(untitled)

ရက်စွဲတွေဟာ suicidal tendency ကို ဖုံးအုပ်ထုပ်ပိုးထားတယ် ။ ငါ့ဘေးကဒဏ်ရာဟာ
ငါ့ရှေ့က တစ်ရွက်ချင်းကြွေကျနေတဲ့ လေထဲပစ်မြှောက်ပြီးမှ ပြန်ဖမ်းရတဲ့

မပျော်ရွှင်မှုနဲ့ သူတို့ရဲ့ အထိမ်းအမှတ်ကိုးကွယ်မှု ။
ငါ့စိတ်ထဲမြင်လာရတဲ့ နှစ်စက္ကန့်တာမှာ ရထားဟာ အခွံပဲကျန်တယ် ။

အရင်ဘဝနဲ့ အခုဘဝကြားက space time continuum
တမ်းတမ်းတတ ငါ များ ။ ငါ့ချစ်မြတ်မှုများ ။

ဖုန်းခေါ်ဆိုမှုတိုင်းမှာ ကျလွတ်ခဲ့ရတဲ့ ငါ တွေ ရှိခဲ့တယ် ။ အဆုံးစီရင်မှုတစ်ခုစီတိုင်းက သစ်လွင်တယ် ။
တိုက်ခန်းနံရံမှာ သူ့ကိုရည်ညွှန်းတဲ့သတင်းစကားကို ဖတ်ပြီးပြီးချင်း လေယာဉ်ပေါ် ပြေးတက်သွားတယ် ။
အရင်နှစ်ကာလပေါင်းများစွာ သူ့လေဆိပ်ဆီ အဖြူအမည်းနဲ့ ပြန်လည်ဆိုက်ရောက်လာတယ် ။
အရာရာကို သေခြင်းတရားရဲ့လက်တံတွေလို့ ယူဆတယ် ။ ရုတ်ချည်းဆိုသလို ကားတွေပြေးဝင်လာပြီး
သူဟာ အဝေးပြေးလမ်းမကြီးတစ်ခုရဲ့အလယ်မှာ ရပ်နေတယ် ။ ကြောက်လန့်တကြား အော်ဟစ်တယ် ။
အသံလာရာအတိုင်း ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေဟာ သစ်စေ့တွေဖြစ်သွားပြီး မျက်ခွံအောက်မှာ
သစ်တောအုပ်ကြီးပေါ်လာတယ် ။ အလင်းရောင်ကို ကျော်ပြေးတယ် ။ လွင်ပြင်ရောက်တော့ မောကြီးပန်းကြီးနဲ့
fox hole တူးတယ် ။ တစ်ကိုယ်စာလုံသွားတော့ သူ့ဆီ ကုလားအုတ်တစ်ကောင် အလည်လာတယ် ။
အိမ်ကိုဘယ်လောက်လွမ်းနေပါပြီဆိုတဲ့အကြောင်း သဲပေါ်မှာစာရေးပြီး ကောင်မလေးဆီပို့တယ် ။
နောက်ထပ်နေ့တွေကို ကတ်ထူပုံးအလွတ်ထဲ မပြောမဆိုကျုံးထည့်လိုက်ပြီး
အပေါ်ကနေ ငုံ့မိုးကြည့်ပစ်လိုက်တယ် ။


    ပိုင်ဉာဏ်
    27th October, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်