Vanguard


ပုဂ္ဂလသစ်စေ့တွေရဲ့သံလိုက်အိမ်မြှောင်
တမျှော်တခေါ် နေကြာပန်းခင်းများ
ကားလမ်းနံဘေးက မြေနီထု
စစ်သားရဲ့ ညစ်ထေးထေးကုတ်အင်္ကျီ
ဗုံးရာတွေနဲ့ လေယာဉ်ပြေးလမ်းဟောင်း
ကျည်ဆန်ပေါက်တွေအပြည့် လော်ရီကားကြီး
နှစ်နှစ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ
အနှစ်နှစ်ဆယ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ

အရာရာကို တစတစ ဆုံးရှုံးလိုက်ရပြီး 
အနှစ်ငါးဆယ်လုံး ထပ်ကျော့လည်ပတ်သံသရာ
ငရဲခွေးနက်တွေလက်ထဲက မီးခိုးလုံးနက်နက်တွေထဲ
သေစရာလူမကုန်မချင်း အသက်ရှူကြပ်နေတဲ့ တိုင်းပြည်
ခပ်ဝေးဝေးက လှမ်းကြည့်သနားခံနေရတဲ့ ငါ့တိုင်းပြည်

အာ များလိုက်တဲ့ စောက်စကားတွေ
လို့ ရေရွတ်နေတုန်း
ဝိုင်ဖိုင်ပြတ်တောက်သွားတာနဲ့
ငါတို့ရဲ့ မဟာမိတ်ကျီးကန်းတွေဟာ 
ပစ်မှတ်အသီးသီးဆီ ထိုးစိုက်ဆင်းချပြီး
ပစ်မှတ်အသီးသီးဟာ ငါတို့ရဲ့
မဟာမိတ်ကျီးကန်းတွေဆီ ဦးတည်ပျံတက်ပြီး
တော်လှန်ရေးကို စစ်ရုံးချုပ်ဆီ သင့်ရာနည်းနဲ့ပို့
တော်လှန်ရေးကို ဗမာ့အသံဆီ သင့်ရာနည်းနဲ့ပို့
တော်လှန်ရေးကို ငါတို့ဖင်ထဲအထိ သင့်ရာနည်းနဲ့ပို့

     ပိုင်ဉာဏ်
     20th July, 2021

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