Sunday, June 4, 2017

တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်



အမိုးပေါ် မိုးသံတွေ ကြားတော့
ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား
ငါမသိနိုင်ညတွေ
တဖျောက်ဖျောက် လမ်းမများ
အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ
ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့
အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ်
ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ်
စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ
လေဟာ တိုးတိတ်တယ်  လှပတယ်
မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့
မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ်
ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ
ညနက်နက်တွေတိုင်းမှာ
အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ
။     ။


       ပိုင်ဉာဏ်
       16th April, 2017

No comments:

Post a Comment