Posts

Showing posts from October, 2015

(untitled)

ရက်စွဲတွေဟာ suicidal tendency ကို ဖုံးအုပ်ထုပ်ပိုးထားတယ် ။ ငါ့ဘေးကဒဏ်ရာဟာ ငါ့ရှေ့က တစ်ရွက်ချင်းကြွေကျနေတဲ့ လေထဲပစ်မြှောက်ပြီးမှ ပြန်ဖမ်းရတဲ့ မပျော်ရွှင်မှုနဲ့ သူတို့ရဲ့ အထိမ်းအမှတ်ကိုးကွယ်မှု ။ ငါ့စိတ်ထဲမြင်လာရတဲ့ နှစ်စက္ကန့်တာမှာ ရထားဟာ အခွံပဲကျန်တယ် ။ အရင်ဘဝနဲ့ အခုဘဝကြားက space time continuum တမ်းတမ်းတတ ငါ များ ။ ငါ့ချစ်မြတ်မှုများ ။ ဖုန်းခေါ်ဆိုမှုတိုင်းမှာ ကျလွတ်ခဲ့ရတဲ့ ငါ တွေ ရှိခဲ့တယ် ။ အဆုံးစီရင်မှုတစ်ခုစီတိုင်းက သစ်လွင်တယ် ။ တိုက်ခန်းနံရံမှာ သူ့ကိုရည်ညွှန်းတဲ့သတင်းစကားကို ဖတ်ပြီးပြီးချင်း လေယာဉ်ပေါ် ပြေးတက်သွားတယ် ။ အရင်နှစ်ကာလပေါင်းများစွာ သူ့လေဆိပ်ဆီ အဖြူအမည်းနဲ့ ပြန်လည်ဆိုက်ရောက်လာတယ် ။ အရာရာကို သေခြင်းတရားရဲ့လက်တံတွေလို့ ယူဆတယ် ။ ရုတ်ချည်းဆိုသလို ကားတွေပြေးဝင်လာပြီး သူဟာ အဝေးပြေးလမ်းမကြီးတစ်ခုရဲ့အလယ်မှာ ရပ်နေတယ် ။ ကြောက်လန့်တကြား အော်ဟစ်တယ် ။ အသံလာရာအတိုင်း ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေဟာ သစ်စေ့တွေဖြစ်သွားပြီး မျက်ခွံအောက်မှာ သစ်တောအုပ်ကြီးပေါ်လာတယ် ။ အလင်းရောင်ကို ကျော်ပြေးတယ် ။ လွင်ပြင်ရောက်တော့ မောကြီးပန်းကြီးနဲ့ fox hole တူးတယ် ။ တစ်ကိုယ်စာလုံသွားတော့ သူ့ဆီ