အလုံပိတ်ဥမင်တစ်လျှောက် တစ်ညလုံးပြေးနေ
သံဇကာကွက်ကို လွန်းပျံပုံပေါ်အောင် ယှက်ဖောက်ထားတဲ့ အမျှင်တွေကြား လျှပ်တိုက်လျှောက်သွားတဲ့ စကားသံတွေကို ဖမ်းဆုပ်ယူနိုင်စွမ်း လဝန်းရဲ့အချင်းဟာ သစ်ကိုင်းခက်တွေရဲ့အနားကို တိတိရိရိ ပိုင်းထားတယ်။ အချိန်တစ်ခုရောက်တဲ့အထိ စိမ်းလန်းမလို့ဆို အမှောင်ထုကို ငှက်နက်တွေရဲ့ တောင်ပံနဲ့ ဖြည်းဖြည်းချင်း ခြစ်ထုတ်ပါးလျမခံရခင်အထိ တိမ်ထူတွေက စက်တင်ဘာထဲ ဝင်သွားပြီး အနောက်လေတွေက စက်တင်ဘာထဲက ပြန်ထွက်လာတာ။ အဲဒီလိုနဲ့ ပြီးဆုံးပျောက်ကွယ်သွားရခြင်းတွေရဲ့ နောက်တစ်ဖန် လျှို့ဝှက်သိမ်မွေ့မှုက ကျကျနနလှည့်စားပြန်ဦးမှာ။ လူရဲ့မှော်အတတ်ဟာ လူကို ကျော်လွန်သွားခဲ့တယ်။ ဆောင်းဦးရာသီ ကုန်သွားတဲ့အထိ လမ်းတွေက ကောက်ကွေ့နေ။ အစွန်းရောက်မျှော်လင့်ခြင်းအတတ်နဲ့ ဆွဲစုပ်ယူသွားခံရမယ့် လိပ်ပြာရောင်စုံတွေလည်း တဖျတ်ဖျတ်ပျံသန်းလို့ လည်ပတ်မှုက အရှေ့ဖြစ်ပြီး ရွေ့လျားမှုက နောက်ကို ဖြစ်နေတဲ့ကာလ ငါ့ရဲ့ဓါးရှည်တစ်လက်လိုမင်းရဲ့ကန္တာရ ငါတိုက်ပွဲဝင်ပါတယ်။ သံသရာအချင်းချင်းထိခတ်သွားတဲ့ လမ်းမှာ ပန်းတွေပွင့်ကိန်းလည်းရှိတယ်။ ငါ့ ကရကဋ်သံသရာက ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ရိုးသားမှုကို ယုံပါ။ စိတ်မှန်းနဲ့ ခြယ်ထားတဲ့ဆေးရောင်တွေထဲက ညတစ်ညရဲ့အမျှင်တွေက တ...