(=_=)

ညက ဘယ်လိုည
ငါမကြားနိုင်တဲ့ အမှောင်ထုထဲ
နေ့နေ့ညည
ငါအော်တယ် ။ ငါလွမ်းတယ် ။
အသံတိုင်းဟာ ခရီးတိုင်းမှာ ဖြန့်ကျက်
ဘယ်လိုခရီးမျိုးနဲ့လှမ်းမှ မင်းဆီရောက်မလဲ
ရေငုပ်သင်္ဘောတွေ နေတဲ့မြေ
ငါ့ဝေးစိတ်ဟာ ငုပ်ငုပ်လျှိုးလျှိုး
မင်းကြည့်ငေးနေတဲ့ ပြတင်းဘောင်က စိမ်းတယ်
မင်းနာမည်ပေးထားတဲ့ ကိုင်းတပ်ခွက်က ကြမ်းပေါ်ကျကွဲတယ်
ငါ ဘယ်လိုဟာသမျိုးကို ဆက်လက်ရယ်မောရမလဲ
စိတ်လိုလက်ရရှိလာတိုင်း မင်းက အရှိတရားဆီက ထွက်ပြေးတယ်
တစ်ယောက်ယောက်ဖြစ်ဖြစ် ငါ့ကို လေထုနဲ့လွတ်ကင်းရာကို လွှတ်တင်ပေးပါ
နေ့လည်ခင်းက ပျော်ရွှင်ပြခဲ့သမျှ အခု စုပြုံထိခိုက်ရတာပဲ
လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ငါထိုင်ကြည့်နေခဲ့ ။
လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ဂြိုဟ်ကမ္ဘာက ငါ့ဆီပြန်ပို့ပေးဖို့ ။
တေးသွားအဝါတွေလို မကြွေကျခဲ့ကြရအောင်ပါ
အဲဒီလိုမျိုး မင်းမျက်ဝန်းတွေမှာ ငါမကြွေကျခဲ့ရအောင်ပါ
တစ်ချို့ကမ္ဘာတွေရဲ့ ဆယ်သွယ်မှုတိုင်းက ငါ့ဆီဘယ်ရောက်လိမ့်မလဲ
မင်းရဲ့ဘက်ခြမ်းမှာလည်း ညက ဘယ်လိုည

    ပိုင်ဉာဏ်
    30th November, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်