Posts

Showing posts from 2022

letter on dunes

ဒီလိုညတွေရဲ့ ဒီလိုလရောင်အောက်မှာ မင်းကိုယ့်ဘက်ကို စောင်းငဲ့ကြည့်လိုက်ဖို့ရာအကြောင်းပဲ ကိုယ်တွေးနေမိတယ် ။ ပြီးတော့ လာဗင်ဒါခင်းတွေပေါ့ ။ ကိုယ်တို့ အလည်အပတ်သွားတဲ့အခါ မြင်ရမယ့် သူတို့ရဲ့ သွေးရည်စက်လက်ပုံပြင်တွေပေါ့ ။ သူတို့အစား အဲဒီလိုညတွေကို ကိုယ်တို့ ဘယ်လို ဖြတ်သန်းကြသလဲ ။ ကိုယ်တို့အစားရော သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ ။ ဒီလိုမျိုး ကိုယ်ဟာ ငိုကြွေးနေတဲ့ ဂစ်တာတစ်လက်ဆို မင်းဟာ ဘီတဲလ်စ်သီချင်းထဲက အနက်ရောင်ငှက်တစ်ကောင် ဖြစ်မယ် ။ ဒါမှမဟုတ် ကိုယ်က ပစ်ကျင်းတစ်ခုကို မောကြီးပန်းကြီး တူးနေမယ် ။ ပင့်ကူတစ်ကောင် အယောင်ဆောင်ပြီး မင်းက ကိုယ့်ပခုံးပေါ် တရွရွတက်လာမယ် ။ နောက်တစ်နေ့ကို မမြင်ရတဲ့အထိ ကိုယ်ဟာ နေနဲ့အနီးဆုံးအထိ ပျံသန်းသွားမယ် ။ ဒါဟာ လာဗင်ဒါခင်းတွေဆီ ရောက်တဲ့အခါမှာ ပေါ်လာမယ့် ကိုယ်တို့ရဲ့ မျက်ရည်စက်လက်ပုံပြင်တွေပေါ့ ။ ဒါဟာ ကြယ်တွေရဲ့တစ်လျှောက်က ပင့်ကူတွေလို တောက်လောင်ကျွမ်းသွားတဲ့ ရိုမန်ဖယောင်းတိုင်တွေဆိုတဲ့ ဂျက်ကဲရိုးအက်ရဲ့ စာတစ်ကြောင်းကို ကိုယ်သတိရလာပုံပေါ့ ။ ပြောပြောဆိုဆိုပဲ မင်းက ဖယောင်းတိုင်မီးတောက်ကို လက်နဲ့ဖျစ်ပြီး ငြှိမ်းလိုက်တဲ့အခါ သူ့အလင်းဟာ မင်းကိုယ်ပေါ် အပြိုင်စကြဝဠာတစ်ခုလို ဆန့်ထွက်ဖြ

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

အခု ကျနော်တို့ ဘယ်လိုကာလတရားကို ဖြတ်သန်းနေကြရတယ်ဆိုတာ ခင်ဗျားလည်း သိမှာပဲ။ ကျနော်လည်း သိပါတယ်။ ကျနော်တို့အားလုံးရဲ့ ချစ်ရတဲ့ဝေးသူတွေ၊ အိမ်ပြန်မရောက်နိုင်ကြသေးသူတွေ၊ သမိုင်းဖြစ်စဉ်ကြီးထဲ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးပြီး ပျောက်ဆုံးသွားကြသူတွေအတွက် ဒီကဗျာစာအုပ်ကို ရည်ညွှန်းပါတယ်။ ဒါဟာ ကမ်းပါးစွန်းကနေပဲဖြစ်ဖြစ် အရှိတရားကို ကျနော်ရှုမြင်ပုံလည်း ဖြစ်ပါတယ်။ Hope you all enjoy this, comrades! Reality Edges - PN ePub - https://www.mediafire.com/file/vntq3apuzawzu8a/Reality_Edges_-_Paing_Nyan.epub/file Kfx - https://www.mediafire.com/file/jq3nw4ddwwexs3c/Reality_Edges_-_Paing_Nyan.kfx/file Pdf - https://www.mediafire.com/file/mhtze9m1t4cfz11/Reality_Edges_-_Paing_Nyan.pdf/file ပိုင်ဉာဏ် ၂၀၂၂ ဇူလိုင် ၁

