Posts

Showing posts from December, 2015

လူလုပ်မှတ်ဉာဏ် - ၁၁ (Interlude)

မြေအောက်ခိုကျင်းထဲက ထွက်လာပြီးကတည်းက နေ့စဉ်လှုမှုဘဝဟာ အမြဲဆိုသလို မနေ့ကပဲ တဝေါဝေါအော်မြည်စီးဆင်းနေတဲ့ ရေတံခွန်က နောက်နေ့ ဗလာဟင်းလင်းဖြစ်သွားတာမျိုး အမြဲပြောင်းလဲနေတယ်ဆိုတဲ့ကမ္ဘာမှာ အနည်းဆုံးတော့ ခင်ဗျားသက်တမ်းတစ်လျှောက် တည်ရှိနေမယ်ယုံမှတ်ထားတဲ့ အကောင်အထည်တွေ ဥပမာ အငွေ့ လူအဖြစ်ရဲ့အပြစ်ဒဏ်ကို ကျွန်တော်တို့ခါးပတ်လည်မှာ ကျစ်ကျစ်ပါအောင်ပတ်ထားပြီး ဘယ်တော့ထပေါက်ကွဲမယ် မသိနိုင်တာမျိုး တစ်ချိန်တည်းမှာပဲ နောက်စကြဝဠာတစ်ခုမှာ ခင်ဗျားရဲ့လူမှုဘဝဟာ ကျွန်တော့်ရဲ့လူမှုဘဝဖြစ်နေနိုင်တာ လည်ပတ်နေတဲ့အမှုန်တစ်ခုကြောင့် သေနတ်မောင်းပြုတ်ပြီး ဦးခေါင်းခွံထဲ တိုးဝင်သွားတဲ့ကျည်ဆန်ကို နောက်ထပ်စကြဝဠာတစ်ခုမှာ ကျွန်တော်က သွေးရူးသွေးတန်း တော်လှန်ဖို့ ကြိုးစားနေတာမျိုး ခင်ဗျား ထောက်ခနဲမီးညှိလိုက်တဲ့ဆေးလိပ်ဟာ တစ်ခြားအကောင်အထည်တွေအတွက် တဖျစ်ဖျစ်မြည်ပြီး လောင်ကျွမ်းပျောက်ဆုံးသွားတဲ့ တွင်းနက် ကျွန်တော်ဟာ ပြာမှုန်တွေရဲ့ဖြစ်တည်မှုကို ယုံကြည်ပါတယ် ကျွန်တော်ဟာ ဘေးလွယ်အိတ်ထဲမှာ အချိန်ယန္တရားကိုထည့်ပြီး မြို့လည်ခေါင်မှာ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားပါတယ် အဲဒီအတွက်ပဲ သူတို့ရဲ့အရိပ်တွေက ပိုမိုနက်ရှိုင်းလာရ

[ Untitled ] - ဏေသစ်

[ Untitled ] ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက် တီဗွီရှေ့ထိုင်ခုံမှာ နောက် ခုနစ်နှစ် ထပ်ကြာသွားတယ်။ တံခါးကို ဆွဲစေ့ထားတဲ့ လက်ကို တစ်နေရာမှာ လက်အုပ်ချီလျက် အနေအထားအတိုင်း မြင်ဖူးတယ်ဆိုတာ ပြတ်နေတဲ့ လက်တွေကို ကြည့်ရင်း သေချာ မှတ်မိသွားတာပါပဲ။ လုံခြုံရေး ကင်မရာ အချင်းချင်း တစ်လှည့်စီ စစ်တုရင်ထိုးနေတဲ့ နေရောင်အောက်မှာ အသစ်အဆန်းဆိုတာ ယုံကြည်မှုပဲလို့ အရှေ့အလယ်ပိုင်းက လူတွေ ကြားအောင် ငါတို့ sound box တွေ တာဝန်မကျေခဲ့ဘူး။ ဒီဇာတ်ညွှန်းအတိုင်းဆို လူ ကနေ ပိုးဟပ်ကြီး ဖြစ်သွားရမယ့် နေရာဟာ စူပါမားကတ်ရဲ့ အဝတ်လဲခန်း တစ်ခုခုပဲ။ အိမ်သာနံရံက ဆေးကွာနေတဲ့ ဂရပ်ဖစ်တီတွေကို ကျောက်စာတွေလို ငါ တစ်လုံးချင်း အနက် လိုက်ဖွင့်တယ်။ ရေပိုက်ခေါင်းထဲမှာ သားစားငါးမန်းတွေ တဝုန်းဝုန်း ကူးခတ်နေတယ်။ လက်ရှိကမ္ဘာနဲ့ မလုံလောက်ရခြင်းဟာ ငါတို့အတွက် အမြဲတမ်း အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါ masochist တစ်ယောက် ယုံကြည်တဲ့ အနီးစပ်ဆုံး ကောင်းကင်ဘုံပဲ။ ပြီးတော့ မင်းတိ

(=_=)

ညက ဘယ်လိုည ငါမကြားနိုင်တဲ့ အမှောင်ထုထဲ နေ့နေ့ညည ငါအော်တယ် ။ ငါလွမ်းတယ် ။ အသံတိုင်းဟာ ခရီးတိုင်းမှာ ဖြန့်ကျက် ဘယ်လိုခရီးမျိုးနဲ့လှမ်းမှ မင်းဆီရောက်မလဲ ရေငုပ်သင်္ဘောတွေ နေတဲ့မြေ ငါ့ဝေးစိတ်ဟာ ငုပ်ငုပ်လျှိုးလျှိုး မင်းကြည့်ငေးနေတဲ့ ပြတင်းဘောင်က စိမ်းတယ် မင်းနာမည်ပေးထားတဲ့ ကိုင်းတပ်ခွက်က ကြမ်းပေါ်ကျကွဲတယ် ငါ ဘယ်လိုဟာသမျိုးကို ဆက်လက်ရယ်မောရမလဲ စိတ်လိုလက်ရရှိလာတိုင်း မင်းက အရှိတရားဆီက ထွက်ပြေးတယ် တစ်ယောက်ယောက်ဖြစ်ဖြစ် ငါ့ကို လေထုနဲ့လွတ်ကင်းရာကို လွှတ်တင်ပေးပါ နေ့လည်ခင်းက ပျော်ရွှင်ပြခဲ့သမျှ အခု စုပြုံထိခိုက်ရတာပဲ လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ငါထိုင်ကြည့်နေခဲ့ ။ လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ဂြိုဟ်ကမ္ဘာက ငါ့ဆီပြန်ပို့ပေးဖို့ ။ တေးသွားအဝါတွေလို မကြွေကျခဲ့ကြရအောင်ပါ အဲဒီလိုမျိုး မင်းမျက်ဝန်းတွေမှာ ငါမကြွေကျခဲ့ရအောင်ပါ တစ်ချို့ကမ္ဘာတွေရဲ့ ဆယ်သွယ်မှုတိုင်းက ငါ့ဆီဘယ်ရောက်လိမ့်မလဲ မင်းရဲ့ဘက်ခြမ်းမှာလည်း ညက ဘယ်လိုည     ပိုင်ဉာဏ်     30th November, 2015