Posts

Showing posts from 2021

အိမ်အပြန် နောက်ဆုံးရထားများအတွက် အချစ်ကဗျာတစ်ပုဒ်

မြောက်အရပ်ကနေ ဒီမြစ်ကြီးတည့်တည့် မျှောချလိုက်ရင် ဒီဇင်ဘာဆီ ကိုယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာပေါ့ မုန်တိုင်းအထပ်ထပ် ဒီတိုင်းပြည်ထဲ ထပ်ကျော့လည်ပတ်နေမှုကို ဆန်တက်ပြီး နှင်းဆီခင်းတွေဆီ ရောက်အောင် ကိုယ်သွားတယ် နှင်းအထပ်ထပ် အမှောင်ထုကြားထဲမှာ ကိုယ့်ကို ထိန်းချုပ်မရ ဟိုးရှေ့က လင်းလက်နေတဲ့ နှင်းဆီနက်တွေကို ကိုယ်ရှာတယ် တစ်ဆောင်းတွင်းလုံး မခံနိုင်အောင်ကို အေးခဲနေတဲ့လက်တွေ အရည်မပျော်ခင်မှာပဲ နောက်ဆုံးရထားဟာ နှင်းမှုန်တလက်လက် အိမ်ကို ပြန်မရောက်ခင်တုန်းက ပင်လယ်စင်ရော်ကို ကိုယ်မြင်ဖူးတယ် သူ့အတောင်ပံဟာ ကိုယ်တို့ဘဝတွေရဲ့  အဆုံးမဲ့ contrail ပဲ မင်းရှိရာ တိမ်တွေဆီ ပင်လယ်ကိုချုံ့ပြီး ကိုယ်ပျက်ကျလာခဲ့မယ် နေ့တိုင်း ဒီအချိန်ဆို ကမ္ဘာအဆုံးထိ ပလတ်စတစ် ရေပန်းကရား အစိမ်းထဲကနေ ကိုယ်တို့ အသံကုန်ခြစ် အားကုန်အော်တယ် မင်းရဲ့ မြက်ခင်းပြင်ဟာ သံမဏိချိန်းကြိုးတွေ အထပ်ထပ် ကိုယ်တို့ နေ့စဉ်ဘဝရဲ့ လမ်းမတွေကို လောင်နေတာ မီးတောက်တွေ မဟုတ်ပဲ ဒုက္ခများတဲ့ ကာလတရားပဲ ဖြစ်မှန်း အချိန်တန် သိခဲ့ရ နားကြပ်ကို အသံကုန်မြှင့်ထားလည်း နည်းနည်းတောင် မလျော့သွားတဲ့ နှင်းတွေ ၊ နှင်းဆီတွေ ၊ အိမ်အပြန် နောက်ဆုံးရထားရဲ့ ဥဩသံရှည်တွေ ဝေဒနာဟာ တိုး

ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ*

ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေဆိုတဲ့ အဓိပ္ပာယ်ကို တွေးနေတုန်းမှာပဲ ကုန်ခဲ့တဲ့နှစ်တွေတုန်းက ကြည့်ခဲ့ဖူးတဲ့ Solanin ဆိုတဲ့ live action ရုပ်ရှင်ကို သွားသတိရတယ် သေလွန်သူတွေရဲ့ မှတ်ဉာဏ်နဲ့ အိပ်မက်တွေကို ရှင်ကျန်သူတွေက ဆက်လက်သယ်ဆောင်ကြတဲ့ အကြောင်းပေါ့ ငါတို့ခေတ်ဆိုးကြီးရဲ့ တော်လှန်ရေးအတွင်းမှာလည်း ကွေကွင်းရခြင်းပေါင်းစုံကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး ကြုံတွေ့နေရဆဲ တစ်ချိန်တည်းမှာပဲ သေလွန်သူတွေရဲ့ မှတ်ဉာဏ်တွေကို လမိုက်ညအောက်က မီးတုတ်တစ်ခုလို ငါတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရလိမ့်မယ် သူတို့ရဲ့ မှတ်ဉာဏ်တွေက အဝေးကမ်းခြေက မီးပြတိုက်လို ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ ငါတို့ကို အိမ်အရပ်ဆီ လမ်းပြခေါ်ဆောင်နေမှာ သူတို့ရဲ့ အိပ်မက်တွေက ဗိုက်ကင်းတွေရဲ့ ကျောပေါ်က ဒိုင်းတွေလို ငါတို့ကို အမေ့အိမ်ပြန်မရောက်မချင်း အန္တရာယ်တွေကနေ ကာကွယ်နေမှာ နှစ်ကာလတွေက အဲဒီလို လောင်ကျွမ်းနေပါတယ် ပိုင်ဉာဏ် 3rd November, 2021 * ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့်