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

အကယ်၍များ လမ်းမီးတိုင်အောက်ကလမ်းတွေ ကိုယ်တို့မျက်စိရှေ့မှာတင် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့ပဲ မင်းဘဝလို့ အရင်ဘဝပေါင်းများစွာက မှတ်ယူလာခဲ့သလိုမျိုး ယူဆမိလာမယ် မင်းမပြောဖြစ်တဲ့ ဘာသာစကားဟာ ကိုယ့်အနာဂတ်ဘဝက ဘာသာစကားပဲ ကိုယ်ဟာ ခေါင်မိုးကိုစင်ပြီး ကိုယ့်ပေါ် တဖွားဖွားကျလာတဲ့ မိုးစက်မှုန်တွေကို မင်းအမှတ်နဲ့ ခပ်ဖွဖွနမ်းမယ် ကိုယ့်မျက်လုံးတွေအတွက်ပဲဆိုပြီး မင်းဝတ်လာတဲ့ အနက်ရောင် ချည်ထည်အင်္ကျီလေးကို မိုးဖွဲကျနေတဲ့ ပါရီမြို့လို ကိုယ်ငေးမယ် french press ကို ကိုယ်သောက်တိုင်းမှာ အပင်အိမ်လေးရဲ့ ခုံတန်းရှည်တစ်ခုကို သွားသတိရလာမယ် အဲဒီနေ့က မိုးပေါက်တွေ ကျလာတော့မှ ကိုယ် ဆိုင်ထဲ ပြေးဝင်လာခဲ့တာ ကိုယ့်မှတ်ဉာဏ်ထပ်ခိုးဆီ ပြေးတက်လာပြီး မင်းကို စာအုပ်ဗီရိုနောက်မှာ ရှာတွေ့ခဲ့တာ ဆိုတာကိုရောပေါ့ အကယ်၍များ ကိုယ်တို့ရဲ့ စုစုပေါင်း တိုင်းပြည်ချစ်စိတ်ဟာ မင်းအပေါ်ထားတဲ့ ကိုယ့်သံသရာလောက် မရှည်လျားနိုင်တဲ့အခါ ကိုယ်တို့အတူမျှသောက်ခဲ့တဲ့ မာလ်ဘိုရိုတစ်လိပ်ကို ဝေးခဲ့ပြီ ပန်းခရမ်းပြာရေဆိုပြီး ကိုယ်တအားလွမ်းလာမယ် ကိုယ့်ကော်ဖီခွက်ကို ကိုယ်တို့ရဲ့ ဒီစောက်တိုင်းပြည်အမှတ်နဲ့ နံရံဆီ အားကုန်လွှဲ

where my rosemary goes*

ငါ မျက်လုံးတွေကို မမှိတ်ချင်သေးပဲ မင်းမျက်ခွံတွေကို နမ်းတဲ့အခါ နီတဲ့သွေး ရဲရင့်လို့ ငါကညည်းမိတော့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ပြီ မင်းက လိုက်ညည်းတဲ့အခါ အချိန်ကာလက သူ့ရဲ့အပြစ်စိတ်ကို ငါတို့ကိုယ်ပေါ်အနှံ့ အန်ထုတ်ပစ်ခဲ့ သူ့ရဲ့ကျောရိုးကို တစ်ဆစ်ချင်းစီ သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ထိုင်ဖြုတ်ပြီး မြို့အနှံ့ ကြဲချထားခဲ့ ဒီလိုကျောရိုးမဲ့ညရဲ့ ဒီလိုအမှောင်ထုထဲ အသံတစ်စက်မထွက်ပဲ ငါတို့လက်တွေ ကျစ်ကျစ်ဆုပ်ပြီး အားတင်းကျော်ဖြတ်ခဲ့တာ ငါတို့ကျောချင်းကပ်ပြီး ဓားရှည်တွေကို အဆက်မပြတ် ဝှေ့ယမ်း ခုခံခဲ့တာ အကယ်၍များ ငါ့လက်ထဲက မင်းယူသောက်တဲ့ စီးကရက်တစ်လိပ်ကနေ ပန်းတွေပွင့်လာမယ်ဆိုရင် အဲဒီပန်းတွေဟာ အဝါရောင် dandelion တွေ ဖြစ်မယ် ပြတင်းတံခါးတစ်ခု ပွင့်သွားပြီး အဲဒီကနေ ခုန်ချထွက်ပြေးသွားမယ့် ကွင်းပြင်တစ်ခု ရှိမယ်ဆိုရင် အဲဒီကွင်းပြင်ဟာ ငါ့လက်ဖဝါးထဲမှာ လုံခြုံနေမယ့် မင်းရဲ့ လက်ချောင်းရှည်ရှည်လေးတွေ ဖြစ်မယ် ဒီလိုအရာရာတိုင်းကို ငါ့ပေါ်တစက်စက်ကျနေတဲ့ မိုးပေါက်တွေရဲ့ အိမ်အပြန်လမ်းဆီ ထည့်ပေးလိုက်ဖို့ ဒီလိုနေရာတိုင်းကို တစ္ဆေတစ်ကောင်လို ငါ့ကျောပိုးအိတ်ထဲ ထည့်ထားပြီး သေလွန်သူတွေရဲ့မြို့ကို သွားဖို့ လမ်းပေါ်လက်ပြ တားလိုက်တေ

