လက်ရက်လွယ်အိတ်

ငါ့လွယ်အိတ်ကြီးထဲ နင့်တစ်ကိုယ်ရည်မီးတောက် ထည့်သိမ်းထားလို့ဆန့်တယ်
အဖြစ်တစ်ခုမှာ ငါက တစ်နေရာမှာပဲ ရှိနေတာ
ငါ့ဝန်းကျင်က လူတွေ လမ်းတွေ တိုက်တာတွေ ယာဉ်တွေ အရမ်းအမြန်ကြီး ဖြတ်ပျံသွား
လွယ်အိတ်ကြီးထဲမှာ သိမ်းထားပါတယ်
ခုထိရှိသေးတယ် နင့်စံတော်ချိန်မှာ မိုးရွာတယ် ဆိုတဲ့ / စိုတဲ့စာသား
ဟိုးအဝေးမိုင်တွေဆီ စိတ်တွေမလွှင့်ဖူးဘူး
တစ်ကိုယ်သုံးကွန်ပျူတာထဲက ငါ့အတိတ်က လက်ရှိငါ ပြန်ပြန်ဖြစ်နေတာမျိုး
စာသားတွေက အတိတ်ဖြစ်သွားပြီး သတိရခြင်းက လက်ရှိအချိန်ဆီ
ပြန်ရောက်လာတာမျိုး
ငါ့လွယ်အိတ်ကြီး ကျကွဲဖူးပါတယ်
နင်က ကိုယ်ယောင်ဖျောက်ထားတယ်
သိစိတ်နဲ့ပေါင်းလိုက်တော့ သတိရခြင်းက ငါ့ကို ပိုလောင်တယ်
 
    ပိုင်ဉာဏ်
    2nd September 2013

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)