ငါတို့ကိုယ်ငါတို့ ရည်စူးပြီး နှင်းတောထဲ ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်အတွက် အချစ်ကဗျာတစ်ပုဒ်

ခွေးအအုပ်ကြီး ရောက်မလာခင်အထိ လိပ်ပြာတွေကို ကာပစ်ပေးပြီး နှင်းတောကြီးကို ငါ ဒီတိုင်းခုခံနေခဲ့တာပေါ့ ကြာလာတော့လည်း အဆက်မပြတ် ကျရောက်ပေါက်ကွဲနေတဲ့ နှင်းစတွေကို ငါ စောက်သည်းပေါက်လာတယ် အခုချိန် လဲရ ပစ်ရလွန်းလို့ အံသေနေတဲ့ လက်တွေအစား ပင့်ကူအိမ်ထဲက မီးလင်းဖိုကို ငါတောင့်တတယ် ဘယ်လိုနှင်းမျိုးတွေကများ ဘာကြောင့် စောက်ငြှိုးတကြီးနဲ့ သူ့ကိုယ်သူအသေခံပြီး ငါတို့ဆီ ပစ်ပေါက်နေရတာလဲ လင်းလက်စူးရှ နွေရာသီတွေဆီမှာ နေတုန်းက ငါ ဘယ်တော့မှ တွေးမိမယ် မထင်ခဲ့တာတွေကို ခုမှတွေးမိနေရတယ် သမိုင်းဟာ ငါ့ပေါ်ဆက်တိုက် ကျကွဲနေတဲ့ နှင်းစတွေလား ငါ့ရှေ့ကတုတ်ကျင်းမှာ ထိသွားတဲ့ ရဲဘော်ရဲ့ သွေးတွေလား ငါ့ကောင်ကို တက်ဆွဲမကွာဆိုပြီး ငါ့ပစ်ကျင်းထဲက ထွက်မလို့လုပ်တုန်း ကြောင်က ငါ့ခြေထောက်ကို ဆွဲပြီးတားတယ် နောက်ထပ်နှင်းကြဲလေယာဉ်တွေ ရောက်မလာခင်အထိတော့ ငါ့ကတုတ်ဆီစီးလာတဲ့ သွေးတွေကို ကြည့်နေခဲ့ရတာပဲ ငါဘယ်ရောက်နေလဲ သဲလွန်စတွေကို ထပ်ဖန်တလဲလဲ တည်ဆောက်ဖို့အတွက် အဝေးနေ့ကို တစ်တောင့်ချင်းရေတယ် ငါ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်စူးစူးတွေနဲ့ တုန်ခါနေတုန်းမှာ ငါ့အရက်ပုလင်းကိုငါ ဆုပ်ကိုင်ထားရတယ် ဒီနှင်းတောကြီးဆီ ထွက်မလာခင်လေးမှာ သွားတော့မယ်လို့

နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည်

ဆောက်တည်ရာမရ ကုန်သည်လေစီးတွေနဲ့အတူ ငါ ပြန်လာဖြစ်ခဲ့ပြီ ဆိုတဲ့အကြောင်းကို ဖုန်ထူထူလက်ဖက်ရည်ဆိုင်ရဲ့ ဖုန်ထူထူစားပွဲခုံကို ခေါက်ရင်း ကော်ဖီဘလက်တစ်ခွက်ကို သံပရာတစ်စိတ် ညှစ်သောက်ရင်း ငါ ထိုင်စဉ်းစားတယ် ကမ်းကခွာဖို့ အချိန်လင့်နေပြီဖြစ်တဲ့ မီးသင်္ဘောတွေ စိတ်ရှည်လက်ရှည် စောင့်စားနေရတဲ့ အရှေ့လေက ငါ့ကျောရိုးကိုကျော်ပြီး ပထမမြစ်ကွေ့ဆီ ဆန်တက်သွားခဲ့ပြီ  ညကို စူးစူးဝါးဝါး ထိုးဟောင်နေတဲ့ ခွေးတွေရဲ့ စက်ရုပ်ဘာသာစကားတွေကြားထဲမှာ ဗင်းဆင့်ရဲ့ လှုပ်နေတဲ့ ကြယ်အဝါစူးစူးတွေကို တွေ့လား အဘိုးကြီးနာကာတာရဲ့ မှတ်ဉာဏ်တွေကို စားသုံးပစ်လိုက်တဲ့ ရွှေရောင်အမွှေးပွကြောင်တစ်ကောင်ကို ကမ္ဘာပတ်လမ်းထဲ ဒုံးတစ်စင်းနဲ့ ငါလွှတ်တင်ပစ်လိုက်ချင်တယ် မီးလုံးဝါဝါတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ငါ့အတွက် တစ်နေ့မှာ မခံမရပ်နိုင်အောင်စူးတဲ့ မီးဖြူဖြူတွေထွန်းပြီး ဝယ်စရာ ပစ္စည်းတွေကို ထိုးပြထားတဲ့ ဂျန်းရှင်းစီးတီးရဲ့ ဖက်ရှင်ဆိုင်တွေဆီရောက်တော့ ငါခပ်ငယ်ငယ်အရွယ် ကန်တော်ကြီးစောင်းက ရှားမင်းတင့်ကားကြီးထဲမှာ ငါတို့တိုင်းပြည်ရဲ့ အတိတ်သမိုင်းစစ်စစ်ကို ရှာတွေ့မယ်အထင်နဲ့ အထဲကိုဝင်ပြီး မွှေနှောက်ရှာဖွေဖူးတဲ့ တစ်မနက်ကို သွားအမှတ်ရမိတယ် နောက်ပြီး ငါငယ်ငယ်တုန်း

