Posts

Showing posts from October, 2019

Kuro ဖတ်ဖို့ရေးတဲ့စာ

နေဟာ ငါ့ရှေ့တည့်တည့်မှာ ဝင်သွားခဲ့ပြီ။ လေက ငါ့စိတ်တွေ အဝေးကြီးကို လွင့်ပါသွားအောင် တိုက်ပစ်လိုက်တယ်။ တကယ်ဆို သံလိုက်အိမ်မြောင်က အိမ်အရပ်ကိုပဲ ညွှန်ပြနေဖို့သင့်တာ။ အကွာတွေ အဝေးတွေ တစစ်စစ် နာကျင်ကိုက်ခဲ့နေရတဲ့ ချစ်ခြင်းမေတ္တာထုထည်တွေ။ ငါ့ရွေးချယ်မှုတိုင်းဟာ တစ်ဘဝလုံး မှားယွင်းခဲ့ပါတယ်။ နောက်ပိုင်းရက်စွဲတွေ နောက်ဆုံးနေ့ရက်တွေနဲ့ နံရံအောက်ကို စီးကျလာတဲ့ ငါ့နောင်တတွေ။ အမှောင်ထုက ကျယ်ပြန့်သိပ်သည်းလွန်းတော့ ငါ့မှတ်ဉာဏ်ထဲမှာ မင်းပုံရိပ်တွေကို ပြန်မြင်လိုက်တိုင်း ကျလွင့်လာတဲ့ အလင်းမှုန်စလေးတွေနဲ့ပဲ ခုခံနေရ။ နေရာတိုင်းက အလင်းတွေထက် မင်းဆီက အလင်းကိုပဲ ပိုပြီးလိုတာ။ အခု ငါ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တော့ မိုးစိုနေမှာစိုးလို့ ဆိုင်ထဲကစောင့်နော် ဆိုတဲ့ ဖုန်းစာတိုတစ်စောင်ရယ် နင်ဝတ်လာတဲ့ လင်းနို့လူသားတံဆိပ်ပါတဲ့ အင်္ကျီပွပွရယ်က ခုန်ဝင်လာတယ်။ နောက်နေ့တွေမှာ ငါ မိုးရေတွေထဲ လျှောက်သွားမိနေခဲ့သတဲ့။ အခုနေ့တွေမှာလည်း ငါ လွမ်းဆွတ်မိုးတိမ်တွေဆီ ဆက်သွယ်နေမိခဲ့။ ကမ္ဘာရဲ့ ကျယ်ပြန့်နိုင်စွမ်းက နင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တိုင်း ငါမြင်နေရတဲ့ ပါးချိုင့်ခွက်လေးလောက် မလှပဘူး ဘေဘီ။ အရာရာဟာ တအားနောက