Posts

Showing posts from June, 2016

အနက်ရောင်အလင်းများ

အနက်ရောင်အလင်းများ အမှောင်ထုထဲ တိုးဝင်ပျောက်ဆုံးသွားတဲ့ အမှောင်ထုတွေ ကြယ်တွေသက်တမ်းကုန်ခါနီးရင် တွင်းနက်ထဲခုန်ချပြီး သတ်သေကြတယ် ဘာလို့စွန့်လွှတ်လိုက်တာလဲလို့ ငါ့ကိုလာမေးရင် တကယ့်ချစ်ခြင်းတရားဆိုတာ ဘာ ညာ အကျွံကြီးတွေ လျှောက်ကြွယ်ပစ်မှာ ပြီးတော့ ကြွေကျခဲ့တဲ့ ကြယ်တံခွန်တွေကို ငါလှမ်းတောင်းပန်မှာ      ပိုင်ဉာဏ်      20th June, 2016