Posts

Showing posts from October, 2024

ကိုယ့်ဘဝကို ရေထဲမျှောနည်း အလောသုံးဆယ်

 သွေးဟာ ကိုယ့်တစ်ဘဝလုံးကို ရှေ့ကနေ ကာထားတယ် နောက်ကြောင်းပြန် လရောင်အောက်က မင်းဒဏ်သင့် ခိုငှက်တွေလို ကိုယ်တို့ အလာစကာကို အရပ်မျက်နှာအနှံ့ လိုက်ရှာခဲ့ကြတာ သွေးဟာ ကိုယ့်တစ်ဘဝလုံးပဲ နောက်ကနေ လိုက်နေတယ် အပြန့်အကျယ်ကြီးကို ကြည့်ရင်း ချောက်အနက်ကြီး ပေါ်လာတာ ဒီမြစ်အတိုင်း လိုက်သွားရင် ဘယ်စစ်ပွဲတွေဆီ ရောက်သွားမလဲ ကိုယ်မသိလိုက်ခင်မှာပဲ အိုဖီလီယာ ခူးနေတဲ့ တောရိုင်းပန်းတွေလို မင်းခြေအိတ်ဖြူက ကိုယ့်လက်ထဲမှာတင် အနီရောင်ပြောင်းသွားတယ် မင်းရဲ့အဆန်းတကြယ်ကို ကိုယ်တို့ ဘာသားနဲ့ ထုသိမ်းထားမလဲ ဒီမြို့ကို အုပ်မိုးနေတဲ့ တောင်ထိပ်က တိမ်ခိုးတွေကို ကိုယ်မေးကြည့်တော့ ကိုယ်တို့ရဲ့ နှစ်ဦးသား ယုတ္တိတွေက မိုးနတ်မင်းကြီး လက်ဖဝါးတော်ထဲမှာ ဒီဇာတ်ကို ထုပ်သိမ်းထားတဲ့ ဇာတ်ထုပ်ကို ရှာတွေ့ပြီ ဆိုတဲ့အခါ ရေက ဘယ်မလဲ ကိုယ့်ကမ္ဘာရဲ့ ဘဒ္ဒလမ်းမတွေ ဘယ်မှာလဲ မေးခွန်းတွေ အပြည့်နဲ့ ဥမင်တစ်ဖက်ကနေ အလင်းရောင်က လာနေပြီ ဒီနေ့ညလို ကိုယ့်အိပ်ရာဆီမှာက မင်းကျန်ခဲ့တဲ့ နက်ပြာရောင် တိမ်တွေ စူးတောက်နေတဲ့ ရထားမီးကို စိုက်ကြည့်ရင်း ကိုယ့်မှာ အသက်ပို ပါနေသလို မင်းမရှိတော့ ဒီယာဉ်ကို ကိုယ်လက်လွတ်စပယ် မောင်းနေမိတယ်
 ဒီရက်ပိုင်းတွေမှာ ကိုယ်တို့တတွေ အ...

မြစ်ကြောင်းပြ

မြစ်တွေက တောင်တန်းတွေရဲ့ သတင်းစကားကို ငါတို့ဆီ သယ်ယူလာတယ်   နိုင်ငံတော်ရဲ့ လှံစွပ်ထိပ်မှာ ငါတို့ဘဝတွေဟာ အဆုံးမဲ့ အစမဲ့   ငါတို့အသက်တွေဟာ အဖိုးမဲ့ အခမဲ့ လမ်းကြုံသူရဲကောင်းရှိရင်   ဧကရာဇ်ဆီ ငါ လူကြုံမှာလိုက်ချင်တယ် အရှိန်မတင်ခင် နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်လိုက်မိတော့မှ   ကတ္တရာလမ်းဟာ ငါ့ငယ်ဘဝရဲ့ လိမ္မော်ရောင်ပြာမှုန်စတွေကို တလျှောက်လုံး   သယ်ဆောင်လာခဲ့မှန်း သိရတော့တယ် ဒီလိုနဲ့   သူ့ကိုယ်တလျှောက် မိုးပေါက်တွေ တဖောက်ဖောက် ကျလာတယ်   မြစ်ရေတွေ ငါတို့ရဲ့အတိတ်သမိုင်းအပေါ် တရိပ်ရိပ်   လျှံကျလွှမ်းမိုးသွားတယ် ဒီလိုမျိုး ငါ အဓိပ္ပာယ်မဲ့မှုတွေကိုမှ   အငမ်းမရ ရှာဖွေနေခဲ့တယ် ငါရှာတွေ့တယ် ပြီးတော့   သူတို့အဓိပ္ပာယ်ရှိသွားလို့ ငါ အာခေါင်ထဲ လက်ထိုး အန်ထုတ်ခဲ့ရတယ်   မြစ်တွေက ငါတို့ရဲ့ ဦးနှောက်အပိုင်းအစတွေကို   အနီရဲရဲ နံရံတစ်ချပ်ဆီ နုန်းတင်မြေနုလို ပို့ချသွားတယ်   ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မောင်းတင် ချိန်ရွယ်နေတဲ့   အာဏာပါးကွက်သားတပ်စု ငါတို့ဟာ နန်းရင်ပြင်နဲ့   အဝေးဆုံးတောင်...