cliff/hanger


ရေပြင်ပေါ် ထိုးထွက်နေတဲ့ ဆိပ်ခံဗောတံတားအစွန်းမှာ
လက်လှုပ်ခြေလှုပ် ကနေတဲ့ လူတစ်ယောက်
ရုတ်တရက်ဆိုသလို ရေထဲခုန်ဆင်းသွားတဲ့ မြင်ကွင်း
အဝေးကြည့်မှန်ဘီလူးကိုချပြီး ငါအော်ဟစ်ရယ်မောမိ
အသေအချာ စိုက်နားထောင်ကြည့်မှ
မြစ်ပြင်ရဲ့ အူသံက ညရောင်အောက်မှာ တိုးတိတ်လှပတယ်
သင်္ဘောဦးချွန်က ထိုးခွဲသွားတဲ့ လိပ်ပြာတောင်ပံရေမွှားများရဲ့*
မြူထုဟာ ထူလွန်းတော့ ငါ့လက်တစ်ကမ်းမှာ အသက်ဓာတ်ကို ဖက်တွယ်
ငုံ့ကြည့်လိုက်ရင် ချောက်နက်ကမ်းပါး အောက်ခြေမှာ
ကျောက်သားကျောက်ဆောင်ထက်ထက်တွေ
မော့ကြည့်လိုက်ရင် ငါ့အပေါ် ခုပဲ ပြိုကျတော့မလို လိမ္မော်ရောင်တိမ်အုပ်တွေ
မီးသင်္ဘောတွေ စောင့်ဆိုင်းနေတဲ့ အရှေ့လေတွေ ရုတ်ချည်း တိုက်ခတ်လာတော့
အရာရာကို မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်လိုက်ပြီးတော့
အဲ့ဒီအရာရာတွေကပဲ ဆေးလိပ်မီးပွားတွေအဖြစ်နဲ့ ပြန်ကျလာကြ
အေဂျီယန်ပင်လယ်အ‌ောကာင်း ငါ ဘာလို့တွေးနေမိလဲ မသိဘူး
နောက်တော့ အေဂျီယန်ထဲခုန်ဆင်းသွားတဲ့ ငါ့ကို
ရဟတ်ယာဉ်ကနေ ကြိုးချပြီး ကြိုးပေးလိုက်ကြတယ်

      ပိုင်ဉာဏ်
      14th October, 2020

* #flux - တေဇာ (လရောင်လမ်း)



Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်