Posts

Showing posts with the label Politics

ဘာကြောင့် စိတ်ကျန်းမာရေးက နိုင်ငံရေးပြဿနာတစ်ရပ်လဲ ဆိုတာ - Mark Fisher (16-Jul-2012)

Image
  “လူမှုဖူလုံရေးကြောင့် သတ်သေကြတယ်ဆိုတာ မရှိဘူး။ သတ်သေတယ်ဆိုတာ စိတ်ကျန်းမာရေး ပြဿနာ သက်သက်ပဲ။”  လေဘာပါတီ အရာရှိဟောင်း Luke Bozier ရဲ့ ဒီပြောစကားကိုကြည့်ပြီး Calum’s List ဆိုတဲ့ ဝက်ဘ်ဆိုက်ကို လက်ယာစွန်းတွေ ဘယ်လိုပုံစံ တုံ့ပြန်ကြတယ် ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ တည်ထောင်သူတွေရဲ့ အဆိုအရ Calum’s List ရဲ့ ရည်ရွယ်ချက်က “လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ခဲ့သော သေဆုံးမှုများကို မှတ်သားထားရန်နှင့် အဆိုပါ သေဆုံးမှုဖြစ်စဉ်များကို လျှော့ချနိုင်မည့် အားထုတ်မှုများကို လုပ်ဆောင်သွားရန်” လို့ ဖော်ပြထားပါတယ်။ Bozier ရဲ့ twitter comment တွေက တကယ်တော့ Spectator မှာ ရေးထားတဲ့ Isabel Hardman နဲ့ Telegraph မှာ ရေးထားတဲ့ Brendan O’Neill တို့ရဲ့ blogpost ‌တွေကို အခြေခံယူပြီး ပြောနေတာတွေပါပဲ။ Calum’s List ကို ဒီသုံးယောက် တုံ့ပြန်ထားတဲ့အထဲမှာ ကျိုးကြောင်းမညီညွတ်တဲ့ အငြင်းအဆိုတွေ အများကြီးကနေ Freud ရဲ့ ရေနွေးအိုးယုတ္တိ (ခင်ဗျားရေနွေးအိုး ကျနော်မငှားသွားဘူး၊ ကျနော် ငှားသွားတုန်းကတည်းက ရေနွေးအိုးက ကွဲနေတာ၊ ကျနော်ပြန်ပေးတော့ ရေနွေးအိုးက ဘာမှဖြစ်မနေဘူး) အ‌ငွေ့အသက်တွေ နည်းနည်းလေးမကဘူး ...