Posts

Showing posts from 2017

တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်

အမိုးပေါ် မိုးသံတွေ ကြားတော့ ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား ငါမသိနိုင်ညတွေ တဖျောက်ဖျောက် လမ်းမများ အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့ အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ် ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ် စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ လေဟာ တိုးတိတ်တယ်  လှပတယ် မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့ မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ် ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ ညနက်နက်တွေတိုင်းမှာ အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ ။     ။        ပိုင်ဉာဏ်        16th April, 2017

ကုန်းတွင်းပိုင်း FM

မှန်ထဲငါကြည့်တော့ college essays စာအုပ်ကို ကြောင်က တစ်ရွက်စီ ပြန့်ကြဲဆုတ်ဖြဲထားတယ် ငါ့စားပွဲတင်မီးအလင်းက ဖတ်လက်စစာလုံးတွေကို ပိုမှုန်ဝါးစေတယ် မူလတန်းတစ်ယောက်လို ငါတစ်လုံးစီ ပေါင်းဖတ်တယ် On the road ကိုဖတ်ဖို့ ညနက်၃နာရီအထိ ငါအချိန်ယူခဲ့တယ် ခဲတံချွန်စက်ပေါ်က ငှက်မျက်နှာဟာ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတယ် ငါ တုန်လှုပ်လာတယ် ငါသွေးပျက်လာတယ် အား လို့ စာလုံးပေါင်းပြီး ငါအကျယ်ကြီးအော်တယ် မှန်ကိုပြန်ကြည့်တော့ ပြဒါးမရှိတော့ဘူး ဒီစာကြောင်းကိုရေးဖို့ ငှက်မျက်နှာကိုကိုင်ပြီး ငါခဲတံချွန်တယ် ငါထပ်သွေးပျက်တယ် ဟိုးအဝေးက ဥသြသံကြားတာ ဆေးရုံကားဖြစ်ပါစေ ငါမျှော်လင့်တယ် LED မီးလုံးတစ်လုံးချင်းစီရဲ့ အလင်းမှုန်တစ်စစီအောက်မှာ ငါတစ်ခုကို တစ်စက္ကန့်တိတိစီ တွေဝေတယ် ငါ့အသံဟာ ဒီအခန်းအပြင်ဘက်မှာ မတည်ရှိတော့သလို ခံစားရတယ် ညကောင်းကင်မှာ လေထီးတပ်သားတွေ ခုန်ဆင်းလာတာ ငါမြင်တယ် ဘေးအိမ်ခေါင်မိုးပေါ်ကျလာတဲ့ တစ်ယောက်မျက်နှာကို ငါသေချာကြည့်တော့ ဓာတ်ငွေ့ကာမျက်နှာဖုံးအမည်းအောက်မှာ နှုတ်သီးချွန်ချွန်ကို တွေ့တယ် စားပွဲပေါ်က ချွန်စက်မှာ ငှက်မျက်နှာမရှိတော့တာ ငါသတိထားမိ ငါထပ်ခြောက်ချားတယ် လုံခြုံရေးကင်မရာသာ