ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း

ဝမ်းနည်းထိတ်လန့်စရာ အမှန်တရား ရောက်မလာခင်မှာပဲ
ဘွတ်ဖိနပ်ကြိုးချည်နေတဲ့ အမှန်တရားဟာ လောကတစ်ခုလုံးစာအတွက် - hak
ကြိုးပြတ်ကျသွားတယ် ။ လေဟုန်စီးဖို့ လွတ်လပ်ခွင့်ရသွားတဲ့ စွန်
ကြိုးတွေကို ချည်ထားတာမှမဟုတ်ပဲ
အရိပ်တွေက ချည်နှောင်ထား
လမ်းတွေရွေ့နေတယ် လူထုကိုရွှေ့ ။ စိတ်တိုင်းကျ
အသေအချာနားထောင်မိရင် ချောင်ပိတ်ခံရတဲ့ ခံစားမှုတွေ ထပ်ရဦးမယ်
အဲဒီနှစ်ရဲ့ အဲဒီနွေကျောင်းပိတ်ရက် ။ Walking Disaster* သီချင်းစာသားတွေကို
မကြားချင်ယောင်ဆောင်ထားတယ် ။ ကမ္ဘာက ဘာမှမဖြစ်ခဲ့တဲ့ ပုံမျိုး စောက်တလွဲ
လူတစ်ယောက်ကို အရမ်းကျေးဇူးတင်ဖို့ ကောင်းခဲ့သင့်တာ / လက်ဖဝါးပေါ်မှာ
ဘာရှိလဲ လက်ဖမိုးပေါ်မှာ stay away from the text
ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမှာ
ငါ့လက်ကို ဆုပ်ကိုင်ထား လွှတ်မချပစ်လိုက်နဲ့ ဆုဖလားဘယ်လောက်
သိမ်းပိုက်ခဲ့တဲ့ နယ်နိမိတ်အကျယ်အဝန်း စတုရန်းကီလိုမီတာဘယ်လောက်
သမိုင်းတင်မခံရတဲ့ ခုနှစ်သက္ကရာဇ်ဘယ်လောက် ဖလက်ရှ်
အထိတ်တလန့်ဖြစ်စဉ်တွေပဲ သမိုင်းစဉ်တစ်လျှောက်ဟာ ငါ့နံရိုးကိုဆုပ်ကိုင်ထား
ဟွန်းမြည်တယ် ကျောင်းကားတတိတိရပ်သွားတယ် ကားတံခါး ဝေါဆို ပွင့်လာတယ်
ဇာတ်လိုက်ချာတိတ် လေးတိလေးကန် တက်သွားတယ်
။ ။


       ပိုင်ဉာဏ်
       26th May, 2013





“The End” on the screen


Just before the arrival of terrifying and mournful truth
Truth, which was tying the walking shoe laces shout for the whole world – hak
Strings got broken down. The kite which got the freedom to fly away with the wind
It’s not that strings are being tied.
They are attached by the shadows.
Paths are moving. Move the people. As you wish
If you happen to listen carefully, once more, you’ll get the emotions that are being pushed into the corner.
Summer vacation of that year. Lyrics of Walking Disaster*
are being ignored. The world looks like nothing has happened. What the hell!
I should have been grateful to someone / on the palm
What’s there on the other side of the palm? stay away from the text
Only one out of us will have a chance to be alive.
Hold my hands tight. Don’t let them off. How much of trophy?
How many square kilometers of confiscated area of lands?
How many years and centuries of past which are not in the history? Flash!
Petrifying incidents. Olden times have grabbed my rib bone.
It’s honking. School bus has suddenly arrived. Bus doors are opened heartily.
The starring chap got into the bus sluggishly.


26th May, 2013



*The Song "Walking Disaster" by SUM 41

~ Translated by Sis Phyu Hnin Phway ~

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်