စောင့်ဆိုင်းရခြင်းရဲ့ အချက်ပြမီးကျည်

မီးကျည်ကို အတောက်ပဆုံး မြင်နိုင်ဖို့ ညပင်လယ်ပြင်မှာ ငါတို့တစ်ဘဝလုံး ကုန်ဆုံးခဲ့တယ် ပြီးတော့ ရက်နောက်တစ်ရက်ကို အပိုင်းပိုင်းအပြတ်ပြတ် တွေ့နိုင်တဲ့နေရာအထိ ငါတို့ အမြဲပြန်လာတယ် မီးကျည်ဟာ ချစ်ရသူရဲ့ ဆံထိုးအသွယ်သွယ်ကို ကိုယ်မှာလွယ်ပြီး မြို့ရဲ့အထက်ကို ထိုးတက်သွားတယ် ငါတို့ရဲ့ခေါင်းတွေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတဲ့အချိန်ကို ငါတို့ကိုယ်တိုင် မျှော်လင့်နေခဲ့ရတဲ့အဖြစ် မီးကျည် အဝေးအရပ်ဆီ သယ်ဆောင်သွားတာ လူထုရဲ့ စောင့်ဆိုင်းလွန်စိတ်ဝေဒနာပဲ ဖြစ်တယ် ငါတို့ နားစိုက်ထောင်မှ ကြားရမဲ့ ဆွဲဆွဲငင်ငင်အူသံကို အနာဂတ်နိုင်ငံတော်သစ်လို့ ခေါ်တွင်တယ် မီးကျည်ရဲ့အတိတ်ကို ကာလတရားမဲ့ ကျောက်တုံးတစ်တုံးအဖြစ် သတ်မှတ်ပေးဖို့ ငါစဉ်းစားထားတယ် တိုက်ပွဲရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့ ဘယ်လောက်ဝေးဝေး ပြေးနိုင်လဲဆိုတာနဲ့ တိုင်းတာတယ် မိုးပေါက်တွေကျလာတော့ မီးကျည်တွေ အဆက်မပြတ်ပစ်ပြီး ညရဲ့ထုထည်ကို ငါတို့ ခုခံတိုက်ခိုက်တယ် အချိန်ချက်ကြိုးကို ရအောင်ဖြတ်ပြီး မြို့တံတိုင်းဘေးအထိရောက်အောင် ငါတို့သွားတယ် ညရဲ့အစုပြမှတ်ဉာဏ်ထဲမှာ ငါတို့ဟာ ဒီနေ့ပဲ မီးလောင်ပြင်ထဲ သေဆုံးတော့မဲ့ ရုပ်ကြွင်းစုတွေ ပြာကျသွားပြီးတဲ့ အချိန်မှာမှ ငါတို့တွေအ

