--..

ဒီလိုအင်္ဂါနေ့မျိုးမှာ မင်း ဘယ်လိုနေလဲ
အပြင်မှာလေတွေတအားတိုက်နေတယ်
မျက်နှာကြက်ကမီးလုံး မှိတ်ချည်လင်းချည်ဖြစ်နေတယ်
တံခါးချပ် ကျွီခနဲပွင့်သွားတယ်
လေစီးကြောင်းက ငါ့အဇ္ဈတ္တကို ဆောင့်တိုက်သွားတယ်
အပြင်မှာမိုးတွေတအားရွာနေတယ်
တစ်ခန်းလုံးမှောင်ကျသွားတယ်
ကြောင်က ငါ့စာအုပ်တွေပေါ်ပြေးတက်သွားတယ်
ငါ မင်းကိုပဲ စဉ်းစားနေခဲ့တာ
သတိရစရာမရှိဖူးတဲ့အကြောင်း သတိရနေခဲ့တာ
ငါ့နားကြပ်ထဲမှာ ဂစ်တာသံကဲတဲ့ ငါနားမလည်တဲ့ J-Rock တွေ
ငါ့သိစိတ်ထဲမှာ ပျံစရာအတောင်ပံတွေလိုချင်တဲ့ ချာတိတ်မလေးတစ်ယောက်
ဒီလိုနေ့မျိုးမှာ မင်းဘယ်လိုနေမလဲ

အပြင်မှာ
လေတွေတအားတိုက်နေတယ်

အပြင်မှာ
မိုးတွေတအားရွာနေတယ်


       ပိုင်ဉာဏ်
       8th July, 2014

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)