Posts

မြစ်ကြောင်းပြ

မြစ်တွေက တောင်တန်းတွေရဲ့ သတင်းစကားကို ငါတို့ဆီ သယ်ယူလာတယ်   နိုင်ငံတော်ရဲ့ လှံစွပ်ထိပ်မှာ ငါတို့ဘဝတွေဟာ အဆုံးမဲ့ အစမဲ့   ငါတို့အသက်တွေဟာ အဖိုးမဲ့ အခမဲ့ လမ်းကြုံသူရဲကောင်းရှိရင်   ဧကရာဇ်ဆီ ငါ လူကြုံမှာလိုက်ချင်တယ် အရှိန်မတင်ခင် နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်လိုက်မိတော့မှ   ကတ္တရာလမ်းဟာ ငါ့ငယ်ဘဝရဲ့ လိမ္မော်ရောင်ပြာမှုန်စတွေကို တလျှောက်လုံး   သယ်ဆောင်လာခဲ့မှန်း သိရတော့တယ် ဒီလိုနဲ့   သူ့ကိုယ်တလျှောက် မိုးပေါက်တွေ တဖောက်ဖောက် ကျလာတယ်   မြစ်ရေတွေ ငါတို့ရဲ့အတိတ်သမိုင်းအပေါ် တရိပ်ရိပ်   လျှံကျလွှမ်းမိုးသွားတယ် ဒီလိုမျိုး ငါ အဓိပ္ပာယ်မဲ့မှုတွေကိုမှ   အငမ်းမရ ရှာဖွေနေခဲ့တယ် ငါရှာတွေ့တယ် ပြီးတော့   သူတို့အဓိပ္ပာယ်ရှိသွားလို့ ငါ အာခေါင်ထဲ လက်ထိုး အန်ထုတ်ခဲ့ရတယ်   မြစ်တွေက ငါတို့ရဲ့ ဦးနှောက်အပိုင်းအစတွေကို   အနီရဲရဲ နံရံတစ်ချပ်ဆီ နုန်းတင်မြေနုလို ပို့ချသွားတယ်   ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မောင်းတင် ချိန်ရွယ်နေတဲ့   အာဏာပါးကွက်သားတပ်စု ငါတို့ဟာ နန်းရင်ပြင်နဲ့   အဝေးဆုံးတောင်...

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

နေရောင်အောက်က မြားတွေ စက္ကူမြို့ဆီရောက်ဖို့ လိုအပ်မယ့် ခရီးအကွာအဝေး အတိုင်းအဆကို   ကိုယ်မခန့်မှန်းတတ်ဘူး   အချိန်ကာလရဲ့ တဖြောင့်တည်း စီးဆင်းနိုင်စွမ်းနဲ့   တစ်ချိန်တည်းမှာ အဆက်မပြတ် လည်ပတ်နိုင်စွမ်းကို   ကိုယ်နားမလည်ဘူး   ကိုယ်တို့ကြားထဲမှာ မြင့်မားမတ်စောက်နေခဲ့တဲ့ တောင်တန်းတွေရဲ့   အမည်နာမနဲ့ ဘာသာဗေဒကိုလည်း ကိုယ်မသိခဲ့ဘူး   ကိုယ်သိတာက   ကိုယ်ပေးပို့လိုက်ပေမယ့် မင်းဆီမရောက်ခဲ့တဲ့ နှင်းဆီအနီတွေဟာ   နှင်းမှုန်အဖြူတွေအဖြစ်နဲ့ ကိုယ်တို့မြို့ရဲ့ အပူပြင်းဆုံး နွေရာသီဆီကိုမှ   ဆိုက်ဆိုက်မြိက်မြိုက် ပြန်လည်ကျဆင်းလာတာ   ကိုယ်သဘောပေါက်လာတာက   မင်းကြုံတွေ့ခဲ့ရသမျှ အဖြစ်သနစ်တွေဟာ ကိုယ့်ခြေထောက်တွေကို ဆွဲစုပ်ယူထားတဲ့ အမြစ်နက်နက်တွေ ဖြစ်နေတာ   ကိုယ်မျှော်လင့်မထားဆုံး အချိန်မှာမှ   ဟော့ဘ်စ်ရဲ့ တောကြီးမျက်မည်းတွေဆီကနေ   မင်းပြန်လာတာ   ပြန်လာနိုင်ခဲ့တာ   ပြီးတော့ ကိုယ့်ကို ဝုန်းဆို ပြေးဖက်ခဲ့တာ   မင်းလက်သွယ်လျတွေနဲ့ ကိုယ့်ဆံပင်တွေကို ကိုင်တွယ်ခဲ့တာ ကိုယ် ဇင်ဆရာတော်တစ်ပါးလို အလေးအနက် ...