here's 2 nvr breakin' down

ဘယ်တော့မှမချိုးဖျက်တော့မယ့်အကြောင်း
ငါ့ငယ်ဘဝဟာ အစိမ်းရောင်ရက်စွဲတွေနဲ့
လရောင်ဆိုနာတာနဲ့ တံတိုင်းတွေပြိုကျသွားတာ
လက်ကျန်သူပုန်စိတ်နဲ့
rocking chair ကိုယ်စီနဲ့
အဆုတ်ထဲရှိုက်သွင်းလိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေနဲ့
မနက် ၂ နာရီကျော်တဲ့အထိ ငါ့နောက်ကလိုက်နေတဲ့ zombie တွေနဲ့
လက်ကျန်လူငယ်ဘဝဟာလည်း ဘာမဆိုဖြစ်နိုင်သေးတယ်မလား

    ပိုင်ဉာဏ်
    7th September, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်