Five O'Clock On My Deathbed
နေချင်သလိုနေတယ်ဆိုတာ စောက်စကားအဖြစ်ပဲရှိတာ ရေခဲမုန့်တွေဆီ ငါသွားတယ် ဘယ်မှာလဲ ငါကြားချင်တဲ့ ပေါက်ကွဲလွယ်ဒရမ်သံတွေ မျက်ခုံးနှစ်ခုကို လက်ညှိုးလက်မနဲ့ အသာအယာနှိပ်ပြီးနောက်မှာ ရောက်လာတဲ့တစ္ဆေဟာ ဘယ်လိုမျိုးလဲ ငါ့အသက်ဆယ့်ငါးနှစ်တုန်းက သူငယ်ချင်းတွေနဲ့ ငါ့အသက်နှစ်ဆယ့်နှစ်ရောက်တော့ သူငယ်ချင်းတွေ တူနေသေးတာ လေယာဉ်တစ်စီးတည်းမှာ လေထီးအပေါက်ကိုယ်စီနဲ့ သမုဒ္ဒရာထဲပျက်ကျသွားတာ ငါတို့အံ့သြတကြီးဖြစ်ခဲ့ရတဲ့ မှော်ပညာ မင်းတို့ဘယ်လိုမှ မထင်ထားတဲ့ ဟိုးအဝေးတစ်နေရာမှာ ငါ့အသက်ကို သဘာဝတရားက ဖယောင်းတစ်တိုင်လို မှုတ်ငြိမ်းလိုက်မယ်ဆိုပါတော့ ငါငယ်ငယ်တုန်းကဘဝဟာ ဘယ်လိုမျိုးလဲ တစ်နေ့ပြီးတစ်နေ့ လည်ပတ်နေရပေမယ့် ဘယ်ခရီးမှ မရောက်ခဲ့တဲ့ဘီး ရေတွင်းနက်နက်ထဲက ဘယ်သူမှ ဖောက်ထွင်းမမြင်နိုင်တဲ့ အမှောင်ထုလို လူပေါင်းတစ်သိန်းကို ဆွဲချသွားတဲ့ စတုတ္ထမြောက်လှိုင်းလို မင်းရဲ့ အပြစ်ရှိတဲ့ခံစားချက်ကို မြိုသိပ်ဖုံးကွယ်ပြီး လူမမြင်နိုင်တဲ့ မျက်နှာဖုံးတပ်ဘဝလို စောက်တံခါးတွေပိတ်တယ် စောက်တံခါးတွေဖွင့်တယ် ငါ့ကိုယ်ငါထက် မင်းကိုယ်မင်းက ပိုအရေးကြီးတယ် စဉ်းစားပါ ရော့ ဒီမှာ မင်းအတွက်ငါ့ရဲ့မုဒြာ နောက်ထပ်တစ်ရက်ရက်မှာ ငါတို့ဆက်တွေးကြဦးမယ် ဒါပေမယ့် နတ်ဘ...