိုင်တဲ့ လျှပ်စစ်သံလိုက်ရောင်စဉ်လှိုင်းရဲ့ ၉၉ရာနှုန်းထဲမှာ ရှိနိုင်နေသေးတဲ့ တခြားအရောင်တွေအကြောင်းပဲ ဆက်တွေးနေရ