Posts

Showing posts from 2020

တစ်ဘဝလုံး အိမ်ကိုရှာမတွေ့ခဲ့တဲ့သူ

ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုပြီး အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ မက်နေတယ်။ အိပ်မက်ကလည်း အဖြစ်အပျက်တွေ ဇာတ်ဆောင်တွေထက် ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုတဲ့ ခေါင်းစဉ်ကိုပဲ မက်နေတာမျိုး။ အိပ်မက်ကို ခေါင်းစဉ်တပ်ပြီး မက်ရိုးရှိမရှိ ဘယ်တုန်းကမှ မသေချာပေမယ့် ဒီအိပ်မက်က ခေါင်းစဉ်ကလွဲလို့ နောက်ခံတီးလုံး၊ အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက် ဘာဆိုဘာမှမပါတဲ့ အိပ်မက်ဖြစ်နေတယ်။ အမည်မသိ ဆေးရုံတစ်ခုရဲ့ အေးစိမ့်နေတဲ့ စောင့်ဆိုင်းခန်းမှာ အချိန်အတော်ကြာ ထိုင်နေရင်း မျက်နှာကြက်က မီးလုံးအဖြူတွေရဲ့ ဘဝအဓိပ္ပာယ်ဆိုတာကို ငါစဉ်းစားတယ်။ သူတို့ရဲ့ ဘဝအဓိပ္ပာယ်ကို သူတို့ကိုယ်တိုင် ဖွင့်ဆိုထားတာ ရှိမရှိ မသေချာပဲ ငါက စဉ်းစားနေတာမျိုးက အဓိပ္ပာယ်ရှိပါ့မလားလို့လည်း ငါတွေးမိတယ်။ အလင်းဖြူဖြူတွေ လွှမ်းခြုံမိုးထားတဲ့ မျက်နှာကြက်ဖြူဖြူ၊ သူတို့ကနေတဆင့် ပြန်ကန်ထွက်လာတဲ့ ကြမ်းပြင်ဖြူဖြူနဲ့ နံရံဖြူဖြူတွေက ဘာကြောင့်မှန်း မသိရပါပဲနဲ့ ငါ့ကို ထိခိုက်နာကျင်စေတယ်။ လေထုထဲက အအေးဓာတ်ကို လွတ်မြောက်နယ်မြေတစ်ခုလို ငါ ကိုယ်ဗလာနဲ့ ဖက်တွယ်ထားမိ။ တစ်စုံတစ်ယောက်ဟာ ငါတို့ဆီ မသေမပျောက် ပြန်ရောက်လာမှာပဲ လို့ ယူဆပြီး လက်ထဲ

cliff/hanger

ရေပြင်ပေါ် ထိုးထွက်နေတဲ့ ဆိပ်ခံဗောတံတားအစွန်းမှာ လက်လှုပ်ခြေလှုပ် ကနေတဲ့ လူတစ်ယောက် ရုတ်တရက်ဆိုသလို ရေထဲခုန်ဆင်းသွားတဲ့ မြင်ကွင်း အဝေးကြည့်မှန်ဘီလူးကိုချပြီး ငါအော်ဟစ်ရယ်မောမိ အသေအချာ စိုက်နားထောင်ကြည့်မှ မြစ်ပြင်ရဲ့ အူသံက ညရောင်အောက်မှာ တိုးတိတ်လှပတယ် သင်္ဘောဦးချွန်က ထိုးခွဲသွားတဲ့ လိပ်ပြာတောင်ပံရေမွှားများရဲ့* မြူထုဟာ ထူလွန်းတော့ ငါ့လက်တစ်ကမ်းမှာ အသက်ဓာတ်ကို ဖက်တွယ် ငုံ့ကြည့်လိုက်ရင် ချောက်နက်ကမ်းပါး အောက်ခြေမှာ ကျောက်သားကျောက်ဆောင်ထက်ထက်တွေ မော့ကြည့်လိုက်ရင် ငါ့အပေါ် ခုပဲ ပြိုကျတော့မလို လိမ္မော်ရောင်တိမ်အုပ်တွေ မီးသင်္ဘောတွေ စောင့်ဆိုင်းနေတဲ့ အရှေ့လေတွေ ရုတ်ချည်း တိုက်ခတ်လာတော့ အရာရာကို မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်လိုက်ပြီးတော့ အဲ့ဒီအရာရာတွေကပဲ ဆေးလိပ်မီးပွားတွေအဖြစ်နဲ့ ပြန်ကျလာကြ အေဂျီယန်ပင်လယ်အ‌ောကာင်း ငါ ဘာလို့တွေးနေမိလဲ မသိဘူး နောက်တော့ အေဂျီယန်ထဲခုန်ဆင်းသွားတဲ့ ငါ့ကို ရဟတ်ယာဉ်ကနေ ကြိုးချပြီး ကြိုးပေးလိုက်ကြတယ်       ပိုင်ဉာဏ်       14th October, 2020 * #flux - တေဇာ (လရောင်လမ်း)

