Adroit Flames to my heaven / ငါ့နိဗ္ဗာန်အတွက် စံနှုန်းပြည့်မီးတောက်တွေ

    Adroit Flames to my heaven

Honestly, you will see for sure.
I just don't feel comfortable with some happy folk.
The void still remains in my ego and steadily eats me alive.
Since then,
I have never survived from my own collapsing world.
The darkness is burning me bright in your woods.
Pardon, but I don't know you anymore.
The wall is currently blurring my poor line of sight.
I was blocked exclusively for nearly a century.
You don't scare the shit out of me.
The pool had been killed and resurrected like three times already.
I just don't mess with me and I just dived into my abyss.
FYI, I does not equal to I.
They are trying to stab me but I am only trying to terminate their existences.
Beyond gold, the fire catches and never comes to an end.
I'm running in your tunnel and I don't even try to get out of here.
People arm themselves with fangs and smiles.
My being here and being now is so vulnerable and I like this shit.
I don't mean any disrespect. This is where the trick was revealed.
This is where life comes and goes so abruptly.
This is where I do harakiri in my own plane.
   
    Paing Nyan
    26th April, 2014


 
    ငါ့နိဗ္ဗာန်အတွက် စံနှုန်းပြည့်မီးတောက်တွေ

မင်းတကယ်မြင်ရပါလိမ့်မယ်။
ပျော်ရွှင်နေတဲ့လူအုပ်ကြီးနဲ့ ငါ သိပ်သဟဇာတ မဖြစ်တာမျိုး
ငါ့အတ္တအတွင်းသားထဲမှာ လစ်ဟာနယ်တစ်ခုဖြစ်နေပြီး
အဲဒီဟင်းလင်းပြင်ကပဲ ငါ့ကို တစတစ လွှမ်းမိုးတိုက်စားသွား
အဲဒီကတည်းက ပြိုကျနေတဲ့ငါ့ရဲ့ကမ္ဘာထဲမှာ ငါဘယ်တော့မှ မလွတ်မြောက်တော့
အမှောင်တရားက ငါ့ကို မင်းရဲ့တောအုပ်ထဲမှာ လင်းလင်းပပ ထွန်းညှိနေခဲ့တာ
ငါမင်းကို လုံးဝကြီးမသိတော့တာ
နံရံက ငါ့မြင်နိုင်စွမ်းခပ်ပါးပါးကို လတ်တလော မှုန်ပစ်လိုက်တယ်။
ငါဟာ ရာစုတစ်စုနီးပါး အထီးတည်း ပိတ်ဆို့ခံထားရ
မင်း ငါ့ကို ကြောက်လန့်အောင် မခြောက်လှန့်နိုင်ခဲ့ဘူး
ရေကန်ဟာ သုံးကြိမ်လောက် သတ်ဖြတ်ခံရ၊ ပြီး ရှင်ပြန်ထမြောက်ရတယ်။
ငါ့ကို ငါသွားမရှုပ်ဘူး ပြီးတော့ ငါ့တွင်းနက်ထဲ ငါဒိုင်ဗင်ပစ်ချတယ်
ငါဟာ ငါနဲ့မတူဘူးဆိုတာ သိထားဖို့
သူတို့က ငါ့ကို ဓားနဲ့ထိုးဖို့ကြိုးစားတယ်
ဒါပေမယ့် ငါက သူတို့ရဲ့ဖြစ်တည်မှုကို ရပ်စဲပစ်ဖို့ ကြိုးစားရုံလေး
ရွှေရောင်အလွန်မှာ မီးစွဲလောင်တယ်။ ဘယ်တော့မှာ မငြိမ်းဘူး။
ငါ မင်းရဲ့ဥမင်ထဲမှာ တောက်လျှောက်ပြေးနေတာ
ပြန်ထွက်ဖို့တောင် မကြိုးစားမိ
လူတွေက အစွယ်တွေနဲ့ အပြုံးတွေကို လက်နက်လိုတပ်ဆင်ထားကြတယ်။
ငါ့ရဲ့ ဒီနေရာမှာတည်ရှိမှုနဲ့ ဒီအချိန်မှာတည်ရှိမှုက သိပ်ကိုထိခိုက်လွယ်တယ်။
ငါကလည်း ဒါမျိုးပဲခိုက်တယ်ဆိုတော့။
မလေးမစားလုပ်တာတော့ မဟုတ်ရ။ ဒီနေရာမှာပဲ လှည့်စားမှုကို ဖွင့်ဟဖော်ပြခဲ့တယ်။
ဒီနေရာမှာပဲ အသက်ဓာတ်ဟာ ရုတ်ချည်းရောက်လာပြီး ဗြုန်းဒိုင်းပြန်လိမ့်သွားတာမျိုး။
ဒီနေရာမှာပဲ ငါ့ကိုယ်ငါ ဟာရာကိရိ လုပ်တယ် ငါ့ကိုယ်ပိုင်ပြင်ညီမှာ။
 
    ပိုင်ဉာဏ်
    27th April, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်