Posts

Showing posts from February, 2018

လူလုပ်မှတ်ဉာဏ် - ၁၂

ငါ ခပ်ငယ်ငယ်တုန်းက ငါ့အဘိုးနဲ့အဘွားနေတဲ့ ရပ်ကွက်ထဲမှာ တစ်ထပ်တိုက်အိမ်ပုလေးရဲ့ အိမ်အပြင်နံရံက Aa@ ဒီဇိုင်းကို အစွဲပြုပြီး အေသုံးလုံးလို့ခေါ်တဲ့ အိမ်ဆိုင်လေးတစ်ခုရှိတယ် အေသုံးလုံးကနေ ရေခဲသေတ္တာကို သူခိုးခိုးခံရတဲ့အကြောင်း အဲဒီတုန်းက ရပ်ကွက်တစ်ခုလုံးရဲ့ ခေါင်းကြီးသတင်းပဲ ငါ့အဘိုးဆို ခြံတံခါးကို သံချိန်းကြိုးနဲ့ သော့တစ်ထပ် အိမ်တံခါး သော့နှစ်ထပ်ခတ်ပြီးမှ အိပ်ရာဝင်တာ ငါမှတ်မိသေးတယ် ငါ့မှတ်ဉာဏ်ရဲ့ ဘယ်အကြိုအကြားက ခုပြန်ထွက်လာလဲတော့ မသိဘူး ခုနေ ပြန်စဉ်းစားကြည့်တော့ ငါသူငယ်တန်းမှာ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကို လက်အုပ်ချီနှုတ်ဆက်ခဲ့ရတယ် ငါတို့တွေက ပိတ်ဖြူစင်ကြယ်နဲ့ ဖိုးသူတော်လေးတွေပေါ့ သာသနာဆိုတာဟာ အာဏာကို မကျော်နိုင်သလို ငါတို့အဖြူလေးတွေက အစိမ်းရင့်ရောင် ယူနီဖောင်းကို ဦးညွတ်ရိုသေပြခဲ့ရတာပေါ့ ဒူးကလေးတွေပါ ညွတ်ပြီးတော့ တညီတညာလေးပေါ့ အဲဒီနှစ်တုန်းက ငါ့အခင်ဆုံးဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းပုခုံးကို ဖက်ပြီး အတန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ငါ့အမေသိမ်းထားတဲ့ အယ်ဘမ်အဟောင်းတွေထဲမှာ ရှိသေးတယ် ငါတို့နှစ်ကောင်လုံး အဖြူလက်တို ဘောင်းဘီရှည် အစိမ်းကိုယ်စီနဲ့ သွားကျိုးကလေးတွေပေါ့ အခုတေ