ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ*

ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေဆိုတဲ့ အဓိပ္ပာယ်ကို
တွေးနေတုန်းမှာပဲ ကုန်ခဲ့တဲ့နှစ်တွေတုန်းက ကြည့်ခဲ့ဖူးတဲ့
Solanin ဆိုတဲ့ live action ရုပ်ရှင်ကို သွားသတိရတယ်
သေလွန်သူတွေရဲ့ မှတ်ဉာဏ်နဲ့ အိပ်မက်တွေကို
ရှင်ကျန်သူတွေက ဆက်လက်သယ်ဆောင်ကြတဲ့ အကြောင်းပေါ့
ငါတို့ခေတ်ဆိုးကြီးရဲ့ တော်လှန်ရေးအတွင်းမှာလည်း
ကွေကွင်းရခြင်းပေါင်းစုံကို မရေမတွက်နိုင်အောင်
ကြုံတွေ့ခဲ့ရပြီး ကြုံတွေ့နေရဆဲ တစ်ချိန်တည်းမှာပဲ
သေလွန်သူတွေရဲ့ မှတ်ဉာဏ်တွေကို
လမိုက်ညအောက်က မီးတုတ်တစ်ခုလို
ငါတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရလိမ့်မယ်
သူတို့ရဲ့ မှတ်ဉာဏ်တွေက အဝေးကမ်းခြေက မီးပြတိုက်လို
ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့
ငါတို့ကို အိမ်အရပ်ဆီ လမ်းပြခေါ်ဆောင်နေမှာ
သူတို့ရဲ့ အိပ်မက်တွေက ဗိုက်ကင်းတွေရဲ့ ကျောပေါ်က ဒိုင်းတွေလို
ငါတို့ကို အမေ့အိမ်ပြန်မရောက်မချင်း အန္တရာယ်တွေကနေ ကာကွယ်နေမှာ

နှစ်ကာလတွေက အဲဒီလို လောင်ကျွမ်းနေပါတယ်


ပိုင်ဉာဏ်
3rd November, 2021


* ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့်

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)