Posts

Showing posts from February, 2013

လူလုပ်မှတ်ဉာဏ် - ၅

      လူလုပ်မှတ်ဉာဏ် - ၅ ဗီဇစိတ်ထဲ text တစ်ခု ခုန်...ခုန်ဝင်လာ ကြယ်တွေရွေ့နေတာလား ကမ္ဘာရွေ့နေတာလား ဒီအတောအတွင်း ဂရုစိုက်ခဲ့တာတွေအတွက်ဆိုပြီး ဗီဇစိတ်က text ကို လက်ခံလိုက်တယ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆီရောက်မလားဆိုပြီး ကြယ်တွေရွေ့နေတယ် ကမ္ဘာရွေ့နေတယ် တစ်ခုပဲရွေ့တယ် နှစ်ခုလုံးရွေ့တယ် သို့လော ။ သို့လော ။ ငါတို့မှာ ကံကြမ္မာမရှိခဲ့ဘူး // ငါတို့ဘက်မှာ ကံကြမ္မာ မရှိဘူး အမှတ်(၂) ယန္တရားတပ်မဟာ အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ဆက်သွယ်မှုကွန်ရက်ထဲက အညိုရောင်မီးလေးတစ်လုံးကို ၂၄ နာရီခြားတစ်ခါ ထုတ်...ထုတ်ကြည့်ဖြစ်တာကလွဲလို့ အရေခွံဖြစ်တည်မှုဟာ ကျန်းမာရေးကောင်းကောင်းမွန်မွန်ပဲ အိန်ဂျယ်က သံတမန်ဆန်ဆန် ငြင်းဆန်တတ်လာတယ် ပစ်လွှတ်ထားတဲ့ လျှပ်စီးကြောင်းတွေကြား ငရဲက သူ့ရဲ့ဂိတ်ပေါက်တွေကို ဖွင့်ပေးလိုက်တယ် ငါက အလင်းတွေသယ်ယူလာပြီး မင်းရဲ့မနက်ဖြန်ကို တောက်ပပေးပါ့မယ် OH - O text က အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ကိုယ့်မှာတော့ မှတ်ဉာဏ်တွေကို ခေါက်သိမ်းထားလိုက်မိတော့မလို့ ဒါမှမဟုတ် လေထုထဲ ပစ်လွှတ်မိလိုက်တော့မလို့        ပိုင်ဉာဏ်        25th February, 2013 Man-made Memory -