Posts

Showing posts from October, 2020

တစ်ဘဝလုံး အိမ်ကိုရှာမတွေ့ခဲ့တဲ့သူ

ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုပြီး အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ မက်နေတယ်။ အိပ်မက်ကလည်း အဖြစ်အပျက်တွေ ဇာတ်ဆောင်တွေထက် ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုတဲ့ ခေါင်းစဉ်ကိုပဲ မက်နေတာမျိုး။ အိပ်မက်ကို ခေါင်းစဉ်တပ်ပြီး မက်ရိုးရှိမရှိ ဘယ်တုန်းကမှ မသေချာပေမယ့် ဒီအိပ်မက်က ခေါင်းစဉ်ကလွဲလို့ နောက်ခံတီးလုံး၊ အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက် ဘာဆိုဘာမှမပါတဲ့ အိပ်မက်ဖြစ်နေတယ်။ အမည်မသိ ဆေးရုံတစ်ခုရဲ့ အေးစိမ့်နေတဲ့ စောင့်ဆိုင်းခန်းမှာ အချိန်အတော်ကြာ ထိုင်နေရင်း မျက်နှာကြက်က မီးလုံးအဖြူတွေရဲ့ ဘဝအဓိပ္ပာယ်ဆိုတာကို ငါစဉ်းစားတယ်။ သူတို့ရဲ့ ဘဝအဓိပ္ပာယ်ကို သူတို့ကိုယ်တိုင် ဖွင့်ဆိုထားတာ ရှိမရှိ မသေချာပဲ ငါက စဉ်းစားနေတာမျိုးက အဓိပ္ပာယ်ရှိပါ့မလားလို့လည်း ငါတွေးမိတယ်။ အလင်းဖြူဖြူတွေ လွှမ်းခြုံမိုးထားတဲ့ မျက်နှာကြက်ဖြူဖြူ၊ သူတို့ကနေတဆင့် ပြန်ကန်ထွက်လာတဲ့ ကြမ်းပြင်ဖြူဖြူနဲ့ နံရံဖြူဖြူတွေက ဘာကြောင့်မှန်း မသိရပါပဲနဲ့ ငါ့ကို ထိခိုက်နာကျင်စေတယ်။ လေထုထဲက အအေးဓာတ်ကို လွတ်မြောက်နယ်မြေတစ်ခုလို ငါ ကိုယ်ဗလာနဲ့ ဖက်တွယ်ထားမိ။ တစ်စုံတစ်ယောက်ဟာ ငါတို့ဆီ မသေမပျောက် ပြန်ရောက်လာမှာပဲ လို့ ယူဆပြီး လက်ထဲ

cliff/hanger

ရေပြင်ပေါ် ထိုးထွက်နေတဲ့ ဆိပ်ခံဗောတံတားအစွန်းမှာ လက်လှုပ်ခြေလှုပ် ကနေတဲ့ လူတစ်ယောက် ရုတ်တရက်ဆိုသလို ရေထဲခုန်ဆင်းသွားတဲ့ မြင်ကွင်း အဝေးကြည့်မှန်ဘီလူးကိုချပြီး ငါအော်ဟစ်ရယ်မောမိ အသေအချာ စိုက်နားထောင်ကြည့်မှ မြစ်ပြင်ရဲ့ အူသံက ညရောင်အောက်မှာ တိုးတိတ်လှပတယ် သင်္ဘောဦးချွန်က ထိုးခွဲသွားတဲ့ လိပ်ပြာတောင်ပံရေမွှားများရဲ့* မြူထုဟာ ထူလွန်းတော့ ငါ့လက်တစ်ကမ်းမှာ အသက်ဓာတ်ကို ဖက်တွယ် ငုံ့ကြည့်လိုက်ရင် ချောက်နက်ကမ်းပါး အောက်ခြေမှာ ကျောက်သားကျောက်ဆောင်ထက်ထက်တွေ မော့ကြည့်လိုက်ရင် ငါ့အပေါ် ခုပဲ ပြိုကျတော့မလို လိမ္မော်ရောင်တိမ်အုပ်တွေ မီးသင်္ဘောတွေ စောင့်ဆိုင်းနေတဲ့ အရှေ့လေတွေ ရုတ်ချည်း တိုက်ခတ်လာတော့ အရာရာကို မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်လိုက်ပြီးတော့ အဲ့ဒီအရာရာတွေကပဲ ဆေးလိပ်မီးပွားတွေအဖြစ်နဲ့ ပြန်ကျလာကြ အေဂျီယန်ပင်လယ်အ‌ောကာင်း ငါ ဘာလို့တွေးနေမိလဲ မသိဘူး နောက်တော့ အေဂျီယန်ထဲခုန်ဆင်းသွားတဲ့ ငါ့ကို ရဟတ်ယာဉ်ကနေ ကြိုးချပြီး ကြိုးပေးလိုက်ကြတယ်       ပိုင်ဉာဏ်       14th October, 2020 * #flux - တေဇာ (လရောင်လမ်း)