twenty-seventh

  ၂၀၂၀ ဆိုတာ တကယ့်ကို ဖရိုဖရဲနိုင်လွန်းတဲ့ နှစ်ကာလတစ်ခုပါပဲ။ ကျနော့်တစ်ကိုယ်ရည်ကိစ္စရပ်တွေမှာလည်း တော်တော် အကျအဆုံးများခဲ့တဲ့ ကာလတစ်ခု။ ခုလိုနှစ်မျိုးမှာ ၂၇ နှစ် ပြည့်တာမျိုးဟာ 27 Club ကိုလည်း အမှတ်ရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ မန်ဘာဝင် ဖြစ်နိုင်လောက်တဲ့ အရည်အသွေးတွေ ရှိမနေဘူးလို့ပဲ ထင်မိပါတယ်။ :D ဘာပဲပြောပြော ၂၇ ဆိုတဲ့ ဂဏန်းက ကျနော့်ကို ဖမ်းစားမိပြီး ၂၀၁၃ ကနေ ၂၀၂၀ အထိ ကျနော့်အသက် ၂၀ ကနေ ၂၇ အတွင်း ရေးခဲ့တဲ့အထဲက ကဗျာ ၂၇ ပုဒ်ကို စုစည်းပြီး ebook တစ်အုပ် လုပ်ဖြစ်တာပါပဲ။   yumpu ဆိုတဲ့ digital magazine platform တစ်ခုကို သိပ်မကြာခင်က သွားတွေ့ခဲ့ပြီး သူ့ရဲ့ flipbook အထာက စာရွက်လှန်ဖတ်ရတဲ့ ခံစားမှုကို web ပေါ်မှာ ရစေလို့ အဲဒီမှာ ဒီစာအုပ်ကို တင်ဖြစ်ပါတယ်။   https://www.yumpu.com/xx/document/view/63574605/27th-paingnyan-2020-poetry-collection     တကယ်လို့ pdf သိမ်းချင်တယ်ဆိုရင်လည်း ဒီ mediafire လင့်မှာ ရပါတယ်။   http://www.mediafire.com/file/8v4re978nnwfpk1/27th_paingnyan-2020_poetry-collection.pdf/file   Cheers!

လူလုပ်မှတ်ဉာဏ် - ၁၃

အမိုးပေါ်မိုးသံတွေကြားတော့ ငါ ပြတင်းမှန်ကွဲတွေ အလယ်မှာ ဝရံတာကနေ ဒီညကို ငါ ပြက်ပြက်ထင်ထင် မြင်နေရပုံများ လရိပ်အောက်က မြို့ကို ဖြတ်စီးနေတဲ့ မြစ်ရေတွေထဲ မိုးမတိတ် ငါ့အော်သံတွေ မတိတ်ဆိတ်နိုင် အရာရာဟာ သမိုင်းဘီး တစ်ပတ် လည်တာနဲ့တင် မလုံလောက်လို့ ငါ့နားကြပ်ကို အသံကုန် မြှင့်ထားရတယ် မိုးသည်းထဲ မြို့ကို တစ်ပတ်ပြီးတစ်ပတ် ဖြတ်ပျံနေတဲ့ ငှက်ဟာ အနက်ရောင် မြို့တံခါးအတိုင်း ဝင်လာတဲ့ ချပ်ဝတ်ပြည့် မြင်းသည်တော်ကလည်း အနက်ရောင် ရှိရှိသမျှ မီးကျည်အဝါတွေကို မုန်တိုင်းအလယ်ထဲ ပစ်တင်ပြီးတဲ့နောက် ငါ့မှာ ဆုံးရှုံးစရာ မကျန်တော့ပါဘူး ဒီလိုနဲ့ မြက်ခင်းပြင်ကျယ်တွေဆီမှာတော့ ပျော်ဝင်စရာ အလင်းတွေ ရှိဦးမှာပါလို့ ငါ့ကိုယ်ငါ ယုံကြည်ခဲ့တာပေါ့ လေကြမ်းထဲ မငြိမ်းသွားမယ့် မင်းလက်ထဲက မီးပြလိုမျိုးပေါ့ ပင်လယ်လှိုင်းတွေဟာ လေတံခွန်လို တလွင့်လွင့်နဲ့ အရာရာတိုင်းဟာ မိုးရေထဲက ထီးအနီရင့်နဲ့ စခဲ့ပြီး သွေးအနီရင့်နဲ့ ဆုံးခဲ့တယ် ဝမ်းနည်းစက်ကွင်းတိုင်းဆီ သူ ပြန်မလာတော့ဘူး      ပိုင်ဉာဏ်      19th May, 2020 ညွှန်း။  မြစ်စောင့်နတ် - ဏေသစ်     -     မိုးရွာထဲ Aimer သီချင်းတွေ နားထောင်ပြီးရေးခဲ့      