အရှိတရားကမ်းပါးစွန်းများအတွက် အချစ်ကဗျာတစ်ပုဒ်

အရှိတရားကမ်းပါးစွန်းများ ညဟာ ခုခံသူမှန်သမျှကို အဆုံးစွန်ထိ ချေမှုန်းပစ်တယ် သွေးအတိပြီးတဲ့ ရန်ကုန်မြို့ကြီးကို နှင်းဆီတစ်ရှိုက်နဲ့ ရမ်တစ်ခွက်နဲ့ အသက်ဆက်ဖို့ ဝေးသူတို့ရဲ့ ပိန်းပိတ်အမှောင်ထုထဲမှာ တိတ်တဆိတ် ငါနေထိုင်နေပုံ နောက်ပြီး မနက်နေရောင်က မင်းမျက်ခွံတွေအပေါ် တအိအိ ထိုးစိုက်ဆင်းလာပုံ ဒီလိုတော်လှန်ရေးတိုင်းကို ချစ်ရသူရဲ့ ရင်သားတွေလို ငါပျော်ရွှင်ပါတယ် အကယ်၍ ငါတို့ပျောက်ဆုံးသွားမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာ ငါတို့ရဲ့ လူလုပ်မှတ်ဉာဏ်တွေကို ပြန်မတွေ့တွေ့အောင် ရှာပါ သောကြာညကောင်းကင်အပြည့် လိပ်ပြာအသေတွေချည်း ခင်းထားတဲ့ သဲကန္တာရပေါ် ငါ အရည်မရ အဖတ်မရ ဖြတ်လျှောက်တော့ နာရီလက်တံတွေဟာ သမိုင်းစက်ဝန်းပြောင်းပြန်အတိုင်း အရူးအမူး လည်ပတ်နေပြီး အမိုးပေါ် တဖျောက်ဖျောက်ကျလာတဲ့ မိုးနှင်းပေါက်တွေဟာ နယ်ဝေးခေါ်ဆိုမှုတစ်ခုကို ထပ်ခါတလဲလဲ ပြုလုပ်နေပြီး မနက် ၃ နာရီဆိုတဲ့အချိန်ဟာ ငါ့လက်ထဲကနေ လျှောတိုက်ဆင်းသွားပြီး မင်း မမက်ရသေးတဲ့ အိပ်မက်တွေဆီ အရောက်ချီတက် လာနေလေရဲ့ ဒီလိုပါ ဒီမနက် မိုးတွေကျလာပုံက စမ်းချောင်းညရဲ့ တက္ကစီတစ်စီးပေါ်က မွတ်သိပ်အနမ်းတွေ တဖြည်းဖြည်းနဲ့ တောက်ပလာခဲ့သလိုမ

နိုင်ငံတော်သစ်အတွက် သတင်းစကား

စက်ဘီးလမ်းကြောင်း ပေးထားတဲ့ အဝါရောင်မျဉ်းအတိုင်း လိုက်သွားမယ်ဆိုရင် မင်းအရင်ဆုံး မြင်ရမှာက မိုးထဲရေထဲမှာ အနက်ရောင် ထီးရှည်တစ်လက်ကို လက်ကကိုင်ထားတဲ့ မိုးရေစက်လက် ငါ့တိုင်းပြည် ဒီလို ငါ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပင်လယ်ပြင်မှာ ကုန်ဆုံးခဲ့ပြီး ငါ့အချစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဟင်းလင်းပြင်မှာ ပျောက်ဆုံးခဲ့ပြီး ယန်စီမြစ်ဆီက ဘာမှမရလို့ ကိုစုန်းရေးခဲ့သလို ငါ ဒီတိုင်းပြည်ဆီက ဘာမှမရခဲ့တဲ့အပြင် အေဂျီယန်ပင်လယ်ဆီက ဘာမှမရ မြောက်ပင်လယ်ဆီက ဘာမှမရ နောက်ဆုံး ငါ့ကို အိမ်အရပ်ဆီ ပြန်ပို့ပေးခဲ့တဲ့ မစ္စစ္စပီမြစ်ကြီးဆီကတောင်ငါ ဘာမှမရခဲ့ပေမယ့် အချိန်ကျပြီဆိုပြီး တော်လှန်ရေးပန်းခြံရှေ့မှာ တောက်ထုတ်လိုက်တဲ့ ငါ့ဆေးလိပ်တို အစီခံဟာ သုံးဆယ့်သုံးနှစ် ကြာပြီးမှ ကျည်ဆန်ခွံအဖြစ် ကျောက်မြောင်းလမ်းဆုံက မီးခိုးငွေ့တွေကြားထဲ ပြန်ပေါ်လာတယ် တစ်နေ့လုံးတစ်ညလုံးမအိပ်ပဲ သတင်းစကားတစ်ခုကို ငါတို့ ချစ်သူကိုပွေ့သလို သယ်ယူခဲ့ရ အဲဒီသတင်းစကားတစ်ခုကပဲ ငါတို့ဘဝတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတာ သစ်ဆွေးတစ်တုံးလို တမြေ့မြေ့ လောင်ကျွမ်းသွားစေတာ နွေဦးပန်းတွေ ပွင့်ဝေလာမယ့်အချိန်ကို ငါတို့အသက်တွေနဲ့ရင်းပြီး စောင့်မျှော်နေရတာ ပိုင်ဉာဏ် 5th J

တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင်

တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင် မင်းလုပ်ရမှာက ကိုယ့်နှုတ်ခမ်းကိုယ် သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ ဖိကိုက်ထားဖို့ပဲ မင်းချစ်သူကတော့ မင်းကိုပြောမှာပေါ့ လာပါအချစ်ရယ် ကိုယ်တို့ ဆူးလေလမ်းဆုံ လူကူးကုန်းကျော် လေးဖက်လေးတန်ရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်ထားပြီး စောက်ရူးထရအောင် ဆိုပြီးတော့ပေါ့ ညမီးကြီးအောက်မှာ သွေးနဲ့ ပြောင်လက်နေတဲ့ ကတ္တရာလမ်းမတွေ လှည်းတန်းရဲ့ လူအုပ်ကြီးက တက္ကသိုလ်ရိပ်သာလမ်းပေါ် လျှံကျပြီး ဘယ်ရီဂိတ်တွေကို ဖောက်ထွက်ဖို့ သူတို့ကိုယ်တွေနဲ့ တွန်းတိုက်ကြိုးစားနေကြတုန်းမှာ သံသရာဆိုတာ စောက်ရူးအသားကုန်ထခြင်းပဲလို့ ဘုရားက ငါ့ကို ကပ်တိုးလေး ဟောတော်မူတယ် မိုးခုနစ်ကြိမ်ကျ နွေရှစ်ကြိမ်တောက်ပြီးတဲ့ အခါမှာမှ ငါ့ရင်ဝကို ခြေစုံကန်သွားတဲ့ မိန်းမတွေ သူတို့စိတ်မပါပါပဲနဲ့ ကျွတ်တမ်းဝင်တော်မူတယ် တကယ်လို့များ ဒီညရဲ့ ရှည်ကြာချိန်က ဂင်္ဂါဝါဠု သဲစုမက ဖြစ်လာပြီဆို ဘိတ်မှာရှိတဲ့ ငါ့ကောင်တစ်ကောင်ဆီက ဘက်ဟိုးတစ်စီး ငှားပါ ညကို တစ်ကော်ချင်းစီ ကော်ပြီးတိုင်း အင်းလျားကန်ထဲ ပြည်လမ်းကန်ဘောင်ပေါ်ကနေ ပစ်ချပါ တစ်ရှူးစကို အနေတော်ဖြတ်ယူပြီးရင် သုံးခေါက်ခေါက်ပြီး ဘီယာခွက်အောက်ခ

အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတစ်ပုဒ်

ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်အတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး ငါတို့အားလုံးရဲ့ ကိုယ်ပိုင်အမှတ်တွေဆီ အရောက်မှာ မီးလင်းအိမ်တွေကို မှိတ်ချလိုက်ချိန်မှာ ဥသြသံသဲ့သဲ့ပဲ ကြားလိုက်ရတဲ့ သန်းခေါင်ယံ ရထားတစ်စင်းရဲ့ မီးခိုးတန်းတွေလို ငါတို့ ကွာဝေးခဲ့ ဘန်နာတလွင့်လွင့် ရက်တွေ ပြီးတော့ မီးခိုးတလွင့်လွင့် လတွေ နေလိုလလို တိမ်လိုမြူလို နှစ်များမှာ ငါတို့ရဲ့ခွာတွေကို ငါတို့ခြေကနေ ဖြုတ်ယူပြီး မြို့ရဲ့ ထုပ်တန်းပေါ် ဒီစောက်ကာလတရားနဲ့ အတူတူ တင်ထားလိုက်တယ် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ အသက်ကယ်လှေတစ်စင်းလို ငါတို့အားလုံး နှင်းဆီဖြူရဲ့ အဝေးကလူတွေချည်းပါပဲလေ အိမ်မရှိတဲ့ အရပ်မှာ မင်းရှိနေပေမယ့် သမိုင်းရဲ့ ရက်စက်တဲ့ တိုက်လေတွေကြား မင်းတအား ခိုက်ခိုက်တုန်နေတဲ့ အချိန်တိုင်းမှာ မြို့က တောနက်နက် တော

the light beyond / our shadows

- translated by Thiri Zune Butterflies. Early Summer. Spoken in a whisper but the shadows grew louder. I was in a downward spiral because of those straight eyelashes. I tried to forget about my loneliness when I saw your solitude. If I tell you that your sad-looking face looks so ethereal... Don’t deepen yourself like clouds. It’s not prerequisite for the bridge to be straight. Those eyes staring at the distance in this distorted world flung me out of space. I also can’t sleep at nights. In the sight of those eyes, my mind enduring everything all this time flows like a waterfall The flares I shot up wouldn’t be coming down until a few years later. The only sound of the violin plays heartachingly eloquent. There are only other doors behind the doors that have been pushed open. Going downwards, the clouds are... We no longer know the things we have known. Feeling like I’ve known this all my life although I’m sure I have just seen this for the first time. For the things I’ve been wild abo