confetti


လေမတိုက်ဘူး
ပြတင်းပေါက်တွေက တအားကြီး မှောင်သွားတယ်
စောက်ပြဿနာပဲ လေက ဘယ်မှာလဲ
ငါ့ကျောပိုးအိတ်ထဲက အိုဟားရားရဲ့
နေ့လည်စာကဗျာများ စာအုပ်က ဘယ်မှာလဲ
ငါသိတာက အချစ်ဟာ မသွားပါနဲ့လို့ တားနေတဲ့ကြားက
တိမ်အတုတွေထဲ ပျံတက်ထွက်ခွာသွားတဲ့ လေယာဉ်တစ်စင်းပဲ
ငါ ခံစားရတာက အချစ်ဟာ သောကြာညတွေမှာ
ငါ့အရိပ်ငါ ပြန်ရှို့နေမိတဲ့ မီးတောက်ပြာလဲ့ပဲ
လက်လွှတ်လိုက်ပါတယ်ဆိုတော့ စိတ်ကျ လွတ်ပြေး
ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ
အဝေးဆိပ်ကမ်းတွေဆီက ထွက်ခွာရာတိုင်းမှာ
ငါမသိနိုင် မထိနိုင် မကြားနိုင်တဲ့ pixel များ ကန်ရေပြင်များရဲ့
ငြီးငွေ့မှုပမာဏကို ငါ့ အမေရိကာနိုခွက် အေးသွားတဲ့အထိ
နားထောင်ရင်း စောက်ရမ်းတုန်လှုပ်ခဲ့ရတာပဲ
ဘာမှ မရှိတော့တဲ့ညနက်တွေမှာ Radiohead ရဲ့ Creep နဲ့ပဲ
ငါပြိုကျပျောက်ဆုံးခဲ့ရတာပဲ သွေးအေးသွားမှ ဒါဟာ
ခြောက်ခြားဖွယ်ရာ ဝမ်းနည်းမှုကြီးမှန်း I wish I was special
မပြောဖြစ်ခဲ့လို့ ပျောက်ဆုံးသွားတဲ့ စကားလုံးတွေကို
ပြန်ရှာဖွေတော့မှပဲ ငါဟာ အခွံသက်သက်
အကောင်အထည်တစ်ခုအဖြစ်ပဲ ကျန်နေခဲ့တော့မှန်း
ဒီလိုအဖြစ်မျိုးဟာ မြို့စောင့်လိပ်ပြာတွေအတွက်တော့
လေထဲကွဲလွင့်လာတဲ့ ရောင်စုံစက္ကူစတွေ သာသာလောက်ပါပဲပေါ့

     ပိုင်ဉာဏ်
     18th February, 2020

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)