abstract years

အချိန်ကာလထဲမှာ ပျောက်ဆုံးသွားနေတဲ့ မှတ်ဉာဏ်တွေ လူတွေ ပြီးတော့ နောက်အချိန်ကာလတစ်ခုမှာ ပြန်ပေါ်လာရခြင်းတွေ အတိတ်က သစ်ပင်တွေနဲ့ အခုမှ တွင်းနက်ထဲက ထွက်ပြေး လွတ်မြောက်လာခြင်းတွေ အချိန်မြားရဲ့ အရှေ့က ငါတွေ ကာလတရားရဲ့ အလှုပ်အရမ်းက ဒါလောက်တောင် လောင်မီးကျစေသလား တကယ်မရှိတော့တဲ့ အလင်းဆီရောက်နိုင်ခဲခြင်းများ အနက်ရောင်နှင်းဆီခင်းများ ဟိုဘက် ကာလခြမ်းမှာ အရိပ်ဆိုတာ အလင်းတွေရဲ့ လေထုထဲက နမိတ်ပုံပဲ အချိန်ဟာ ဦးတည်ရာမဲ့ ကြောင်လိမ်လှေကားတစ်ခုဖြစ်မယ် အချိန်ဟာ မြို့ရဲ့ ရင်ပြင်ကျယ်တစ်ခု ဒါမှမဟုတ် တရှဲရှဲအစက်အပြောက်တွေကိုပဲ တစ်ဘဝစာအပြည့် ပြသနေတဲ့ ရုပ်မြင်သံကြားစက်တစ်လုံး ဖြစ်မယ် မလွန်မြောက်နိုင်တဲ့ မြူထူထူထဲက သစ်တောအုပ်ရဲ့ မလွတ်မြောက်နိုင်ခြင်းတွေ ဂျက်လေယာဉ်တစ်စီးပေါ် တစ်ယောက်တည်း ပျံတက်ထွက်ခွာပျောက်ဆုံးသွားခြင်းတွေ ပင်လယ်ကိုဖြတ်ပြီး အရင်ဘဝကမ်းခြေဆီ ထိုးဆင်းလောင်ကျွမ်းရခြင်းတွေ နောက်ဆုံးတော့ဆိုတာ မရှိတဲ့ အချိန်ကာလထဲ ပျောက်ဆုံးသွားနေတဲ့ မှတ်ဉာဏ်တွေ ။ လူတွေ ။      ပိုင်ဉာဏ်      18th April, 2020

confetti

လေမတိုက်ဘူး ပြတင်းပေါက်တွေက တအားကြီး မှောင်သွားတယ် စောက်ပြဿနာပဲ လေက ဘယ်မှာလဲ ငါ့ကျောပိုးအိတ်ထဲက အိုဟားရားရဲ့ နေ့လည်စာကဗျာများ စာအုပ်က ဘယ်မှာလဲ ငါသိတာက အချစ်ဟာ မသွားပါနဲ့လို့ တားနေတဲ့ကြားက တိမ်အတုတွေထဲ ပျံတက်ထွက်ခွာသွားတဲ့ လေယာဉ်တစ်စင်းပဲ ငါ ခံစားရတာက အချစ်ဟာ သောကြာညတွေမှာ ငါ့အရိပ်ငါ ပြန်ရှို့နေမိတဲ့ မီးတောက်ပြာလဲ့ပဲ လက်လွှတ်လိုက်ပါတယ်ဆိုတော့ စိတ်ကျ လွတ်ပြေး ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ အဝေးဆိပ်ကမ်းတွေဆီက ထွက်ခွာရာတိုင်းမှာ ငါမသိနိုင် မထိနိုင် မကြားနိုင်တဲ့ pixel များ ကန်ရေပြင်များရဲ့ ငြီးငွေ့မှုပမာဏကို ငါ့ အမေရိကာနိုခွက် အေးသွားတဲ့အထိ နားထောင်ရင်း စောက်ရမ်းတုန်လှုပ်ခဲ့ရတာပဲ ဘာမှ မရှိတော့တဲ့ညနက်တွေမှာ Radiohead ရဲ့ Creep နဲ့ပဲ ငါပြိုကျပျောက်ဆုံးခဲ့ရတာပဲ သွေးအေးသွားမှ ဒါဟာ ခြောက်ခြားဖွယ်ရာ ဝမ်းနည်းမှုကြီးမှန်း I wish I was special မပြောဖြစ်ခဲ့လို့ ပျောက်ဆုံးသွားတဲ့ စကားလုံးတွေကို ပြန်ရှာဖွေတော့မှပဲ ငါဟာ အခွံသက်သက် အကောင်အထည်တစ်ခုအဖြစ်ပဲ ကျန်နေခဲ့တော့မှန်း ဒီလိုအဖြစ်မျိုးဟာ မြို့စောင့်လိပ်ပြာတွေအတွက်တော့ လေထဲကွဲလွင့်လာတဲ့ ရောင်စုံစက္ကူစတွေ သာသာလောက်ပါပဲပေါ့      ပ