ကုန်းတွင်းပိုင်း FM

မှန်ထဲငါကြည့်တော့ college essays စာအုပ်ကို
ကြောင်က တစ်ရွက်စီ ပြန့်ကြဲဆုတ်ဖြဲထားတယ်
ငါ့စားပွဲတင်မီးအလင်းက ဖတ်လက်စစာလုံးတွေကို ပိုမှုန်ဝါးစေတယ်
မူလတန်းတစ်ယောက်လို ငါတစ်လုံးစီ ပေါင်းဖတ်တယ်
On the road ကိုဖတ်ဖို့ ညနက်၃နာရီအထိ ငါအချိန်ယူခဲ့တယ်
ခဲတံချွန်စက်ပေါ်က ငှက်မျက်နှာဟာ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတယ်
ငါ တုန်လှုပ်လာတယ် ငါသွေးပျက်လာတယ်
အား လို့ စာလုံးပေါင်းပြီး ငါအကျယ်ကြီးအော်တယ်
မှန်ကိုပြန်ကြည့်တော့ ပြဒါးမရှိတော့ဘူး
ဒီစာကြောင်းကိုရေးဖို့ ငှက်မျက်နှာကိုကိုင်ပြီး ငါခဲတံချွန်တယ်
ငါထပ်သွေးပျက်တယ်
ဟိုးအဝေးက ဥသြသံကြားတာ ဆေးရုံကားဖြစ်ပါစေ ငါမျှော်လင့်တယ်
LED မီးလုံးတစ်လုံးချင်းစီရဲ့ အလင်းမှုန်တစ်စစီအောက်မှာ
ငါတစ်ခုကို တစ်စက္ကန့်တိတိစီ တွေဝေတယ်
ငါ့အသံဟာ ဒီအခန်းအပြင်ဘက်မှာ မတည်ရှိတော့သလို ခံစားရတယ်
ညကောင်းကင်မှာ လေထီးတပ်သားတွေ ခုန်ဆင်းလာတာ ငါမြင်တယ်
ဘေးအိမ်ခေါင်မိုးပေါ်ကျလာတဲ့ တစ်ယောက်မျက်နှာကို ငါသေချာကြည့်တော့
ဓာတ်ငွေ့ကာမျက်နှာဖုံးအမည်းအောက်မှာ နှုတ်သီးချွန်ချွန်ကို တွေ့တယ်
စားပွဲပေါ်က ချွန်စက်မှာ ငှက်မျက်နှာမရှိတော့တာ ငါသတိထားမိ
ငါထပ်ခြောက်ချားတယ်
လုံခြုံရေးကင်မရာသာ တပ်ထားရင်
ငါဖြစ်နေပုံတွေ မင်းကို မြင်စေချင်တယ်
သတိရခြင်းများစွာဖြင့်

မှ/


       ပိုင်ဉာဏ်
       15th February, 2017

Comments

Popular posts from this blog

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

[ Untitled ] - ဏေသစ်