Posts

Showing posts from August, 2015

နွေရာသီမှတ်ဉာဏ်များ

သစ်သားမီးခြစ်ဆံလေးကို လေနဲ့မှုတ်ငြိမ်းလိုက်တာကစလို့ အရောင်ဖျော့ကျသွားတဲ့ မျက်ဝန်းနက်တစ်စုံအတွက် ယိမ်းထိုးလှုပ်ရှားနေတဲ့ အလင်းတောက် ဒီ merry-go-round ဟာ အဆက်မပြတ် လည်ပတ်နေပါတယ်တဲ့ ငါ့အတွက်ပဲဖြစ်ဖြစ် ငါမပါပဲလည်း ပျော်အောင်နေပေးပါ စိတ်နဲ့ဖမ်းလည်းမမိသော နွေရာသီမှတ်ဉာဏ်များ     ပိုင်ဉာဏ်     13th August, 2015