[ Untitled ] - ဏေသစ်

[ Untitled ]


ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက်

တီဗွီရှေ့ထိုင်ခုံမှာ နောက် ခုနစ်နှစ် ထပ်ကြာသွားတယ်။ တံခါးကို ဆွဲစေ့ထားတဲ့ လက်ကို တစ်နေရာမှာ
လက်အုပ်ချီလျက် အနေအထားအတိုင်း မြင်ဖူးတယ်ဆိုတာ ပြတ်နေတဲ့ လက်တွေကို ကြည့်ရင်း သေချာ

မှတ်မိသွားတာပါပဲ။ လုံခြုံရေး ကင်မရာ အချင်းချင်း တစ်လှည့်စီ စစ်တုရင်ထိုးနေတဲ့ နေရောင်အောက်မှာ
အသစ်အဆန်းဆိုတာ ယုံကြည်မှုပဲလို့ အရှေ့အလယ်ပိုင်းက လူတွေ ကြားအောင် ငါတို့ sound box တွေ

တာဝန်မကျေခဲ့ဘူး။ ဒီဇာတ်ညွှန်းအတိုင်းဆို လူ ကနေ ပိုးဟပ်ကြီး ဖြစ်သွားရမယ့် နေရာဟာ စူပါမားကတ်ရဲ့
အဝတ်လဲခန်း တစ်ခုခုပဲ။ အိမ်သာနံရံက ဆေးကွာနေတဲ့ ဂရပ်ဖစ်တီတွေကို ကျောက်စာတွေလို ငါ တစ်လုံးချင်း

အနက် လိုက်ဖွင့်တယ်။ ရေပိုက်ခေါင်းထဲမှာ သားစားငါးမန်းတွေ တဝုန်းဝုန်း ကူးခတ်နေတယ်။ လက်ရှိကမ္ဘာနဲ့
မလုံလောက်ရခြင်းဟာ ငါတို့အတွက် အမြဲတမ်း အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။

ဒါ masochist တစ်ယောက် ယုံကြည်တဲ့ အနီးစပ်ဆုံး ကောင်းကင်ဘုံပဲ။ ပြီးတော့ မင်းတို့ ထင်သလို
ငါ ပျော်နေပါတယ်။ ။


- ဏေသစ်


(ညွှန်း ။ ။ မောင်ဒေး - ကဗျာများ
 Greenday - Jesus of Suburbia)





[ Untitled ]



Nobody has to pay for my sins. For those who don't get my humor I think of the best way to recycle their oxygen supply line. For hearts which are not for salvation

it takes another seven long years in front seat of TV. The fact that the hands which were closing the door
were once seen somewhere as the palms pressing together had been made sure

by looking at the severed hands. Under the sunlight of security cameras playing chess against each other
our sound boxes were unable to fulfill the duty to let men from middle east hear that

the new trend is belief. According to this script, where man has to metamorph into big cockroach is
in some changing room of the supermarket. I look for the glossaries of graffities peeling on toilet wall

as stone scriptures. Carnivorous sharks are swimming vigorously inside the tap. This world and
its insufficiency had always been a good reason for us.

This is the nearest paradise in which a masochist believes. And as you all think
I am happy.


- nay thit

(Ref: Maung Day - Poems
 Greenday - Jesus of Suburbia)


~ translated by paingnyan

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)