untitled
တစ်ဘဝလုံးရူးခဲ့ရသမျှအော်သံတွေက ကျောက်ဆောင်တွေဆီကပြန်ကန်ထွက်လာတယ် ငါ့မှာ လက်သည်းတွေမရှိဘူး လက်တွေက ကျောက်သားအပြည့် ဖြစ်ခဲ့ရသမျှအဖြစ်တွေက လူသားကိုရည်ညွှန်းပြီး လူသားရဲ့ ဘေးဆိုးကပ်ဆိုးကိုမေ့ဖျောက်ချင်စိတ်က သတ်ချင်တာ တစ်ပိုင်းကိုသေနေတာ တောင်တန်းကို အလည်အပတ်သွားရန် မီးရထားသံတညံညံ ဖြစ်မြောက်ခြင်းက မျက်မြင်ထင်ရှား ငါ မင်းဆီ ဖုန်းမခေါ်တော့ဘူး လေတွေကိုစုပြီး လေသင်္ဘောကြီးစီးနိုင်မှတော့ ဒုန်းပြေးသွားတဲ့မြင်းတွေရဲ့ လည်ဆံတဖွားဖွားလွင့်ကျန်ခဲ့တဲ့နောက် ချောက်ကမ်းအစွန်းမှာ တိကနဲတန့်သွားတော့ ကမ္ဘာတစ်ဖက်ခြမ်းက မြက်ရိုင်းလွင်ပြင်ကျယ်ကြီးတစ်ခုမှာ စိတ်ဒဏ်ရာနဲ့ လူသားဆန်မှုမှာ စိတ်ဒဏ်ရာအထပ်ထပ်နဲ့ အတောင်ပံနှစ်ထပ်နဲ့လေယာဉ် တိမ်အုပ်ထဲဝင်သွားတာ ဘယ်တော့မှပြန်မလာတော့ဘူး တစ်လျှောက်လုံးလျှောက်ခဲ့တော့ သမိုင်းဟာထင်ယောင်ထင်မှားဖြစ်မှုထဲ အတုတစ်ခုလိုလည်ပတ်တယ် သမိုင်းဘီးကို လူသားနွံထဲမှာဆယ်ကြည့် ရကြည့် အဓိပ္ပာယ်ဖော်ကြည့် နောက်ဆုံးအကြည့်ကိုကျ ဝတ်ရုံရှည်တစ်ခုက ထုတ်လွှတ်တယ် ဖမ်းယူရရှိတယ် ငါ့ဘေးမှာ တစ်စုံတစ်ယောက်ကို လိုအပ်နေတဲ့အခါမှာ အဲဒီတစ်စုံတစ်ယောက်ဟာ ယေဘုယျရည်ညွှန်းချက်မဟုတ်မှန်း ၊ တစ်ယောက်ကိုတစ်ယောက် ပစ်လိုက်ကြပြီး...