ကွန်းနစ်စ်ဘတ်ဂ်က နှင်းတွေ

အိမ်ကနေ ငါထွက်လာတော့ မြင်းရုပ်ချားရဟတ်တွေလည်ရင်း ဧည့်ခန်းကြမ်းပြင်ပေါ်က နှင်းတွေ ၊ သွေးတစက်စက်ကျနေတဲ့ နှင်းတွေ လမ်းမတွေပေါ်ကို လက်တစ်ဆုပ်အပြည့် ကြဲပက်လိုက်တဲ့ ငါတို့ရဲ့ အရိုးပြာတွေနဲ့ ငါတို့ကိုယ်ငါတို့ ရည်စူးပြီး လမ်းမတွေပေါ်ကို ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်နဲ့ လေထဲမှာပွင့်တဲ့ အပြာရောင် ယမ်းတောင့်တစ်တောင့်ကို ဆက်သွယ်ရရှိတဲ့ သတင်းစကားကို ကြားသိပြီးပြီးချင်း ဗာဗယ်ဒီရဲ့ ဆောင်းရာသီ သီချင်းကြီးကို ဖွင့်ပြီး ရေခဲမြစ်ထဲ ငါခုန်ချတယ် ရေခဲချွန်ချွန်တွေထဲ နစ်ဝင်သွားတဲ့ ငါ့နှလုံးအိမ်ကို ကြည့်ပြီး သမိုင်းရဲ့ တိုက်လေစူးစူးတွေကို ငါတို့ ဘယ်ပုံဘယ်နည်း ခုခံခဲ့ကြသလဲ ဒီမှာ နှင်းတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်ကျလာတာကို မင်းမြင်လား နှင်းထုထူထူပေါ် သွေးတွေ ဖြန်းခနဲရဲကျသွားတာကို မင်းမြင်လား ရေခဲမြစ်ထဲက ရေခဲခွဲသင်္ဘောပေါ်က ငါ့ကုတ်အင်္ကျီထဲက အနက်ရောင်နှင်းစတွေကို မင်းမြင်လား  ဘယ်ကြည့်ကြည့် ညိုမှိုင်းနေတဲ့ ကောင်းကင်အောက်မှာ ကျဆုံးလွန်သူတွေရဲ့ ဝိညာဉ်တွေကို ငါတို့ကိုယ်တစ်ခုစီထဲမှာ ဆက်လက်သယ်ယူသွားပြီး သူတို့ရဲ့မှတ်ဉာဏ်တွေဟာ ငါတို့ရဲ့ လူမှုဘဝတွေ ဖြစ်လာပြီး ဆောင်းတွင်းလရောင်ဟာ ငါတို့ရဲ့ အနှစ်အသားမဲ့မှုကြီးကို နှင်းတွေရ

Vanguard

ပုဂ္ဂလသစ်စေ့တွေရဲ့သံလိုက်အိမ်မြှောင် တမျှော်တခေါ် နေကြာပန်းခင်းများ ကားလမ်းနံဘေးက မြေနီထု စစ်သားရဲ့ ညစ်ထေးထေးကုတ်အင်္ကျီ ဗုံးရာတွေနဲ့ လေယာဉ်ပြေးလမ်းဟောင်း ကျည်ဆန်ပေါက်တွေအပြည့် လော်ရီကားကြီး နှစ်နှစ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ အနှစ်နှစ်ဆယ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ အရာရာကို တစတစ ဆုံးရှုံးလိုက်ရပြီး  အနှစ်ငါးဆယ်လုံး ထပ်ကျော့လည်ပတ်သံသရာ ငရဲခွေးနက်တွေလက်ထဲက မီးခိုးလုံးနက်နက်တွေထဲ သေစရာလူမကုန်မချင်း အသက်ရှူကြပ်နေတဲ့ တိုင်းပြည် ခပ်ဝေးဝေးက လှမ်းကြည့်သနားခံနေရတဲ့ ငါ့တိုင်းပြည် အာ များလိုက်တဲ့ စောက်စကားတွေ လို့ ရေရွတ်နေတုန်း ဝိုင်ဖိုင်ပြတ်တောက်သွားတာနဲ့ ငါတို့ရဲ့ မဟာမိတ်ကျီးကန်းတွေဟာ  ပစ်မှတ်အသီးသီးဆီ ထိုးစိုက်ဆင်းချပြီး ပစ်မှတ်အသီးသီးဟာ ငါတို့ရဲ့ မဟာမိတ်ကျီးကန်းတွေဆီ ဦးတည်ပျံတက်ပြီး တော်လှန်ရေးကို စစ်ရုံးချုပ်ဆီ သင့်ရာနည်းနဲ့ပို့ တော်လှန်ရေးကို ဗမာ့အသံဆီ သင့်ရာနည်းနဲ့ပို့ တော်လှန်ရေးကို ငါတို့ဖင်ထဲအထိ သင့်ရာနည်းနဲ့ပို့      ပိုင်ဉာဏ်      20th July, 2021

