အနက်ရောင်အလင်းများ


အနက်ရောင်အလင်းများ
အမှောင်ထုထဲ တိုးဝင်ပျောက်ဆုံးသွားတဲ့ အမှောင်ထုတွေ
ကြယ်တွေသက်တမ်းကုန်ခါနီးရင် တွင်းနက်ထဲခုန်ချပြီး သတ်သေကြတယ်
ဘာလို့စွန့်လွှတ်လိုက်တာလဲလို့ ငါ့ကိုလာမေးရင်
တကယ့်ချစ်ခြင်းတရားဆိုတာ ဘာ ညာ
အကျွံကြီးတွေ လျှောက်ကြွယ်ပစ်မှာ
ပြီးတော့ ကြွေကျခဲ့တဲ့ ကြယ်တံခွန်တွေကို ငါလှမ်းတောင်းပန်မှာ


     ပိုင်ဉာဏ်
     20th June, 2016

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)