Posts

Showing posts from 2016

အနက်ရောင်အလင်းများ

အနက်ရောင်အလင်းများ အမှောင်ထုထဲ တိုးဝင်ပျောက်ဆုံးသွားတဲ့ အမှောင်ထုတွေ ကြယ်တွေသက်တမ်းကုန်ခါနီးရင် တွင်းနက်ထဲခုန်ချပြီး သတ်သေကြတယ် ဘာလို့စွန့်လွှတ်လိုက်တာလဲလို့ ငါ့ကိုလာမေးရင် တကယ့်ချစ်ခြင်းတရားဆိုတာ ဘာ ညာ အကျွံကြီးတွေ လျှောက်ကြွယ်ပစ်မှာ ပြီးတော့ ကြွေကျခဲ့တဲ့ ကြယ်တံခွန်တွေကို ငါလှမ်းတောင်းပန်မှာ      ပိုင်ဉာဏ်      20th June, 2016

reality edges

အရှိတရားကမ်းပါးစွန်းများ ငါ့ဘဝဟာ ပိုမိုနီးကပ်သွားနေတယ် လမ်းပေါ် လက်ပြတားလိုက်တော့ နောက်ခန်းထဲမှာ ငါချစ်ရတဲ့သူမ ပါလာတယ် မီးတောက်ပြာလဲ့နဲ့ ငါ့ကိုခေါ်ယူသွားမယ့် နေ့ည အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ သူတို့ကနေတစ်ဆင့် ရရှိလာတဲ့ ငါတို့အတွက် ဟာသပြက်လုံးများ ရထားကို ဘယ်မှာမီရပါ့ ။ နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည် ပျက်ကျရတဲ့ ဘဝဆက်တိုင်းဟာ ပျော်စရာ ငြှိမ်းရမယ့်မီးတောက်က ဘာလဲ ။ ပြီးတော့ ဘယ်မလဲ ငါ ဒါမှမဟုတ် ငါ့အစားထိုးဇာတ်ကောင်က သံသရာကို ယုံကြည်ဖူးတယ်တဲ့လား သောကြာညလေထုဟာ မင်းထင်မှတ်မထားတဲ့ ငါ့ချစ်ခြင်းဇုန်မှာ ပိုမိုသိပ်သည်းမှန်း ကိုယ်ဟာ လက်ချောင်းသုံးချောင်းနဲ့ အခြားကမ္ဘာသားပါ ကံကြမ္မာကောမစ်ဆရာ အလိုကျအတိုင်း တကယ့်အပ်ကြောင်းရာထပ်နေတဲ့ တကယ့် LP ဓာတ်ပြားတွေ အမြဲစိမ်းတောအုပ်ဆီကနေ လိပ်ပြာတွေဆီ မျက်နှာကြက်မှာ ၊ နံရံချပ်မှာ ၊ ငါ့ကို အမြစ်လိုစုပ်ယူထားတဲ့ ကြမ်းပြင်မှာ ပင့်ကူမျှင်တွေဆီကရရှိတဲ့ ဝမ်းနည်းမှုလိုမျိုး မင်းမသိနိုင်ပါဘူး ငါ့အရိပ်ဟာ ဘယ်သူဘယ်ဝါ တံခါးကိုတွန်းဖွင့်နေတဲ့လက်တွေကပဲ လက်ကိုင်ဖြစ်သွားတာမျိုး နှင်းဆီပွင့်တွေ အမြောက်အများနဲ့ အရှိတရားကို ငါတို့ ဘယ်လောက်တောင် မုန်းလိုက