တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်



အမိုးပေါ် မိုးသံတွေ ကြားတော့
ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား
ငါမသိနိုင်ညတွေ
တဖျောက်ဖျောက် လမ်းမများ
အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ
ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့
အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ်
ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ်
စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ
လေဟာ တိုးတိတ်တယ်  လှပတယ်
မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့
မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ်
ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ
ညနက်နက်တွေတိုင်းမှာ
အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ
။     ။

       ပိုင်ဉာဏ်
       16th April, 2017

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)