ဂျိမ်းစ်ရဲ့အိမ်ပြန်ခရီးအတွက် အချစ်ကဗျာတစ်ပုဒ်

ဂျိမ်းစ်ရေ ငါတို့ အိမ်ပြန်ကြရအောင် တကယ်ရှိမရှိမသိတော့တဲ့ အိမ်တစ်လုံးဆီ ငါတို့ပြန်ကြရအောင် ဂျိမ်းစ်ရေ တော်လှန်ရေးထဲ စိုက်ဝင်နေတဲ့ မင်းရဲ့သံလိုက်အိမ်မြောင်ကို တစ်ရစ်ချင်း ဆွဲထုတ်ပြီး ငါတို့ အိမ်ကိုပြန်ကြမယ် လရောင်အောက်က ဂစ်တာသံတွေကိုလည်း မေ့ပြီး ငါတို့ အိမ်ပြန်ကြရအောင် နှင်းမုန်တိုင်းတစ်ခုထဲ သဲမုန်တိုင်းတစ်ခု ရောပြီးတိုက်ခတ်လာတာကို မင်းရောငါရော အဆန်းတကြယ် ဖြစ်ခဲ့ရသလိုမျိုး ငါတို့ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ တိုင်းပြည်ကို ခေတ်ဆိုးကြီးထဲရောက်မှ နာနာကျင်ကျင် ငါတို့ ချစ်မက်ရသလိုမျိုး comfortably numb ကို မင်းတစ်လုံးချင်း တီးခတ်နေတုန်းမှာပဲ တိမ်တွေကို လက်ပြပြီး အခု ငါတို့ အိမ်ကိုပြန်ကြမယ် ဂျိမ်းစ်ရေ စစ်ပွဲတွေကြားထဲမှာပဲ ငါတို့အချင်းချင်း တီးတိုးပြောဖြစ်ကြတဲ့ စောက်သုံးမကျတဲ့ ဟာသတွေကို ဒါဟာဘဝပါလို့ပဲ အော်ရယ်ပြီး ဒီစစ်ပွဲပြီးတာနဲ့ ငါတို့ဘဝတွေဆီ ငါတို့ပြန်သွားကြမယ် ဂျိမ်းစ်ရေ ရန်ကုန်မြို့ကြီးရဲ့ တော်လှန်ရေးထဲမှာ ငါတို့တရှိုက်မက်မက် ရှုသွင်းခဲ့တဲ့ ဓာတ်ငွေ့တွေ ငါတို့ ဆေးလိပ်ထိုင်သောက်ရင်း လွမ်းမောခဲ့ကြတဲ့ လမ်းလယ်ကျွန်းရဲ့ အမှောင်ထုတွေ ကတုတ်ကျင်းတွေရဲ့နောက်မှာ ငါတို့လူငယ်ဘဝကို ယစ်ပူဇော်ခဲ့တာတွေ ကျွန်းတေ

ရှစ်မိုင်ကားမှတ်တိုင်အတွက် အချစ်ကဗျာတစ်ပုဒ်

ငါ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်လာတော့ ရှစ်မိုင်ကုန်းကျော်တံတားဟာ လူတိုင်းရဲ့ အဆီအငေါ်မတည့်မှုကို တစ်ကောင်တည်း ကြိတ်လှောင်နေတဲ့ အရွယ်ရောက်နေနှင့်ပြီ ငါ့ဘဝရဲ့ အချိန်တော်တော်များများကို ဘတ်စ်ကားပေါ်က နားကြပ်တွေထဲမှာ ကုန်ဆုံးခဲ့တယ် ငါ မတ်တပ်ထရပ်တယ် ဘဲလ်နှိပ်တယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာ ကီးမားပလာတာ သုံးချပ် ဝယ်တယ် ပြီးတော့ ရှစ်မိုင်ကားမှတ်တိုင်ကို ငါ့ငယ်ပေါင်းကြီးဖော်လို သေးကော့ပန်းခဲ့တာပါပဲ ငါတို့ တစ်မိုင်တိတိ လမ်းလျှောက်ကြတဲ့ ညနေခင်းတွေတုန်းကလို့ ပြောဖို့ အကွာအဝေးဟာ တစ်မိုင်တိတိ ဂျန်းရှင်းစီးတီးဘလူးစ်ကို ဂျန်းရှင်းစီးတီး လူလယ်ကောင်မှာ သံနေသံထားနဲ့ ရွတ်ဖို့ အကွာအဝေးဟာ တစ်မိုင်တိတိ မြစ်ကိုဖြတ်ပြီး တိုက်လာတဲ့ စောက်ရူးလေတွေကို ငါတို့ဟားတိုက်နေခဲ့တုန်းကလည်း အကွာအဝေးဟာ တစ်မိုင်တိတိ ညတိုင်းညတိုင်းမှာ ရှစ်မိုင်တံတားပေါ်က ငါတို့စီးလာတဲ့ ကားအသေးလေး လွင့်ကျသွားတယ်ဆိုတဲ့ အိပ်မက်အသေတွေအစား ကျောက်မြောင်းထဲက စောက်ရမ်းဟောင်တဲ့ ခွေးတွေကိုပဲ ဆရာတင်ပြီး အူလိုက်ချင်တယ် အချိန်ဟာ လမ်းမတော်သွားတုန်းက ကကတစ်စီးပေါ်မှာ ကျန်ခဲ့တဲ့ မိုဘိုင်းဖုန်းတစ်လုံးလိုဖြစ်မယ် လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ မြန်မာပလာဇာပေါ်မှ

