Posts

Showing posts from November, 2015

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့်

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့် ထီးတစ်လက်ကို ကောက်ကိုင်ပြီး ဒုတိယအကြိမ် မျက်လုံးတွေကို ပြန်မှိတ်ချလိုက်တယ်။ ၁၈ နှစ်အရွယ်သူက ချက်ချင်းပဲ ၂၃ နှစ်ရောက်သွားတယ်။ နောက်ဆုံးအကြိမ် သူတို့တွေ့ကြတုန်းက သူချစ်တဲ့ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဘဝကို ဒဏ်ရာတစ်ခုလို ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ပြန်မလာနိုင်တော့မယ့်အရာတွေအတွက် ဇင်မောင်ကျော်ကိုကိုသန့် ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ မမျှော်လင့်ပဲ တစ်စုံတစ်ယောက်နဲ့ အချိန်အတန်ကြာရယ်မောခဲ့ခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန်အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်းသိတာပေါ့။ လက်ရှိသက္ကရာဇ်မှာ ချစ်ရသူရဲ့ နာရီဒိုင်ခွက်တွေ တစ်ခုမှ မရှိကြတော့ဘူး။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို သွေးအေးအေးနဲ့ကြည့်ရှုတတ်တဲ့ ဇာတ်ကောင်တစ်ယောက်လို ဖြတ်သန်းခဲ့သူပါ။ ပထမတစ်ခါ ခေါင်းငုံ့ချလိုက်တုန်းက ဇင်မောင်ကျော်ကိုကိုသန့်ဟာ ရုတ်တရက် အသက်တွေအရမ်းကြီးလာပြီး ငယ်သေးတဲ့သူ့ကို ထားခဲ့တာလေ။ ဇင်မောင်ကျော်ကိုကိုသန့်ရဲ့ အိမ်ပြန်လမ်းမတွေက မှောင်သင့်တာထက် ပိုပြီးတော့မှောင်တယ် ။ ဘဝမှာ သူမမြင်ချင်တဲ့အရာတွေကပဲ သူ့ကို ချော

ကဗျာဟာ ငါ့ကိုဗဟိုပြုမလို့ဆို။ ဒီလိုနဲ့ပဲ

ဟုတ်ပါတယ်။ ဒီသတင်းအမှန်ပါပဲ။ ကိုယ့်လက်တွေကို သူကိုင်တွယ်ခဲ့တယ်။ မင်းသိတဲ့အရှိတရားကို ကျနော်စောက်တလွဲကြီးပြောပြမလို့။ ကိုယ့်ကို မင်းယုံကြည်တယ်မလား။ လူမရှိတဲ့တံခါးတွေတိုင်းကို လိုက်ခေါက်တယ်။ မဖွင့်ရကောင်းလားဆိုပြီး နေ့စဉ်ထုတ်သတင်းစာကို မီးတင်ရှို့တယ်။ မင်းမြင်ပါတယ်။ မီးခိုးတွေက တိမ်ရောင်ဖြစ်သွားပြီး တိမ်တွေက မီးခိုးရောင်ဖြစ်သွားတာ။ ကိုယ့်ရှေ့မှောက်မှာ ရှိတယ်ဆိုတဲ့ ကိုယ့်ရှေ့မှောက်ထားတဲ့ ကိုယ်ဟာဘာလဲ။ ကိုယ်ဘာသိမှာလဲ။ paradox ထဲမှာ ကိုယ်ဟာ မင်းအတွက်အရှိတရားပဲ။ မင်းဟာ ကိုယ်ပဲ။ ကျနော်မင်းနဲ့ လက်ထပ်ခဲ့တာပေါ့။ ပြီးတော့ ကိုယ့်ကိုမွေးဖွားခဲ့တာပေါ့။ အဆုံးမှာ မင်းကို ကိုယ်ပဲပစ်တာ။ ဟော တွေ့လား။ ကျနော်ပြောပြတဲ့ အရှိတရား။ ရွေးကောက်ခံဆိတ်တွေဟာ တကယ်ပါဆို။ မင်းပြုတဲ့ဗဟိုဟာ သူတစ်ပါးရဲ့လိင်အင်္ဂါဖြစ်နေတာ။ keep rollin' rollin' rollin' rollin' ကိုယ်စောက်ကောင်းနားထောင်နေတုန်း ကျနော်နဲ့ limp bizkit နဲ့က shut the fuck up လို့ အကျယ်ကြီးထအော်တယ်။ ကိုယ့်ဗဟိုကို ကိုယ်ပြုကြေးဆိုတဲ့ ပိုကာဝိုင်းမှာ မင်းတက်လာတဲ့ဂျိုကာချပ်ဟာ ငါ့အန်ဖတ်တွေ။ ဒီစိတ်နေစိတ်ထားကို ကိုယ်ဘယ်လိုမှနှစ်သက်နိုင်မှာမဟုတ်ဘ