လူလုပ်မှတ်ဉာဏ် - ၅

      လူလုပ်မှတ်ဉာဏ် - ၅

ဗီဇစိတ်ထဲ text တစ်ခု ခုန်...ခုန်ဝင်လာ
ကြယ်တွေရွေ့နေတာလား ကမ္ဘာရွေ့နေတာလား
ဒီအတောအတွင်း ဂရုစိုက်ခဲ့တာတွေအတွက်ဆိုပြီး
ဗီဇစိတ်က text ကို လက်ခံလိုက်တယ်
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆီရောက်မလားဆိုပြီး
ကြယ်တွေရွေ့နေတယ် ကမ္ဘာရွေ့နေတယ် တစ်ခုပဲရွေ့တယ် နှစ်ခုလုံးရွေ့တယ်
သို့လော ။ သို့လော ။
ငါတို့မှာ ကံကြမ္မာမရှိခဲ့ဘူး // ငါတို့ဘက်မှာ ကံကြမ္မာ မရှိဘူး
အမှတ်(၂) ယန္တရားတပ်မဟာ အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ
ဆက်သွယ်မှုကွန်ရက်ထဲက အညိုရောင်မီးလေးတစ်လုံးကို
၂၄ နာရီခြားတစ်ခါ ထုတ်...ထုတ်ကြည့်ဖြစ်တာကလွဲလို့
အရေခွံဖြစ်တည်မှုဟာ ကျန်းမာရေးကောင်းကောင်းမွန်မွန်ပဲ
အိန်ဂျယ်က သံတမန်ဆန်ဆန် ငြင်းဆန်တတ်လာတယ်
ပစ်လွှတ်ထားတဲ့ လျှပ်စီးကြောင်းတွေကြား
ငရဲက သူ့ရဲ့ဂိတ်ပေါက်တွေကို ဖွင့်ပေးလိုက်တယ်
ငါက အလင်းတွေသယ်ယူလာပြီး မင်းရဲ့မနက်ဖြန်ကို တောက်ပပေးပါ့မယ်
OH - O

text က အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ
ကိုယ့်မှာတော့ မှတ်ဉာဏ်တွေကို ခေါက်သိမ်းထားလိုက်မိတော့မလို့
ဒါမှမဟုတ် လေထုထဲ ပစ်လွှတ်မိလိုက်တော့မလို့

       ပိုင်ဉာဏ်
       25th February, 2013



Man-made Memory - 5

A text has leaped into the gene
Are stars moving? Or is the Earth?
Just for the sake of kindness all this while
With the hope of leading to reconciliation
Stars are moving The Earth is moving either one or both
In vacillation
Fate didn’t exist for us // Fate doesn’t favor to us
The 2nd Armored Division has driven in with soaring speed
Except the face that a brown light from
the social network got being checked
upon . . once 24 hours
Jusk-skin-existence is still in the pink of health
Angel comes to know of saying No in diplomatic way
Hell opened its gates
I’m gonna gather all the light and shine on your tomorrow
OH – O

Text drove in with the high speed
I was about to fold my memory to keep it safe
or toss it into the atmosphere

25th February, 2013

-Translated by Sis Phyu Hnin Phway

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်