Radio Aquilo

ငါတို့ဟာ အတိတ်ကို သတင်းစကားတစ်ခုခု ပို့ဖို့ အစဉ်တစိုက် ကြိုးစားနေကြသူတွေ လေက သူ့လျှာသူ ခဏခဏသပ်ရင်း ကာလတရားကို နောက်မျိုးဆက်ဆီ တရွေ့ရွေ့ သယ်ဆောင်သွားပါလိမ့်မယ် သံချပ်ကာယာဉ်တန်းကြီး တအိအိ ချီတက်သလို လူမှုဘဝရဲ့ လူမသိသူမသိ အပျက်အစီးတွေနဲ့ ကပ်အတွင်းက ဇွမ်ဘီလူအုပ်ဟာ သတင်းစကားတစ်ခုကို ကြားရပြီးပြီးချင်း တောင်ကမ်းပါးအမြင့်ကြီးတွေကို တလှုပ်လှုပ် တစ်ယောက်ပေါ်တစ်ယောက် ထပ်ပြီး တက်ကြတဲ့ အဖြူအမည်းပြကွက်ကို ဘဝတစ်လျှောက်လုံး ထပ်ဖန်တလဲလဲ ပြသနေခဲ့တာမှာ  ဘယ်သူမှ မျက်လုံးမလွှဲခဲ့ဘူး ဘောလ်တစ်ပင်လယ်ရဲ့ မျက်စိတစ်ဆုံး ရေခဲပြင်ချပ်တွေက ငါ့ဇာတ်ပြောကို စက္ကန့်မလပ် နှောင့်ယှက်ပြုမူနေပုံမျိုးဟာ မြင်းသည်တော်က သူ့ရဲ့ မြင်းနင်းဖိထားတဲ့ နဂါးကို လှံတဝင့်ဝင့် ရွယ်ထားသလိုပေါ့ ဘယ်အချိန်ထိုးစိုက်မလဲဆိုတာ ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တွေလိုမျိုး ရေခဲလွင်ပြင်တွေဆီမှာမှ ရတဲ့ နွေးထွေးအရောင်တွေမျိုး လရောင်မကျတဲ့ အခန်းထဲမှာ လွင့်နေတဲ့ လရောင်ဆိုနာတာရဲ့ အချိန်ဆန့်ထွက်နိုင်မှုမျိုး အိမ်ကိုရှာမတွေ့ခဲ့တဲ့အကြောင်း လူ့အဖြစ်ကို မရခဲ့ခြင်းအကြောင်း အကြောင်းချင်းရာ စုံလင်နေပြီဖြစ်တဲ့ အလင်းနှစ်တွေက ငါတို့ကို ပွတ်တိုက်သပ်သွား